(Unicode)

ယခုအချိန် Covid အရေးကြောင့် ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲမဖြစ်စေဖို့ လှူဒါန်းသူတွေ ရှိလာပါတယ်

ဒီအထဲမှာမှ တကယ့်ကို လှူချက်က အံ့မခန်းလို့ဆိုရလောက်တဲ့ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုတွေကို ပရိသတ်ကြီးတို့သိအောင်ပြန်လည်မျှဝေလိုက်ပါတယ်…အံ့သြစရာကောင်းအောင် လှူတာပါ…




ကမ္ဘောဇဘဏ်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်း(၁၅)ခုမှ အခြေခံပြည်သူများကိုပေးဝေလှူဒါန်းနိုင်ရန်အတွက် ငွေကျပ်သိန်း(၆၀၀၀) ကျော်တန်ဖိုးရှိ

ဆန်အိတ်ပေါင်း (၂၁,၀၀၀) ကို COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ဧပြီလ ၁၃ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်အိတ်ပေါင်း (၂၁၀၀၀) ကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အခြေခံပြည်သူများထံသို့ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက

ဧပြီလ ၁၃ ရက်နေ့မတိုင်မီကတည်းက ပေးပို့လှူဒါန်းလျက်ရှိပါသည်။



ကမ္ဘောဇဘဏ်၊ KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့်Air KBZ တို့သည် COVID0-19 ကာကွယ်၊ထိန်းချုပ်၊

ကုသရေးအတွက် ငွေကျပ် ၃၁, ၂၁၄ သိန်း (ကျပ်သိန်းပေါင်း သုံးသောင်းတစ်ထောင်နှစ်ရာတစ်ဆယ့်လေးသိန်း) ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊

လိုအပ်သည့် နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင်လှူဒါန်းသွားရန်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

Writer ; Kwee (Jeeptoolay)

Source ; KBZ Bank

(Zawgyi)
















Source ; KBZ Bank

Post a Comment

Previous Post Next Post