(Unicode)

တရားခံ၏သမီးဖြစ်သူထံမှ အာမခံရရှိရေးအတွက် ငွေကျပ် ၁၀ သိန်းတောင်းခံခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှ စခန်းမှူး (ယခု ဟိုပန်းမြို့နယ်ရဲတပ်ဖွဲ့မှူး) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ယနေ့ မေ ၂၇ က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်ပြီး အာမခံရရှိရန် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မစခန်းမှူးတို့ကို ကျပ် (၁၀) သိန်းပေးခဲ့ရခြင်းနှင့်ပတ်သက်၍ တိုင်ကြားစာအရ ကော်မရှင်မှ စုံးစမ်းစစ်ဆေးခဲ့ရာတွင် လှိုင်းမြို့မစခန်းမှူး (ယခု ဟိုပန်းမြို့နယ်ရဲတပ်ဖွဲ့မှူး) ဒုရဲမှူးသိန်းဆွေမြင့်သည် ၂၀၁၈ မတ် ၅ ရက္က တရားခံ၏သမီးဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်း ကို တရားသူကြီးအားပေးရန်ဟုဆိုကာ လာဘ်ငွေကိုလက်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ငွေကျပ် ၁၀ သိန်းလာဘ်ယူခဲ့သည့် စခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်( ယာယီရဲမွူး) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ္မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့မ ရဲစခန်းတွင် မေ ၂၅ ရက္က  ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆိုအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက္စားမွု တိုက်ဖျက်ရေးကော်မရှင် မှသိရသည်။

News Watch

(Zawgyi)




News Watch

Post a Comment

Previous Post Next Post