(Unicode)

ဧရာဝတီတိုင်း၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ မေလ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့လို့ အဆောင် ၁၂ ရဲ့ မျက်နှာကျက် အမိုးတွေပြိုကျခဲ့တာကြောင့် ဆေးရုံက ဝန်ထမ်း ၂ ဦး ပွန်းပဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေ ရေစိုပျက်စီးခဲ့တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ၁၉၈၀ ကျော်လောက်က ဆောက်ခဲ့တာဖြစ်နိုင်ပြီး အနှစ် ၅၀ လောက်သက်တမ်းရှိပြီဖြစ်ကာ အမိုးမှာ ကျောက်ပြားတွေ မိုးထားတာကြောင့် သွပ်နဲ့ပြန် အစားထိုးနေချိန်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် သွပ်လည်ဖို့ ကျန်းနေတဲ့ အဆောင်က ၄ ပုံ ၁ ပုံလောက်သာ ပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Photo - Min Htet Mone / MPA
Credit  Myanmar Pressphoto Agency

(Zawgyi)




Photo - Min Htet Mone / MPA

Post a Comment

Previous Post Next Post