(Unicode)

ကိုဗစ်-၁၉ ဂယက်ကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသည့် စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့ပေးရန်နှင့် Customer များအတွက် လွယ်ကူသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များဆက်လက်ပေးစွမ်းရန် မေ ၇ ရက်မှစ၍ ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်ခကို ရိုးမဘဏ်က ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာသည်။


ထိုသို့ ကင်းလွတ်ခွင့်ပြုခြင်းသည် ရိုးမဘဏ်အကောင့်သုံးစွဲသူများအတွက် ငွေလွှဲရာတွင် လွယ်ကူ စိတ်ချစွာ ဆောင်ရွက် နိုင်စေခြင်းအားဖြင့် လက်ရှိကြုံတွေ့နေရသောအခြေအနေ၏ ရိုက်ခတ်မှုကို သက်သာလျော့နည်းစေရန် နှင့် ငွေသားမဲ့စီးပွားရေးဆီသို့ ခြေလှမ်းသစ်တစ်ခုလှမ်းနိုင်စေရန် ရည်ရွယ်သည်ဟု ရိုးမဘဏ်က ဆိုသည်။



ရိုးမဘဏ် အကောင့်ပိုင်ဆိုင်သူ မည်သူမဆို ဘဏ်အချင်းချင်းငွေလွှဲဝန် ဆောင်မှု အတွက် ဝန်ဆောင်ခကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကွန်ရက်အဖွဲ့ဝင် အခြားဘဏ်တစ်ခု၏ အကောင့်ထဲသို့ ရိုးမဘဏ်ငွေလွှဲကောင်တာမှတစ်ဆင့် ငွေလွှဲပါက ရိုးမဘဏ်အတွက် ဝန် ဆောင်ခနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကွန်ရက်အသုံးပြုကြေး (CBM Net Fee) များ အပါအဝင် ဝန် ဆောင်ခအားလုံးကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။



အလားတူ အခြားဘဏ်အကောင့်မှ ရိုးမဘဏ်အကောင့်သို့ ငွေလွှဲလျှင်လည်း ရိုးမဘဏ်အတွက် ဝန်ဆောင်ကို ပေးဆောင်ရမည်မဟုတ်ပေ။ သို့သော် အခြားဘဏ်မှ ကောက်ခံသော ဝန်ဆောင်ခ များမှာမူ အဆိုပါဘဏ်များ၏ (CBM Net Fee) အသုံးပြုကြေးနှင့် ဘဏ်ဝန်ဆောင်ခအပါအဝင် ငွေလွှဲဝန်ဆောင်ခ နှုန်းထားများအတိုင်း ဆက်လက်ပေးဆောင်ရမည်ဖြစ်သည်။



”ယခုအခြေ အနေ မှာ လုံခြုံစိတ်ချမှု၊ အဆင်ပြေချောမွေ့မှုနဲ့၊ သက်သာချောင်ချိရေးတို့က အဓိက ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ယခုလို ဝန်ဆောင်ခမကောက်ခံတော့တဲ့အတွက် ငွေပေးငွေချေမှုတွေကို လုံခြုံစိတ်ချစွာနဲ့ သက်သက်သာသာဆောင်ရွက်နိုင်မှာဖြစ်သလို ငွေသားမဲ့ စီးပွားရေး တစ်ခုဆီသို့ ခြေလှမ်းတစ်ခုအနေနဲ့လည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ ခက်ခဲတဲ့ အချိန်မှာ ကျွန်တော်တို့ ရိုးမဘဏ် Customer တွေကို လိုအပ်သလို ကူညီထောက်ပံ့ပေးနိုင်ဖို့ ဆက်လက်ပြီး ကြိုးပမ်းအကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်”ဟု ရိုးမဘဏ် အမှုဆောင် အရာရှိချုပ်Mr. Dean Cleland က ပြောသည်။



ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း ရိုးမဘဏ်သည် ကပ်၏နောက်ဆက်တွဲ သက်ရောက်မှုနှင့် ကြုံတွေ့နေရသော ဃကျအသာနမ Customer များ၏ စိန်ခေါ်မှုများအား ကူညီဖြေရှင်း ပေးနိုင်ရန် ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခဲ့ပြီး ခက်ခဲသော အချိန်တွင် Customer များ၏ ငွေကြေးစီးဆင်းမှု အခက်အခဲကို ကူညီဖြေလျှော့ပေးရန် ၆ လအထိ ချေးငွေ အရင်းပြန်ဆပ်မှု ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


(Zawgyi)

ကိုဗစ္-၁၉ ဂယက္ေၾကာင့္ စိန္ေခၚမႈမ်ားႀကဳံေတြ႕ေနရသည့္ စီးပြားေရးလုပ္ငန္းမ်ားအား အေထာက္အပံ့ေပးရန္ႏွင့္ Customer မ်ားအတြက္ လြယ္ကူေသာ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈ မ်ားဆက္လက္ေပးစြမ္းရန္ ေမ ၇ ရက္မွစ၍ ဘဏ္အခ်င္းခ်င္းေငြလႊဲဝန္ေဆာင္ခကို ႐ိုးမဘဏ္က ကင္းလြတ္ခြင့္ျပဳေၾကာင္း ေၾကညာသည္။



ထိုသို႔ ကင္းလြတ္ခြင့္ျပဳျခင္းသည္ ႐ိုးမဘဏ္အေကာင့္သုံးစြဲသူမ်ားအတြက္ ေငြလႊဲရာတြင္ လြယ္ကူ စိတ္ခ်စြာ ေဆာင္႐ြက္ ႏိုင္ေစျခင္းအားျဖင့္ လက္ရွိႀကဳံေတြ႕ေနရေသာအေျခအေန၏ ႐ိုက္ခတ္မႈကို သက္သာေလ်ာ့နည္းေစရန္ ႏွင့္ ေငြသားမဲ့စီးပြားေရးဆီသို႔ ေျခလွမ္းသစ္တစ္ခုလွမ္းႏိုင္ေစရန္ ရည္႐ြယ္သည္ဟု ႐ိုးမဘဏ္က ဆိုသည္။



႐ိုးမဘဏ္ အေကာင့္ပိုင္ဆိုင္သူ မည္သူမဆို ဘဏ္အခ်င္းခ်င္းေငြလႊဲဝန္ ေဆာင္မႈ အတြက္ ဝန္ေဆာင္ခကင္းလြတ္ခြင့္ရမည္ျဖစ္သည္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကြန္ရက္အဖြဲ႕ဝင္ အျခားဘဏ္တစ္ခု၏ အေကာင့္ထဲသို႔ ႐ိုးမဘဏ္ေငြလႊဲေကာင္တာမွတစ္ဆင့္ ေငြလႊဲပါက ႐ိုးမဘဏ္အတြက္ ဝန္ ေဆာင္ခႏွင့္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကြန္ရက္အသုံးျပဳေၾကး (CBM Net Fee) မ်ား အပါအဝင္ ဝန္ ေဆာင္ခအားလုံးကို ကင္းလြတ္ခြင့္ေပးမည္ျဖစ္သည္။



အလားတူ အျခားဘဏ္အေကာင့္မွ ႐ိုးမဘဏ္အေကာင့္သို႔ ေငြလႊဲလွ်င္လည္း ႐ိုးမဘဏ္အတြက္ ဝန္ေဆာင္ကို ေပးေဆာင္ရမည္မဟုတ္ေပ။ သို႔ေသာ္ အျခားဘဏ္မွ ေကာက္ခံေသာ ဝန္ေဆာင္ခ မ်ားမွာမူ အဆိုပါဘဏ္မ်ား၏ (CBM Net Fee) အသုံးျပဳေၾကးႏွင့္ ဘဏ္ဝန္ေဆာင္ခအပါအဝင္ ေငြလႊဲဝန္ေဆာင္ခ ႏႈန္းထားမ်ားအတိုင္း ဆက္လက္ေပးေဆာင္ရမည္ျဖစ္သည္။



”ယခုအေျခ အေန မွာ လုံၿခဳံစိတ္ခ်မႈ၊ အဆင္ေျပေခ်ာေမြ႕မႈနဲ႔၊ သက္သာေခ်ာင္ခ်ိေရးတို႔က အဓိက ျဖစ္တယ္ဆိုတာ ကြၽန္ေတာ္တို႔ နားလည္သေဘာေပါက္ပါတယ္။ ယခုလို ဝန္ေဆာင္ခမေကာက္ခံေတာ့တဲ့အတြက္ ေငြေပးေငြေခ်မႈေတြကို လုံၿခဳံစိတ္ခ်စြာနဲ႔ သက္သက္သာသာေဆာင္႐ြက္ႏိုင္မွာျဖစ္သလို ေငြသားမဲ့ စီးပြားေရး တစ္ခုဆီသို႔ ေျခလွမ္းတစ္ခုအေနနဲ႔လည္း အေထာက္အကူျပဳမွာျဖစ္ပါတယ္။ ခက္ခဲတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ ႐ိုးမဘဏ္ Customer ေတြကို လိုအပ္သလို ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ ဆက္လက္ၿပီး ႀကိဳးပမ္းအေကာင္အထည္ ေဖာ္သြားမွာျဖစ္ပါတယ္”ဟု ႐ိုးမဘဏ္ အမႈေဆာင္ အရာရွိခ်ဳပ္Mr. Dean Cleland က ေျပာသည္။



ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္အတြင္း ႐ိုးမဘဏ္သည္ ကပ္၏ေနာက္ဆက္တြဲ သက္ေရာက္မႈႏွင့္ ႀကဳံေတြ႕ေနရေသာ ဃက်အသာနမ Customer မ်ား၏ စိန္ေခၚမႈမ်ားအား ကူညီေျဖရွင္း ေပးႏိုင္ရန္ ေဆာင္႐ြက္ခ်က္မ်ား အေကာင္အထည္ေဖာ္ခဲ့ၿပီး ခက္ခဲေသာ အခ်ိန္တြင္ Customer မ်ား၏ ေငြေၾကးစီးဆင္းမႈ အခက္အခဲကို ကူညီေျဖေလွ်ာ့ေပးရန္ ၆ လအထိ ေခ်းေငြ အရင္းျပန္ဆပ္မႈ ဆိုင္းငံ့ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

Credit ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post