Unicode

၂၉-၄-၂၀၂၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ကူမဲမြို့၊ အောင်ချမ်းသာရပ်၊ စမာမြောင်း ဘောင်ဘေးကျူးကျော်ရပ်ကွက်နေ ဒေါ်အေးမြင့် ၅၀ နှစ်သည် အတူနေသမီးဖြစ်သူ မသင်္ကြန်မိုး (၁၈)နှစ်အား မြစ်သားမြို့နယ်၊ ကူမဲအမှတ်(၁)ဆန်စက်ဝန်းနေ ကျော်သက်ပိုင် ၂၃ နှစ်မှ အရက် သေစာသောက်စားမူးယစ်ပြီး သမီးရည်းစားစကားပြောကာ လက်အားဆွဲခဲ့သည်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အေးမြင့်နှင့် ကျော်သက်ပိုင်၏မိခင် ဒေါ်ဇာခြည် ၄၄ နှစ်တို့ ၂ ဦးမှာ ဒေါ်အေးမြင့်၏ နေအိမ်အနောက်ဘက်တွင် စကားများရန်ဖြစ်လုံးထွေးနေစဉ် ကျော်သက်ပိုင် ရောက်ရှိလာပြီး အနီးရှိ လုံးပတ် ၆ လက်မခန့်၊ အရှည် ၂၀ လက်မခန့်ရှိ ထင်းချောင်းဖြင့်ရိုက်ရာ ဒေါ်အေးမြင့် တွင် နဖူးယာဘက်ပေါက်ပြဲ၊ ယာနားထင်/ယာမျက်လုံးချိုင့်ဝင်၊ နှာခေါင်းမှ သွေးထွက်ဒဏ်ရာများရရှိ သေဆုံးသွား၍ ကျော်သက်ပိုင်နှင့် ဒေါ်ဇာခြည်တို့ ၂ ဦးအား ဥပဒေအရ အရေးယူပေးရန်တိုင်တန်းသဖြင့် ကျောက်ဆည်မြို့နယ် ကူမဲနယ်မြေရဲစခန်း(ပ)၆၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည်။


ဖြစ်စဉ်မှ တရားခံဖြစ်သူ ကျော်သက်ပိုင်မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေး ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ မြစ်သားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ကျောက်သက်ပိုင်အား ကျောက်ဆည်မြို့ဝင် စစ်ဆေးရေးဂိတ်အနီး ကူမဲမြို့မှ မန္တလေးမြို့ ဘက်သို့လာသော ကားပေါ်မှဆင်း၍ လမ်းလျှောက် ထွက်ပြေးစဉ် ညနေ ၆ နာရီခွဲအချိန် ကျောက်ဆည်မြို့ ကြက်မင်းတွန်မီးပွိုင့် အရောက် လုံးထွေးဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Zawgyi

၂၉-၄-၂၀၂၀ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္ ကူမဲၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္၊ စမာေျမာင္း ေဘာင္ေဘးက်ဴးေက်ာ္ရပ္ကြက္ေန ေဒၚေအးျမင့္ ၅၀ ႏွစ္သည္ အတူေနသမီးျဖစ္သူ မသၾကၤန္မိုး (၁၈)ႏွစ္အား ျမစ္သားၿမိဳ႕နယ္၊ ကူမဲအမွတ္(၁)ဆန္စက္ဝန္းေန ေက်ာ္သက္ပိုင္ ၂၃ ႏွစ္မွ အရက္ ေသစာေသာက္စားမူးယစ္ၿပီး သမီးရည္းစားစကားေျပာကာ လက္အားဆြဲခဲ့သည္ကိစၥႏွင့္ ပတ္သက္၍ ေဒၚေအးျမင့္ႏွင့္ ေက်ာ္သက္ပိုင္၏မိခင္ ေဒၚဇာျခည္ ၄၄ ႏွစ္တို႔ ၂ ဦးမွာ ေဒၚေအးျမင့္၏ ေနအိမ္အေနာက္ဘက္တြင္ စကားမ်ားရန္ျဖစ္လုံးေထြးေနစဥ္ ေက်ာ္သက္ပိုင္ ေရာက္ရွိလာၿပီး အနီးရွိ လုံးပတ္ ၆ လက္မခန္႔၊ အရွည္ ၂၀ လက္မခန္႔ရွိ ထင္းေခ်ာင္းျဖင့္႐ိုက္ရာ ေဒၚေအးျမင့္ တြင္ နဖူးယာဘက္ေပါက္ၿပဲ၊ ယာနားထင္/ယာမ်က္လုံးခ်ိဳင့္ဝင္၊ ႏွာေခါင္းမွ ေသြးထြက္ဒဏ္ရာမ်ားရရွိ ေသဆုံးသြား၍ ေက်ာ္သက္ပိုင္ႏွင့္ ေဒၚဇာျခည္တို႔ ၂ ဦးအား ဥပေဒအရ အေရးယူေပးရန္တိုင္တန္းသျဖင့္ ေက်ာက္ဆည္ၿမိဳ႕နယ္ ကူမဲနယ္ေျမရဲစခန္း(ပ)၆၂/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ အရ အမႈဖြင့္ေဆာင္႐ြက္ခဲ့ပါသည္။

ျဖစ္စဥ္မွ တရားခံျဖစ္သူ ေက်ာ္သက္ပိုင္မွာ ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ဖမ္းဆီးရမိေရး ေက်ာက္ဆည္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဦးစီး ရဲတပ္ဖြဲ႕ဝင္မ်ား၊ ျမစ္သားနယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ပိတ္ဆို႔ဖမ္းဆီးေဆာင္႐ြက္ခဲ့ရာ ေက်ာက္သက္ပိုင္အား ေက်ာက္ဆည္ၿမိဳ႕ဝင္ စစ္ေဆးေရးဂိတ္အနီး ကူမဲၿမိဳ႕မွ မႏၲေလးၿမိဳ႕ ဘက္သို႔လာေသာ ကားေပၚမွဆင္း၍ လမ္းေလွ်ာက္ ထြက္ေျပးစဥ္ ညေန ၆ နာရီခြဲအခ်ိန္ ေက်ာက္ဆည္ၿမိဳ႕ ၾကက္မင္းတြန္မီးပြိဳင့္ အေရာက္ လုံးေထြးဖမ္းဆီးရမိခဲ့သျဖင့္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ႏိုင္ေရး စစ္ေဆးေဆာင္႐ြက္ လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Mandalay police

Post a Comment

Previous Post Next Post