(Unicode)

COVID-19 ကာလ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်နေတဲ့ တနေ့လုပ်တနေ့စားနေရတဲ့သူများအတွက် ငွေကြေးထောက်ပံ့မယ့်အစီအစဉ်တခုကို ဇဏ်ခီကဦးဆောင်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။“ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူမှုကူညီရေးအစီအစဉ်လေးအကြောင်းကို ပြောပြချင်ပါတယ်။ အဲ့အစီအစဉ်လေး အိုင်ဒီယာရတော့လည်း ခရစ္စကိုအရင်ဆုံးပြောပြတဲ့အချိန်မှာ သူလည်း အရမ်းသဘောကျတယ်။ သူလည်းဒီအချိန်မှာ ကျနော့်ကိုအများကြီးပံ့ပိုးမှုတွေပေးနေတယ်။ အကူအညီပေးနေတယ်။ ဒီဟာလေးဖြစ်မြောက်သွားဖို့အရေးကိုပေါ့”အခုတော့ ဒီအစီအစဉ်လေးက Run နိုင်ဖို့အတွက်အနေအထားတခုတော့ ရောက်လာပါပြီ။ အစီအစဉ်ရဲ့ ခေါင်းစီးကတော့ FCPN လို့ပေးထားပါတယ်။ Free Cash Program for the Needy ပေါ့နော်” လို့ ဇဏ်ခီက ဆိုထားပါတယ်။ငွေရေးကြေးရေးကြပ်တည်းနေတဲ့ လူတွေအနေနဲ့ ဒီအစီအစဉ်ကို ဆက်သွယ်လာမယ်ဆိုရင်တော့ ဆက်သွယ်လာသူ တိုင်းကို ငွေကျပ် ၁သောင်းပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီအစီအစဉ်ရဲ့အဓိကလုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုရင် ကျနော်တို့ COVID-19 Lockdown ကာလတွေမှာ ငွေရေးကြေးရေးအရမ်းကို အခက်အခဲဖြစ်နေတဲ့သူတွေ အသက်ရှုကျပ်ပြီးလုံးဝကို ငွေပြတ်တောင်းလုနီးပါး ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ်လည်း ငွေပြတ်တောက်နေတဲ့သူတွေအတွက် ကူညီပေးမယ့်အစီအစဉ်ပါ။ သူတို့က ကျနော်တို့ကိုဆက်သွယ်လာရင် ဆက်သွယ်လာသူတိုင်းကို ကျနော်တို့က ငွေ ၁သောင်းပို့ပေးမယ်ပေါ့။ အဲ့လိုမျိုးစီစဉ်ထားပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။ဒီအစီအစဉ်အတွက် စိတ်ကူးစရတဲ့အချိန်မှာတော့ ဇဏ်ခီက ငွေကျပ်သိန်း ၅၀ ကိုလူအယောက် ၅၀၀ ကို ပို့ပေးမယ်လို့ စီစဉ်ခဲ့ပေမယ့် သိန်း ၅၀ ကုန်သွားရင်ရပ်သွားမှာ မလိုလားတဲ့အတွက် ဒီငွေများကိုမတည်ကာအလှူရှင်များကိုဖိတ်ခေါ်ပြီး လှူဒါန်းသွားဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


အစကတော့ ကျနော်နဲ့ ခရစ္စနဲ့တိုင်ပင်ပြီး ကျနော်တို့တတ်နိုင်တဲ့ ပမာဏလေးပေါ့။ ကျနော်တို့ဘယ်လောက်ထိ ပေးနိုင်မလဲဆိုတာလေး တွက်တဲ့အချိန်မှာ ကျနော်တို့သိန်း ၅၀ တတ်နိုင်တယ်ပေါ့။ သိန်း ၅၀ ထည့်ပြီးတော့လူအယောက် ၅၀၀ ပို့မယ်ဆိုပြီးတော့စစီစဉ်တယ်”ဒါပေမယ့် ဒီ သိန်း ၅၀ ပြီးသွားရင် ကုန်သွားမှာကိုမလိုလားဘူး။ အဲ့တော့ ကျနော်ဘယ်လိုပြန်ပြောင်းတွေးလဲဆိုတော့ တကယ်လို့ကျနော်တို့လုပ်မယ့်ပုံစံကို လုပ်မယ့်အလုပ်ကို သဘောကျတဲ့သူ သဘောတူတဲ့သူတွေလှူချင်တယ်ဆိုရင် ကျနော်တို့ အလှူငွေတွေနဲ့မတည်မယ်ဆိုရင် ဒီအစီအစဉ်လေးကပိုပြီးတော့ ရေရှည်လည်းပိုပြီးတော့လုပ်နိုင်မယ်။ လည်ပတ်နိုင်မယ်။ လိုအပ်နေတဲ့သူတွေလည်း များများစားစားရမယ်ဆိုပြီးတော့ အိုင်ဒီယာပြောင်းပြီးတော့ Doner Base ပုံစံနဲ့ပြောင်းထားတယ်” လို့ ဇဏ်ခီကပြောပါတယ်။ကိုယ်တိုင်လည်း ပိုက်ဆံမရှိတဲ့အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးတာကြောင့် ငွေကြေးထောက်ပံ့တဲ့အစီအစဉ်ကို အကောင်အထည်ဖော်ရတာဖြစ်ပြီး အခုဆိုရင်အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

“ပိုက်ဆံလက်ထဲမှာ တပြားမှမရှိတော့တဲ့အခြေအနေမျိုးကို ကိုယ်တိုင်ရောက်ဖူးတော့သိတယ်။ ကျနော်နဲ့ခရစ္စဆိုရင် မြန်မာပြည်ပြန်လာပြီးတော့ ဘယ်လောက်ထိအခြေအနေဆိုးလဲဆိုရင် မြန်မာငွေကျပ် ၅၀ ပဲကျန်တဲ့အထိကို အခြေအနေ ရောက်ဖူးတယ်ဆိုတော့ ဒီအသက်ရှုကျပ်မှုကြီးကို ကောင်းကောင်းသိတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်လေးကို ဖြစ်စေချင်တယ်။ ဖြစ်စေချင်ပြီး အကောင်အထည်ရအောင်ဖော်တယ်။ အဆင်သင့်ဖြစ်နေပါပြီ” လို့ ဇဏ်ခီကပြောပါတယ်။အကူအညီတောင်းခံတဲ့သူတွေကိုတော့ နောက်ကြောင်းလိုက်တာတွေလုပ်မှာမဟုတ်ဘဲ မှတ်ပုံတင်ကိုရိုက်ထားတဲ့ဓာတ်ပုံ ၊ မှတ်ပုံတင်ထဲမှနာမည် ၊ ဖုန်းနံပါတ်တို့ကိုပို့ပေးရုံနဲ့ Wave Pay နဲ့ငွေလွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။“ပိုက်ဆံတောင်းခံလိုသူတွေအနေနဲ့ ကိုယ့်ရဲ့မှတ်ပုံတင်ပေါ်မှာရှိတဲ့နာမည်ရယ် ၊မှတ်ပုံတင်ကိုရိုက်ထားတဲ့ပုံရယ်၊ ဖုန်းနံပါတ်ရယ်ပို့ပေးရမှာပါ။ လောလောဆယ်မှာတော့ Wave pay နဲ့လုပ်ဖို့စီစဉ်ထားတယ်။ ဒါနဲ့လွှဲပေးမှာပါ။ ဘာမှနောက်ကြောင်းလိုက်တာတွေ ဘာတွေမရှိပါဘူး။ ဒီလိုအချိန်မှာတော့ ဒါကိုအခွင့်ကောင်းမယူဘူးလို့လည်း တွေးထားပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။ဒီ Free Cash Program for the Needy အစီအစဉ်ကိုတော့ COVID- 19 ကာလပြီးဆုံးပြီး စီးပွားရေးများ ပြန်လည်လည်ပတ်နိုင်တဲ့အထိ လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး ပါဝင်လှူဒါန်းဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ငွေကြေးပါဝင်လှူဒါန်းလိုတဲ့အလှူရှင်များအနေနဲ့လည်း FCPN (Free Cash Program for the Needy) Page မှာ ဝင်ရောက်လှူဒါန်းပြီး ဝေမျှပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Credit burma.irrawaddy

(Zawgyi)

COVID-19 ကာလ ေငြေရးေၾကးေရး အက်ပ္အတည္းျဖစ္ေနတဲ့ တေန႕လုပ္တေန႕စားေနရတဲ့သူမ်ားအတြက္ ေငြေၾကးေထာက္ပံ့မယ့္အစီအစဥ္တခုကို ဇဏ္ခီကဦးေဆာင္ၿပီး လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။“က်ေနာ္ကိုယ္တိုင္ဦးေဆာင္ၿပီးေတာ့ အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနတဲ့ လူမႈကူညီေရးအစီအစဥ္ေလးအေၾကာင္းကို ေျပာျပခ်င္ပါတယ္။ အဲ့အစီအစဥ္ေလး အိုင္ဒီယာရေတာ့လည္း ခရစၥကိုအရင္ဆုံးေျပာျပတဲ့အခ်ိန္မွာ သူလည္း အရမ္းသေဘာက်တယ္။ သူလည္းဒီအခ်ိန္မွာ က်ေနာ့္ကိုအမ်ားႀကီးပံ့ပိုးမႈေတြေပးေနတယ္။ အကူအညီေပးေနတယ္။ ဒီဟာေလးျဖစ္ေျမာက္သြားဖို႔အေရးကိုေပါ့”အခုေတာ့ ဒီအစီအစဥ္ေလးက Run နိုင္ဖို႔အတြက္အေနအထားတခုေတာ့ ေရာက္လာပါၿပီ။ အစီအစဥ္ရဲ႕ ေခါင္းစီးကေတာ့ FCPN လို႔ေပးထားပါတယ္။ Free Cash Program for the Needy ေပါ့ေနာ္” လို႔ ဇဏ္ခီက ဆိုထားပါတယ္။ေငြေရးေၾကးေရးၾကပ္တည္းေနတဲ့ လူေတြအေနနဲ႕ ဒီအစီအစဥ္ကို ဆက္သြယ္လာမယ္ဆိုရင္ေတာ့ ဆက္သြယ္လာသူ တိုင္းကို ေငြက်ပ္ ၁ေသာင္းပို႔ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

“ဒီအစီအစဥ္ရဲ႕အဓိကလုပ္ေဆာင္ခ်က္က ဘာျဖစ္မလဲဆိုရင္ က်ေနာ္တို႔ COVID-19 Lockdown ကာလေတြမွာ ေငြေရးေၾကးေရးအရမ္းကို အခက္အခဲျဖစ္ေနတဲ့သူေတြ အသက္ရႈက်ပ္ၿပီးလုံးဝကို ေငြျပတ္ေတာင္းလုနီးပါး ျဖစ္ေနတဲ့သူေတြ ဒါမွမဟုတ္လည္း ေငြျပတ္ေတာက္ေနတဲ့သူေတြအတြက္ ကူညီေပးမယ့္အစီအစဥ္ပါ။ သူတို႔က က်ေနာ္တို႔ကိုဆက္သြယ္လာရင္ ဆက္သြယ္လာသူတိုင္းကို က်ေနာ္တို႔က ေငြ ၁ေသာင္းပို႔ေပးမယ္ေပါ့။ အဲ့လိုမ်ိဳးစီစဥ္ထားပါတယ္” လို႔ ဇဏ္ခီကေျပာပါတယ္။ဒီအစီအစဥ္အတြက္ စိတ္ကူးစရတဲ့အခ်ိန္မွာေတာ့ ဇဏ္ခီက ေငြက်ပ္သိန္း ၅၀ ကိုလူအေယာက္ ၅၀၀ ကို ပို႔ေပးမယ္လို႔ စီစဥ္ခဲ့ေပမယ့္ သိန္း ၅၀ ကုန္သြားရင္ရပ္သြားမွာ မလိုလားတဲ့အတြက္ ဒီေငြမ်ားကိုမတည္ကာအလႉရွင္မ်ားကိုဖိတ္ေခၚၿပီး လႉဒါန္းသြားဖို႔ စီစဥ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။



အစကေတာ့ က်ေနာ္နဲ႕ ခရစၥနဲ႕တိုင္ပင္ၿပီး က်ေနာ္တို႔တတ္နိုင္တဲ့ ပမာဏေလးေပါ့။ က်ေနာ္တို႔ဘယ္ေလာက္ထိ ေပးနိုင္မလဲဆိုတာေလး တြက္တဲ့အခ်ိန္မွာ က်ေနာ္တို႔သိန္း ၅၀ တတ္နိုင္တယ္ေပါ့။ သိန္း ၅၀ ထည့္ၿပီးေတာ့လူအေယာက္ ၅၀၀ ပို႔မယ္ဆိုၿပီးေတာ့စစီစဥ္တယ္”ဒါေပမယ့္ ဒီ သိန္း ၅၀ ၿပီးသြားရင္ ကုန္သြားမွာကိုမလိုလားဘူး။ အဲ့ေတာ့ က်ေနာ္ဘယ္လိုျပန္ေျပာင္းေတြးလဲဆိုေတာ့ တကယ္လို႔က်ေနာ္တို႔လုပ္မယ့္ပုံစံကို လုပ္မယ့္အလုပ္ကို သေဘာက်တဲ့သူ သေဘာတူတဲ့သူေတြလႉခ်င္တယ္ဆိုရင္ က်ေနာ္တို႔ အလႉေငြေတြနဲ႕မတည္မယ္ဆိုရင္ ဒီအစီအစဥ္ေလးကပိုၿပီးေတာ့ ေရရွည္လည္းပိုၿပီးေတာ့လုပ္နိုင္မယ္။ လည္ပတ္နိုင္မယ္။ လိုအပ္ေနတဲ့သူေတြလည္း မ်ားမ်ားစားစားရမယ္ဆိုၿပီးေတာ့ အိုင္ဒီယာေျပာင္းၿပီးေတာ့ Doner Base ပုံစံနဲ႕ေျပာင္းထားတယ္” လို႔ ဇဏ္ခီကေျပာပါတယ္။ကိုယ္တိုင္လည္း ပိုက္ဆံမရွိတဲ့အေျခအေနမ်ိဳးကို ရင္ဆိုင္ခဲ့ဖူးတာေၾကာင့္ ေငြေၾကးေထာက္ပံ့တဲ့အစီအစဥ္ကို အေကာင္အထည္ေဖာ္ရတာျဖစ္ၿပီး အခုဆိုရင္အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

“ပိုက္ဆံလက္ထဲမွာ တျပားမွမရွိေတာ့တဲ့အေျခအေနမ်ိဳးကို ကိုယ္တိုင္ေရာက္ဖူးေတာ့သိတယ္။ က်ေနာ္နဲ႕ခရစၥဆိုရင္ ျမန္မာျပည္ျပန္လာၿပီးေတာ့ ဘယ္ေလာက္ထိအေျခအေနဆိုးလဲဆိုရင္ ျမန္မာေငြက်ပ္ ၅၀ ပဲက်န္တဲ့အထိကို အေျခအေန ေရာက္ဖူးတယ္ဆိုေတာ့ ဒီအသက္ရႈက်ပ္မႈႀကီးကို ေကာင္းေကာင္းသိတယ္။ ဒါေၾကာင့္မို႔လို႔ ဒီအစီအစဥ္ေလးကို ျဖစ္ေစခ်င္တယ္။ ျဖစ္ေစခ်င္ၿပီး အေကာင္အထည္ရေအာင္ေဖာ္တယ္။ အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ဇဏ္ခီကေျပာပါတယ္။အကူအညီေတာင္းခံတဲ့သူေတြကိုေတာ့ ေနာက္ေၾကာင္းလိုက္တာေတြလုပ္မွာမဟုတ္ဘဲ မွတ္ပုံတင္ကိုရိုက္ထားတဲ့ဓာတ္ပုံ ၊ မွတ္ပုံတင္ထဲမွနာမည္ ၊ ဖုန္းနံပါတ္တို႔ကိုပို႔ေပး႐ုံနဲ႕ Wave Pay နဲ႕ေငြလႊဲေပးမွာျဖစ္တယ္လို႔ သိရပါတယ္။“ပိုက္ဆံေတာင္းခံလိုသူေတြအေနနဲ႕ ကိုယ့္ရဲ႕မွတ္ပုံတင္ေပၚမွာရွိတဲ့နာမည္ရယ္ ၊မွတ္ပုံတင္ကိုရိုက္ထားတဲ့ပုံရယ္၊ ဖုန္းနံပါတ္ရယ္ပို႔ေပးရမွာပါ။ ေလာေလာဆယ္မွာေတာ့ Wave pay နဲ႕လုပ္ဖို႔စီစဥ္ထားတယ္။ ဒါနဲ႕လႊဲေပးမွာပါ။ ဘာမွေနာက္ေၾကာင္းလိုက္တာေတြ ဘာေတြမရွိပါဘူး။ ဒီလိုအခ်ိန္မွာေတာ့ ဒါကိုအခြင့္ေကာင္းမယူဘူးလို႔လည္း ေတြးထားပါတယ္” လို႔ ဇဏ္ခီကေျပာပါတယ္။ဒီ Free Cash Program for the Needy အစီအစဥ္ကိုေတာ့ COVID- 19 ကာလၿပီးဆုံးၿပီး စီးပြားေရးမ်ား ျပန္လည္လည္ပတ္နိုင္တဲ့အထိ လုပ္နိုင္ဖို႔ ရည္႐ြယ္ထားၿပီး ပါဝင္လႉဒါန္းဖို႔လည္း ဖိတ္ေခၚထားပါတယ္။ေငြေၾကးပါဝင္လႉဒါန္းလိုတဲ့အလႉရွင္မ်ားအေနနဲ႕လည္း FCPN (Free Cash Program for the Needy) Page မွာ ဝင္ေရာက္လႉဒါန္းၿပီး ေဝမွ်ေပးၾကဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

Credit burma.irrawaddy

Post a Comment

Previous Post Next Post