(Unicode)

ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ဒုတိယအများဆုံးတွေ့တဲ့ မရမ်းကုန်းမြို့နယ်မှာ လူဦးရေ ၁ သိန်းကျော်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။မရမ်းကုန်းမြို့နယ်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ယောက်နဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါကူးစက်ခံရမှု ဒုတိယ အများဆုံး မြို့နယ်တခု ဖြစ်ပါတယ်။


မေ ၂၃ ရက်နေ့က မရမ်းကုန်းမြို့နယ်တွင်း ပြည်သူတွေအတွက် ကျန်းမာရေး စစ်ဆေးတာတွေကို ကားနဲ့လိုက်လံ‌စစ်ဆေးတဲ့အဖွဲ့နဲ့ Volunteer အဖွဲ့တွေက အသီးသီး တလမ်းဝင် တလမ်းထွက် စစ်ဆေးခဲ့တယ်လို့ မရမ်းကုန်းမြို့နယ် အမှတ်-၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦသူရစိုးက ပြောပါတယ်။


“ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ သံသယ၊ စိုးရိမ်စိတ်က အခုဆို တော်တော်များများ ကင်းသွားပြီ။ ပြည်သူတွေ ပူးပေါင်းပါဝင်လာတာ တွေ့ရတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ပြည်သူတွေ တော်တော်များများက ဆေးစစ်ဖို့လာကြတယ်လို့ စစ်ဆေးပေးရာမှာ ပါဝင်တဲ့ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာနေမျိုးလင်းက ပြောပါတယ်။


“ပြည်သူတွေက ပူးပေါင်းပါဝင်ကြပါတယ်။ နေမကောင်းတဲ့သူတွေလည်း သူတို့ဘာသာသူတို့ လာကြတယ်။ အခုထိတော့ ဖျားတာ နာတာတွေ မတွေ့သေးဘူး။”ကျန်းမာရေး လာရောက်စစ်ဆေးသူ မရွှန်းလဲ့လဲ့ထွန်းက “အကုန်လုံးကို စစ်တာဆိုပေမယ့် မလာနိုင်တဲ့သူတွေလည်း ရှိတယ်။ ဖြစ်စေချင်တာက လမ်းမအတိုင်း ကားနဲ့သွားပြီး တအိမ်ချင်း အိမ်ပေါ်ကလူတွေအကုန်လုံး အောက်ကိုခေါ်ပြီး စစ်သွားတာ ပိုပြီးအဆင်ပြေတယ်။ လမ်းထိပ်အထိ ထွက်လာရတာက လူကြီးတွေ၊ ကလေးတွေအတွက်တော့ အဆင်မပြေဘူး။ ဒါပေမဲ့ ဒီလိုမျိုး လာပြီးစစ်ပေးတာပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ရက်တွေကလည်း ရန်ကုန်တိုင်းအတွင်းက အင်းစိန်၊ လှိုင်သာယာ၊ တာမွေ စတဲ့မြို့နယ်တွေမှာ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

ဒီဗွီဘီ

(Zawgyi)

ရန္ကုန္တိုင္းမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူ ဒုတိယအမ်ားဆုံးေတြ႕တဲ့ မရမ္းကုန္းၿမိဳ႕နယ္မွာ လူဦးေရ ၁ သိန္းေက်ာ္ကို က်န္းမာေရး စစ္ေဆးေပးခဲ့တယ္လို႔ သိရပါတယ္။မရမ္းကုန္းၿမိဳ႕နယ္ဟာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူ ၁၆ ေယာက္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးမွာ ေရာဂါကူးစက္ခံရမႈ ဒုတိယ အမ်ားဆုံး ၿမိဳ႕နယ္တခု ျဖစ္ပါတယ္။


ေမ ၂၃ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္တြင္း ျပည္သူေတြအတြက္ က်န္းမာေရး စစ္ေဆးတာေတြကို ကားနဲ႔လိုက္လံ‌စစ္ေဆးတဲ့အဖြဲ႕နဲ႔ Volunteer အဖြဲ႕ေတြက အသီးသီး တလမ္းဝင္ တလမ္းထြက္ စစ္ေဆးခဲ့တယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ အမွတ္-၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦသူရစိုးက ေျပာပါတယ္။


“ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ ျပည္သူေတြရဲ႕ သံသယ၊ စိုးရိမ္စိတ္က အခုဆို ေတာ္ေတာ္မ်ားမ်ား ကင္းသြားၿပီ။ ျပည္သူေတြ ပူးေပါင္းပါဝင္လာတာ ေတြ႕ရတဲ့အတြက္ အထူးဝမ္းေျမာက္ဝမ္းသာပါတယ္” လို႔ ေျပာပါတယ္။ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ားက ေဆးစစ္ဖို႔လာၾကတယ္လို႔ စစ္ေဆးေပးရာမွာ ပါဝင္တဲ့ မရမ္းကုန္းၿမိဳ႕နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ေဒါက္တာေနမ်ိဳးလင္းက ေျပာပါတယ္။


“ျပည္သူေတြက ပူးေပါင္းပါဝင္ၾကပါတယ္။ ေနမေကာင္းတဲ့သူေတြလည္း သူတို႔ဘာသာသူတို႔ လာၾကတယ္။ အခုထိေတာ့ ဖ်ားတာ နာတာေတြ မေတြ႕ေသးဘူး။”က်န္းမာေရး လာေရာက္စစ္ေဆးသူ မ႐ႊန္းလဲ့လဲ့ထြန္းက “အကုန္လုံးကို စစ္တာဆိုေပမယ့္ မလာႏိုင္တဲ့သူေတြလည္း ရွိတယ္။ ျဖစ္ေစခ်င္တာက လမ္းမအတိုင္း ကားနဲ႔သြားၿပီး တအိမ္ခ်င္း အိမ္ေပၚကလူေတြအကုန္လုံး ေအာက္ကိုေခၚၿပီး စစ္သြားတာ ပိုၿပီးအဆင္ေျပတယ္။ လမ္းထိပ္အထိ ထြက္လာရတာက လူႀကီးေတြ၊ ကေလးေတြအတြက္ေတာ့ အဆင္မေျပဘူး။ ဒါေပမဲ့ ဒီလိုမ်ိဳး လာၿပီးစစ္ေပးတာပဲ ေက်းဇူးတင္ပါတယ္” လို႔ ေျပာပါတယ္။


ၿပီးခဲ့တဲ့ရက္ေတြကလည္း ရန္ကုန္တိုင္းအတြင္းက အင္းစိန္၊ လႈိင္သာယာ၊ တာေမြ စတဲ့ၿမိဳ႕နယ္ေတြမွာ က်န္းမာေရး စစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post