(Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါတစ်သုံးလုံးကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတဦးအား ဓားနဲ့ထိုးသတ်ခဲ့သူကို ၂၄ နာရီအတွင်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။



မေ ၂၇ ရက်ညနေပိုင်းက တားမြစ်ထားတဲ့ မြေစာပုံမှာ ရေမဆေးကျောက် မရှာဖွေဖို့ ပြောတဲ့ ဝန်တမ်းအား ဓားနဲ့ထိုးတာကြောင့် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို မေ ၂၈ ရက်မနက် ၉ နာရီခန့်လောက်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝှေခါအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။



“၂၄ နာရီအတွင်း ဖမ်းမိတာပါ။ အဓိကကတော့ လူသတ်သူရဲ့လက်မောင်းမှာ ထိုးထားတဲ့ တက်တူးကိုမှတ်မိတာပါ။ လူသတ်မှုကျူးလွန်စဉ်မှာ ဆံပင်ရွှေအိုရောင်ဆိုးထားတော့ သေချာပေါက် သူက ကတုံးရိတ်ထားမယ်လို့လည်း ထင်ပါတယ်။ ဒီမနက်အုပ်ချုပ်ရေးမှူး၊ မီးသတ်နဲ့ ဒေသခံ ကချင်လူငယ်တွေနဲ့ ပူးပေါင်းပြီး ရှာဖွေဖမ်းမိတော့ ဖားကန့်ရဲစခန်းကို အပ်လိုက်ပါပြီ။”


ဝှေခါမှာ မတော်တဆ လူသေမှုသာ ရှိတတ်ပြီး လူသတ်မှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ကျူးလွန်သူမှာ မိုးကောင်းမြို့နယ်၊ ပုလဲကျေးရွာနေ အသက်၂၀ အရွယ် ရာဇာထွန်း ဖြစ်ပြီး ဖားကန့်ရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေဝွခါတစ္သုံးလုံးကုမၸဏီက လုံၿခဳံေရးဝန္ထမ္းတဦးအား ဓားနဲ႔ထိုးသတ္ခဲ့သူကို ၂၄ နာရီအတြင္း ဖမ္းဆီးမိခဲ့တယ္လို႔ သိရပါတယ္။



ေမ ၂၇ ရက္ညေနပိုင္းက တားျမစ္ထားတဲ့ ေျမစာပုံမွာ ေရမေဆးေက်ာက္ မရွာေဖြဖို႔ ေျပာတဲ့ ဝန္တမ္းအား ဓားနဲ႔ထိုးတာေၾကာင့္ ေသဆုံးသြားခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူကို ေမ ၂၈ ရက္မနက္ ၉ နာရီခန႔္ေလာက္မွာ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ေဝွခါအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ျမင့္က ေျပာပါတယ္။



“၂၄ နာရီအတြင္း ဖမ္းမိတာပါ။ အဓိကကေတာ့ လူသတ္သူရဲ႕လက္ေမာင္းမွာ ထိုးထားတဲ့ တက္တူးကိုမွတ္မိတာပါ။ လူသတ္မႈက်ဴးလြန္စဥ္မွာ ဆံပင္ေ႐ႊအိုေရာင္ဆိုးထားေတာ့ ေသခ်ာေပါက္ သူက ကတုံးရိတ္ထားမယ္လို႔လည္း ထင္ပါတယ္။ ဒီမနက္အုပ္ခ်ဳပ္ေရးမႉး၊ မီးသတ္နဲ႔ ေဒသခံ ကခ်င္လူငယ္ေတြနဲ႔ ပူးေပါင္းၿပီး ရွာေဖြဖမ္းမိေတာ့ ဖားကန႔္ရဲစခန္းကို အပ္လိုက္ပါၿပီ။”


ေဝွခါမွာ မေတာ္တဆ လူေသမႈသာ ရွိတတ္ၿပီး လူသတ္မႈကေတာ့ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ သိရပါတယ္။က်ဴးလြန္သူမွာ မိုးေကာင္းၿမိဳ႕နယ္၊ ပုလဲေက်း႐ြာေန အသက္၂၀ အ႐ြယ္ ရာဇာထြန္း ျဖစ္ၿပီး ဖားကန႔္ရဲစခန္းက အေရးယူေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post