(Unicode)
သုံးစွဲသူ များသည် ပိတ်ပင် ထား ပြီး ဖြစ်သည့် ဝက်ဆိုဒ် များ၏ လင့် ခ်များကို ဝင် ရောက်ကြည့်ရှု ပါက အဆိုပါဝက်ဘ်ဆိုဒ် များကို မြန်မာ အာဏာပိုင် များ ညွှန်ကြား ချက်အရ ပိတ်သိမ်းထားခြင်း ဖြစ်သည်ဟု ဖော်ပြထားချက်ကို တွေ့ရှိမည် ဖြစ်ကြောင်း သိရသည်။ အိုင်ပီလိပ် စာများကို ပိတ်ပ င်ခြင်းသည် အခြားသောဝက်ဆိုဒ် များကို မတော်တဆ ပိတ်ပင်မိနိုင် ကြောင်း သို့မဟုတ် အခြား သော ဆိုဒ်များ၏ လည် ပတ် မှုများကို အ နှောင့်အယှက် ဖြစ်စေနိုင်ကြောင်း တယ်လီ နောမြန်မာမှ ထောက်ပြ ပြောဆိုခဲ့ကြောင်း ဖော်ပြ ထားသည်။
ထို့ပြင် မြန်မာ နိုင်ငံတွင် ဝက်ဆိုဒ် များ ကို တားမြစ် ပိတ်ပင်ရန် အာဏာ ပိုင် တို့၏ ကြားဝင်စွက်ဖက်သည့်မူနှင့်ပတ်သက်၍ တယ်လီနော မြန်မာက အာဏာပိုင် များနှင့် ဆက်လက် ဆွေးနွေးလျက် ရှိဟုလည်း ၎င်း၏ ကြေညာချက်တွင် တွေ့ရသည်။ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန က အော်ပရေတာ များကို ဝက်ဘ်ဆိုက်တချို့ အား ပိတ်ပင်ရန် ညွှန်ကြား ခဲ့သည်မှာ မတ်လ တွင် (၂၀၀) ကျော်ရှိပြီး ဧပြီလတွင် လည်း တစ်ထောင် ကျော် ရှိကြောင်း ညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေ ထံမှ သိရသည်။
ဝက်ဘ်ဆိုက် လေးထောင် ကျော်အား ပိတ်ရန် အစိုးရ က အော်ပရေတာ များကို ညွှန်ကြား ခဲ့ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးဆွေ က ပြော ကြားသည်။ညစ်ညမ်းဝဘ်ဆိုက်များ၊ COVID-19 နှင့် ပတ်သက်သော နိုင်ငံတကာမှ ဝက်ဘ် ဆိုက်များကို ပိတ်ပင်ရန် ညွှန်ကြားခဲ့သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။
“အဓိ က အများစု ကတော့ ညစ်ညမ်း ဝက်ဘ်ဆိုက် တွေပေါ့။သူတို့က အများဆုံးပဲ။ ပြီးရင် နိုင်ငံတကာက (COVID 19) နဲ့ ပတ်သက် ပြီး ထင်ယောင် ထင်မှား သတင်း အမှား တွေတင် တဲ့ ဝက်ဘ်ဆိုက် တွေပဲ” ဟု ဦးမျိုးဆွေက ပြောကြားသည်။ ပိတ်ပင် ထားသည့် ဝက်ဘ်ဆိုက် လေးထောင်ကျော်တွင် နိုင်ငံတကာမှ ဝက်ဘ် ဆိုက် အများဆုံးဖြစ်ပြီး ပြည်တွင်းမှ ၅၀ ကျော်ရှိကြောင်း ၎င်းကဆိုသည်။
မေ (၁၁)ရက် ကလည်း မိုဘိုင်း အော်ပရေတာ များကို ဝက်ဆိုဒ် (၃)ခု၊ ဒိုမိန်း(၆)ခု၊ အိုင်ပီလိပ်စာ (၂)ခုကို ပိတ်ပင် တားမြစ်ရန် ဆက် သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြား ချက်ကို ရရှိခဲ့သည်ဟု တယ်လီနောက သ တင်းထုတ်ပြန်ထား သည်။ယင်းညွှန်ကြားချက် သည် ဆက်သွယ် ရေး ဥပဒေပုဒ်မ ၇၇ အပေါ် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး အမုန်းစကားများ ဖြန့်ချိ ခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ဒေ တာ ခိုး ယူ ခြင်းတို့ကို ကာကွယ်ရန်တားမြစ် ပိတ်ပင် ခြင်းဖြစ်ကြောင်း တယ်လီနော မြန်မာ၏ ထုတ်ပြန်စာတွင် တွေ့ရသည်။
(Zawgyi)
crd: Eleven media
Post a Comment
Previous Post Next Post