(Unicode)

နာမည်ကျော်တရားဟောဆရာ ဒေးဗစ်လား Quarantine ဝင်ရောက်နေသည့် ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ထားပြီး သတ်မှတ်ကာလပြည့်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး COVID -19 အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ငံလင်းက ပြောသည်။


‘‘ကျွန်တော်တို့ အပြင်မှာပြောနေကြသလို ဟိုတယ်က ထွက်သွားတယ်ဆိုတာ သတင်းမှားပါခင်ဗျ။ လက်ရှိဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ချထားပါတယ်။သတ်မှတ်ကာလ ပြည့်သွားရင်တော့ ကျွန်တော်တို့ပြောထားပြီး ဖြစ်တဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားပါမယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ကာလအတွင်း လူစုလူဝေး ပြုလုပ်မှု ကြောင့် တရားစွဲဆိုခံ ထားရသော ဒေးဗစ်လားသည် အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းကို ဗိုလ်တထောင်မြို့နယ်ရှိ City Hotel ၌ နေထိုင်လျက်ရှိရာ မေလ ၁၉ ရက်တွင်မှ သတ်မှတ်ကာလ ပြည့်မည်ဖြစ်ကြောင်း ဦးနိုင်ငံ လင်းက ဆိုသည်။




ဒေးဗစ်လားနှင့်စပ်လျဉ်းပြီး ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီ ယာ၌ပျံ့နှံ့လျက်ရှိသော မြန်မာ နိုင်ငံဆိုင်ရာ ကနေဒါသံရုံံးက ၎င်း တို့၏နိုင်ငံသားများကို အသုတ် လိုက်ခွဲ၍ ပြန်လည်ခေါ်ယူမည် ဖြစ်ရာ မေလ ၂၂ ရက် ခရီးစဉ် တွင် ဒေးဗစ်လား၏ နာမည်ပါဝင် နေသည်ဟူသော ဖြစ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ဆက် သွယ်ထားပြီး ယင်းဖြစ်ရပ်မှန်ကန် ခြင်းရှိ၊မရှိမသိရသေးဟု ဝန်ကြီး က ထပ်လောင်းပြောကြားသည်။

အထက်ပါ အခြေအနေများ နှင့်စပ်လျဉ်းပြီး ဗိုလ်တထောင်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးစိန်သောင်း က ‘‘ဒီပုဂ္ဂိုလ်(ဒေးဗစ်လား) ကို အ မှုဖွင့်ထားတဲ့ မရမ်းကုန်းရဲစခန်း တာဝန်ရှိသူတွေလည်း လာ ရောက်စစ်ဆေးသွားပြီ။ လုံခြုံရေး ကတော့ မြို့နယ်ရဲတပ်ဖွဲ့ကတာ ဝန်ချထားပေးပါတယ်။ နောက် တစ်ခုက သက်ဆိုင်ရာဟိုတယ်ရဲ့ လုံခြုံရေးတွေကလည်း ပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်’’ ဟု ပြောသည်။


ကပ်ရောဂါကာလအတွင်း လူစုလူဝေးဦး ဆောင်ပြုလုပ်ခဲ့ သော တရားဟောဆရာ ဒေးဗစ် လားနှင့် ဦးဆောင်သူလေးဦးကို အင်းစိန်မြို့နယ်ရဲစခန်းနှင့် မရမ်း ကုန်းမြို့နယ် ရဲစခန်းတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အ မှုဖွင့် အရေးယူထားကြောင်း ဧပြီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့ သည်။ လူနာအမှတ် ၅၀ ဖြစ်သောဒေးဗစ်လားမှာ ၂ ကြိမ်ဆက်ပိုးကင်းစင်ကြောင်း မေ ၁ ရက်တွင် ဝန်ကြီးဌာနက ထုတ်ပြန်ပြီး မေ ၇ ရက်တွင်ဆေးရုံမှဆင်းခွင့်ရကာ ဟိုတယ်တွင် ဆက်လက်ကန့်သတ်စောင့်ကြည့်မှု ခံယူနေခြင်းဖြစ်သည်။

#7day

(Zawgyi)

နာမည္ေက်ာ္တရားေဟာဆရာ ေဒးဗစ္လား Quarantine ဝင္ေရာက္ေနသည့္ ဟိုတယ္ကို လုံၿခဳံေရးတိုးျမႇင့္ထားၿပီး သတ္မွတ္ကာလျပည့္ပါက ဥပေဒအတိုင္း ဆက္လက္ေဆာင္႐ြက္သြားမည္ဟု ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးႏွင့္ တိုင္းေဒသႀကီး COVID -19 အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီဥကၠ႒ ဦးႏိုင္ငံလင္းက ေျပာသည္။


‘‘ကြၽန္ေတာ္တို႔ အျပင္မွာေျပာေနၾကသလို ဟိုတယ္က ထြက္သြားတယ္ဆိုတာ သတင္းမွားပါခင္ဗ်။ လက္ရွိဟိုတယ္ကို လုံၿခဳံေရးတိုးျမႇင့္ခ်ထားပါတယ္။သတ္မွတ္ကာလ ျပည့္သြားရင္ေတာ့ ကြၽန္ေတာ္တို႔ေျပာထားၿပီး ျဖစ္တဲ့အတိုင္း ဥပေဒအရ ဆက္လက္ေဆာင္႐ြက္သြားပါမယ္’’ ဟု ၎က ေျပာသည္။

ထို႔အျပင္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ကာလအတြင္း လူစုလူေဝး ျပဳလုပ္မႈ ေၾကာင့္ တရားစြဲဆိုခံ ထားရေသာ ေဒးဗစ္လားသည္ အသြားအလာ ကန႔္သတ္ ေစာင့္ၾကည့္ျခင္းကို ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ City Hotel ၌ ေနထိုင္လ်က္ရွိရာ ေမလ ၁၉ ရက္တြင္မွ သတ္မွတ္ကာလ ျပည့္မည္ျဖစ္ေၾကာင္း ဦးႏိုင္ငံ လင္းက ဆိုသည္။



ေဒးဗစ္လားႏွင့္စပ္လ်ဥ္းၿပီး ယခုရက္ပိုင္းအတြင္း ဆိုရွယ္မီဒီ ယာ၌ပ်ံ႕ႏွံ႔လ်က္ရွိေသာ ျမန္မာ ႏိုင္ငံဆိုင္ရာ ကေနဒါသံ႐ုံံးက ၎ တို႔၏ႏိုင္ငံသားမ်ားကို အသုတ္ လိုက္ခြဲ၍ ျပန္လည္ေခၚယူမည္ ျဖစ္ရာ ေမလ ၂၂ ရက္ ခရီးစဥ္ တြင္ ေဒးဗစ္လား၏ နာမည္ပါဝင္ ေနသည္ဟူေသာ ျဖစ္ရပ္အေပၚ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ဆက္ သြယ္ထားၿပီး ယင္းျဖစ္ရပ္မွန္ကန္ ျခင္းရွိ၊မရွိမသိရေသးဟု ဝန္ႀကီး က ထပ္ေလာင္းေျပာၾကားသည္။

အထက္ပါ အေျခအေနမ်ား ႏွင့္စပ္လ်ဥ္းၿပီး ဗိုလ္တေထာင္ၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမႉးဦးစိန္ေသာင္း က ‘‘ဒီပုဂၢိဳလ္(ေဒးဗစ္လား) ကို အ မႈဖြင့္ထားတဲ့ မရမ္းကုန္းရဲစခန္း တာဝန္ရွိသူေတြလည္း လာ ေရာက္စစ္ေဆးသြားၿပီ။ လုံၿခဳံေရး ကေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကတာ ဝန္ခ်ထားေပးပါတယ္။ ေနာက္ တစ္ခုက သက္ဆိုင္ရာဟိုတယ္ရဲ႕ လုံၿခဳံေရးေတြကလည္း ပူးေပါင္း ေဆာင္႐ြက္ေပးေနပါတယ္’’ ဟု ေျပာသည္။



ကပ္ေရာဂါကာလအတြင္း လူစုလူေဝးဦး ေဆာင္ျပဳလုပ္ခဲ့ ေသာ တရားေဟာဆရာ ေဒးဗစ္ လားႏွင့္ ဦးေဆာင္သူေလးဦးကို အင္းစိန္ၿမိဳ႕နယ္ရဲစခန္းႏွင့္ မရမ္း ကုန္းၿမိဳ႕နယ္ ရဲစခန္းတို႔တြင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ အ မႈဖြင့္ အေရးယူထားေၾကာင္း ဧၿပီ ၁၄ ရက္တြင္ ရန္ကုန္တိုင္းေဒသ ႀကီး COVID-19 ကာကြယ္ထိန္း ခ်ဳပ္ကုသေရးႏွင့္ အေရးေပၚတုံ႔ ျပန္ေရးေကာ္မတီက ထုတ္ျပန္ခဲ့ သည္။ လူနာအမွတ္ ၅၀ ျဖစ္ေသာေဒးဗစ္လားမွာ ၂ ႀကိမ္ဆက္ပိုးကင္းစင္ေၾကာင္း ေမ ၁ ရက္တြင္ ဝန္ႀကီးဌာနက ထုတ္ျပန္ၿပီး ေမ ၇ ရက္တြင္ေဆး႐ုံမွဆင္းခြင့္ရကာ ဟိုတယ္တြင္ ဆက္လက္ကန႔္သတ္ေစာင့္ၾကည့္မႈ ခံယူေနျခင္းျဖစ္သည္။

#7day

Post a Comment

Previous Post Next Post