မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး ရက္ခိုင်စစ်တပ် (အေအေ) နှင့် ဆက်နွယ်နေသူ ဆိုသည့် ၆ ဦး အမှုကို ယခုလ ၁၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း စွပ်စွဲခံ ထားရသူ တဦးဖက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးမျိုးမင်းဇော်က ဧရာဝတီကို ပြောသည်။


ရှေ့နေ ဦးမျိုးမင်းဇော်က “သူတို့ကိုစွဲချက်အမိန့်ချဖို့အတွက် တာဝန်ရှိတဲ့တရားသူကြီးက အပြောင်း အရွေ့ဖြစ်တယ်။ အဲဒါကြောင့် အသစ်ရောက်မဲ့တရားသူကြီးကို မလာသေးတဲ့အတွက် ဒီနေ့ရုံးချိန်းကို ရက်ရွေ့လိုက်တာဖြစ်ပါတယ်” ဟု မေလ ၅ ရက်နေ့က ရုံးချိန်းရွေ့လိုက်ရသည့် အပေါ် ရှင်းပြသည်။

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သော အဆိုပါ ၆ ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။



ထိုအမှုနှင့်ပတ်သတ်၍ အောက်တိုဘာ ၈ ရက်မှ စတင်ကာ မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ရုံးချိန်း ၁၈ ခုရှိပြီးဖြစ်ပြီး တရားလိုပြသက်သေအားလုံး စစ်ဆေးပြီး စွဲချက် အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေသည့်အခြေအနေ ဖြစ်သည်။


၂၀၁၉ ခုနှစ် စက်တင်ဘာက ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်မှ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်၊ စက္ကူညို ၁ ထုပ်၊ ယမ်းဖြူဟု ယူဆရသော ဆာလာအိတ် ၅ အိတ်၊ ဂြိုဟ်တုဖုန်းအသစ် အလုံး ၄၀၊ ရုရှားထုတ်မှန်ပြောင်း ၃၀ ခု တို့ကို (အေအေ) လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃ ဦးနှင့်အတူ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


အဆိုပါ ဖမ်းဆီးမိသူများထဲတွင် (အေအေ) တပ်ဖွဲ့ဝင် ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင် တို့ဖြစ်ကြောင်း တခြားသောသူများမှာ ကျောက် အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော်၊ ဦးဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း သိရသည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) သည် ပုဒ်မ ၃၉ ပုဒ်မခွဲ(ဂ)ပါ အကြမ်းဖက်ဗုံးခွဲတိုက်ခိက်မှု ကျုးလွန်ရန် (သို့မဟုတ်) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကျုးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်း၊ ဗုံး (သို့) လက်နက်ကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု (သို့) လက်ဝယ် ထားရှိပါက အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ဆယ်နှစ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

အလားတူ ဥပဒေပုဒ်မ ၅၂ (က) အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ခုနှစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

ဧရာဝတီ

(Zawgyi)

မႏၲေလးတြင္ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ၿပီး ရကၡိဳင္စစ္တပ္ (ေအေအ) ႏွင့္ ဆက္ႏြယ္ေနသူ ဆိုသည့္ ၆ ဦး အမႈကို ယခုလ ၁၈ ရက္ေန႔တြင္ အမိန႔္ခ်မည္ျဖစ္ေၾကာင္း စြပ္စြဲခံ ထားရသူ တဦးဖက္မွ လိုက္ပါေဆာင္႐ြက္ ေပးေနေသာ တရားလႊတ္ေတာ္ ေရွ႕ေန ဦးမ်ိဳးမင္းေဇာ္က ဧရာဝတီကို ေျပာသည္။


ေရွ႕ေန ဦးမ်ိဳးမင္းေဇာ္က “သူတို႔ကိုစြဲခ်က္အမိန႔္ခ်ဖို႔အတြက္ တာဝန္ရွိတဲ့တရားသူႀကီးက အေျပာင္း အေ႐ြ႕ျဖစ္တယ္။ အဲဒါေၾကာင့္ အသစ္ေရာက္မဲ့တရားသူႀကီးကို မလာေသးတဲ့အတြက္ ဒီေန႔႐ုံးခ်ိန္းကို ရက္ေ႐ြ႕လိုက္တာျဖစ္ပါတယ္” ဟု ေမလ ၅ ရက္ေန႔က ႐ုံးခ်ိန္းေ႐ြ႕လိုက္ရသည့္ အေပၚ ရွင္းျပသည္။


မႏၲေလးခ႐ိုင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္း ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးခဲ့ေသာ အဆိုပါ ၆ ဦးအား အၾကမ္းဖက္မႈတိုက္ဖ်က္ ေရးဥပေဒပုဒ္မ ၅၁ (ဂ)၊ ၅၂ (က) တို႔ျဖင့္ တရားစြဲဆိုထားၿပီး လက္ရွိတြင္ မႏၲေလးအိုးဘိုအက်ဥ္းေထာင္၌ ဖမ္းဆီးထိန္းသိမ္းထားသည္ဟု သိရသည္။


ထိုအမႈႏွင့္ပတ္သတ္၍ ေအာက္တိုဘာ ၈ ရက္မွ စတင္ကာ မႏၲေလးခ႐ိုင္တရား႐ုံးတြင္ ႐ုံးထုတ္ စစ္ေဆးခဲ့ၿပီး ယေန႔အထိ စုစုေပါင္း ႐ုံးခ်ိန္း ၁၈ ခုရွိၿပီးျဖစ္ၿပီး တရားလိုျပသက္ေသအားလုံး စစ္ေဆးၿပီး စြဲခ်က္ အမိန႔္ခ်မွတ္ရန္ ေစာင့္ဆိုင္းေနသည့္အေျခအေန ျဖစ္သည္။


၂၀၁၉ ခုႏွစ္ စက္တင္ဘာက ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္ ၅ ရပ္ကြက္ရွိ ေနအိမ္မွ ယမ္းတုံးဟု ယူဆရေသာ အထုပ္ ၂၈ ထုပ္၊ ဒီတိုနီတာ ၁၀၀ ထုပ္ပါ ၁၀ ခု၊ ဖေယာင္းေခ်ာင္း ၃၅ ေခ်ာင္း၊ စကၠဴျဖဴ ၁၅ လိပ္၊ စကၠဴညိဳ ၁ ထုပ္၊ ယမ္းျဖဴဟု ယူဆရေသာ ဆာလာအိတ္ ၅ အိတ္၊ ၿဂိဳဟ္တုဖုန္းအသစ္ အလုံး ၄၀၊ ႐ုရွားထုတ္မွန္ေျပာင္း ၃၀ ခု တို႔ကို (ေအေအ) လက္နက္ကိုင္တပ္ဖြဲ႕ဝင္ ၃ ဦးႏွင့္အတူ ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။


အဆိုပါ ဖမ္းဆီးမိသူမ်ားထဲတြင္ (ေအေအ) တပ္ဖြဲ႕ဝင္ ဒုအရာခံဗိုလ္ ေအာင္လင္းထက္ (ခ) လင္းထက္ (ခ) ေက်ာ္သူရ၊ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း၊ ဒုတပ္ၾကပ္ ျမတ္ခိုင္ တို႔ျဖစ္ေၾကာင္း တျခားေသာသူမ်ားမွာ ေက်ာက္ အေရာင္းအဝယ္ လုပ္ကိုင္သည့္ မိုးေက်ာ္ (ခ) ဦးမိုးေက်ာ္၊ ဦးဝင္းသိန္း၊ ကားဂိတ္မွ ဂိတ္မႉး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး တို႔ျဖစ္ေၾကာင္း သိရသည္။


အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၁ (ဂ) သည္ ပုဒ္မ ၃၉ ပုဒ္မခြဲ(ဂ)ပါ အၾကမ္းဖက္ဗုံးခြဲတိုက္ခိက္မႈ က်ဳးလြန္ရန္ (သို႔မဟုတ္) အၾကမ္းဖက္ဗုံးခြဲတိုက္ခိုက္မႈက်ဳးလြန္ရာတြင္ အားေပးကူညီရန္ ေပါက္ကြဲေစတတ္ ေသာ ဝတၳဳပစၥည္း၊ ဗုံး (သို႔) လက္နက္ကို ထုတ္လုပ္မႈ၊ ျဖန႔္ျဖဴးမႈ၊ ေရာင္းခ်မႈ၊ ေပးကမ္းမႈ (သို႔) လက္ဝယ္ ထားရွိပါက အနည္းဆုံး ေထာင္ဒဏ္ ငါးႏွစ္မွ ဆယ္ႏွစ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပဌာန္းထားသည္။

အလားတူ ဥပေဒပုဒ္မ ၅၂ (က) အရ ျပစ္မႈထင္ရွားပါက အနည္းဆုံး ေထာင္ဒဏ္ ၃ ႏွစ္မွ အမ်ားဆုံး ေထာင္ဒဏ္ ခုႏွစ္ႏွစ္အထိ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ဥပေဒတြင္ ျပဌာန္းထားသည္။

ဧရာ၀တီ

Post a Comment

Previous Post Next Post