(Unicode)

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ လူနာ ဟာလည်း ချင်းပြည်နယ်ကဖြစ်ပြီး တီးတိန်က ၅ ယောက်၊ ဟားခါးက ၁ ယောက် ရှိခဲ့ပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက် အရ မနေ့မနက်ပိုင်း အထိ ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုသခံနေတဲ့ ကိုဗစ်-၁၉ လူနာ ၄ ယောက် ရှိပါတယ်။ မလေးရှားနိုင်ငံ မှာ အကြောင်း အမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံ သား ၃၉၁ ယောက်ကို မလေးရှားအစိုးရက မေ ၁၁ ရက်က သူတို့စီစဉ်တဲ့ Malaysia Airlines စင်းလုံးငှား အထူးလေယာဉ် ၂ စီးနဲ့ ပြန်ပို့ခဲ့တာပါ။

သူတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရောက်ချိန်မှာ လူဝင်မှုကြီးကြပ်ရေးက ကျန်းမာရေး စိစစ်ရေးတို့ကို လုပ်ခဲ့ပြီး ရန်ကုန်မှာ စောင့်ကြည့်တာ မဟုတ်ဘဲ သူတို့ပြန်ကြမယ့် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အသီးသီးက သတ်မှတ်မော်တော်ယာဉ်တွေနဲ့ ခေါ်ဆောင် သွားကြတာပါ။ ဒီမနက်က ကျန်းမာရေး ဌာနက ကြေညာတဲ့ ကိုဗစ်-၁၉ လူနာအမှတ် (၁၈၂) ဟာ မလေးရှားနိုင်ငံ ကနေ လူပေါင်း ၁၂၀ လောက်နဲ့ အတူ လေယာဉ်တစင်းတည်းစီးပြီး ပြန်လာခဲ့သူ ဖြစ်ပါတယ်။

လူနာအမှတ် (၁၈၂) သည် ချင်းပြည်နယ် ထန်တလန်မြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မေ ၁၁ ရက် ညနေပိုင်းမှာ ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာပြီး မေ ၁၃ ရက် မနက်အစောပိုင်းမှာ ထန်တလန်ကို ရောက်လာခဲ့တာပါ။ ထန်တလန်မြို့ နယ် ပြည်သူ့ဆေးရုံ တွင် သူအပါအဝင် မလေးရှားမှပြန်လာသူ ၃ ဦးနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ပြန်လာသူ ၁ ဦးတို့ကို Quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မေ ၁၃ ရက်မနက် ၂ နာရီခွဲမှာ ရောက် လာတာ။ နိုင်ငံခြားက ပြန်လာတာဆိုတော့ ကျနော်တို့က ဆေးရုံမှာပဲ Facility Quarantine ထား တယ်။ သူတို့ဆီက (နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာ) ကို ၁၃ ရက်နေ့မှာပဲယူပြီး ပို့ပါတယ်။ ဒီနေ့မနက်မှာ တော့ အဖြေသိရလို့ အခု ၁၁ နာရီ မိနစ် ၂၀ ကပဲ ဟားခါးဆေးရုံ ကို ပို့လိုက်ပါပြီ။ သူနဲ့အတူပါတဲ့ နောက်တယောက်ကိုတော့ ဆေးရုံမှာပဲ ကြည့်ရှုထားပါတယ်” လို့ ထန် တလန်မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူ က ပြောပါတယ်။ ထန်တလန်မှာတော့ သူနဲ့ ထိတွေ့သူ မရှိသလောက် ပဲလို့ ပြောပါတယ်။


Crd : whitesone

(Zawgyi)


ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ကိုဗစ္-၁၉ လူနာ ဟာလည္း ခ်င္းျပည္နယ္ကျဖစ္ၿပီး တီးတိန္က ၅ ေယာက္၊ ဟားခါးက ၁ ေယာက္ ရွိခဲ့ပါတယ္။ က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္ အရ မေန႔မနက္ပိုင္း အထိ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာ ကုသခံေနတဲ့ ကိုဗစ္-၁၉ လူနာ ၄ ေယာက္ ရွိပါတယ္။ မေလးရွားႏိုင္ငံ မွာ အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ ျပစ္ဒဏ္က်ခံၿပီး ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံ သား ၃၉၁ ေယာက္ကို မေလးရွားအစိုးရက ေမ ၁၁ ရက္က သူတို႔စီစဥ္တဲ့ Malaysia Airlines စင္းလုံးငွား အထူးေလယာဥ္ ၂ စီးနဲ႔ ျပန္ပို႔ခဲ့တာပါ။

သူတို႔ ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္ကို ေရာက္ခ်ိန္မွာ လူဝင္မႈႀကီးၾကပ္ေရးက က်န္းမာေရး စိစစ္ေရးတို႔ကို လုပ္ခဲ့ၿပီး ရန္ကုန္မွာ ေစာင့္ၾကည့္တာ မဟုတ္ဘဲ သူတို႔ျပန္ၾကမယ့္ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ အသီးသီးက သတ္မွတ္ေမာ္ေတာ္ယာဥ္ေတြနဲ႔ ေခၚေဆာင္ သြားၾကတာပါ။ ဒီမနက္က က်န္းမာေရး ဌာနက ေၾကညာတဲ့ ကိုဗစ္-၁၉ လူနာအမွတ္ (၁၈၂) ဟာ မေလးရွားႏိုင္ငံ ကေန လူေပါင္း ၁၂၀ ေလာက္နဲ႔ အတူ ေလယာဥ္တစင္းတည္းစီးၿပီး ျပန္လာခဲ့သူ ျဖစ္ပါတယ္။

လူနာအမွတ္ (၁၈၂) သည္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ေန အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ေမ ၁၁ ရက္ ညေနပိုင္းမွာ ရန္ ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္လာၿပီး ေမ ၁၃ ရက္ မနက္အေစာပိုင္းမွာ ထန္တလန္ကို ေရာက္လာခဲ့တာပါ။ ထန္တလန္ၿမိဳ႕ နယ္ ျပည္သူ႔ေဆး႐ုံ တြင္ သူအပါအဝင္ မေလးရွားမွျပန္လာသူ ၃ ဦးႏွင့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္မွ ျပန္လာသူ ၁ ဦးတို႔ကို Quarantine ထားရွိကာ ဓာတ္ခြဲစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမ ၁၃ ရက္မနက္ ၂ နာရီခြဲမွာ ေရာက္ လာတာ။ ႏိုင္ငံျခားက ျပန္လာတာဆိုေတာ့ က်ေနာ္တို႔က ေဆး႐ုံမွာပဲ Facility Quarantine ထား တယ္။ သူတို႔ဆီက (ႏွာေခါင္း၊ အာေခါင္တို႔ဖတ္နမူနာ) ကို ၁၃ ရက္ေန႔မွာပဲယူၿပီး ပို႔ပါတယ္။ ဒီေန႔မနက္မွာ ေတာ့ အေျဖသိရလို႔ အခု ၁၁ နာရီ မိနစ္ ၂၀ ကပဲ ဟားခါးေဆး႐ုံ ကို ပို႔လိုက္ပါၿပီ။ သူနဲ႔အတူပါတဲ့ ေနာက္တေယာက္ကိုေတာ့ ေဆး႐ုံမွာပဲ ၾကည့္ရႈထားပါတယ္” လို႔ ထန္ တလန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူ က ေျပာပါတယ္။ ထန္တလန္မွာေတာ့ သူနဲ႔ ထိေတြ႕သူ မရွိသေလာက္ ပဲလို႔ ေျပာပါတယ္။


Crd : whitesone

Post a Comment

Previous Post Next Post