(Unicode)

ဘင်္ဂလားဒေ့ရှ်တွင် ဆေးရုံတရုံမီးလောင်၊ ကိုဗစ်-၁၉ လူနာ ၅ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆေးရုံတရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့အတွက် ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာ ၅ ယောက် သေဆုံးခဲ့ရတယ်လို့ မီးသတ်တပ် ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။ဒီအဖြစ်အပျက်ဟာ မေလ ၂၇ ရက်နေ့ ညပိုင်းက ယူနိုက်တက်ဆေးရုံမှာဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုဟာ ဆေးရုံလေအေးပေးစက်ပေါက်ကွဲမှုကနေ စတင်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကာမူးဟာဆန်က ပြောပါတယ်။




“မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အချိန် ၁ နာရီအတွင်းမှာပဲ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူ ၅ ယောက်ကတော့ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်။”အရှိန်မထိန်းနိုင်ဘဲ မီးကို ပိုမိုကူးစက်စေခဲ့တာကတော့ မီးလောင်လွယ်တဲ့ အရာတွေဖြစ်တဲ့ လက်သန့်စင်ဆေးရည်တွေကြောင့်ဖြစ်နိုင်တယ်လို့ ဒါကာမြို့တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဆူဒစ်ပ်ကူးမားချက်ကရာဘော်တီက ပြောပါတယ်။



သေဆုံးရသူ ၅ ယောက်ကတော့ အသက် ၄၅ နှစ်ကနေ ၇၅ နှစ်ကြား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ဆေးရုံတာဝန်ကျ ဆရာဝန်တယောက်ကတော့ ခုလိုမီးလောင်ကျွမ်းမှုကြောင့် လူနာအားလုံး အထိတ်တလန့်ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။“ကျနော်တို့က အရင်ကတည်းက (ဒီကပ်ဘေးကြောင့်) လုပ်ငန်းခွင်တွင်း စိတ်ဖိစီးမှုတွေ ရှိနေခဲ့တာလေ။ မီးလောင်မှုထပ်ဖြစ်တော့ ကျနော့်တို့ကို ပိုပြီးတော့ ခေါင်းခဲစေတာပေါ့” လို့ သူက ဆိုပါတယ်။



ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၄ သောင်းနီးပါးရှိလာနေပြီး သေဆုံးသူ ၅၄၄ ယောက်ရှိလာခဲ့ချိန်မှာတော့ ဆေးရုံတွေအနေနဲ့ စောင့်ရှောက်ကုသရေးလုပ်ငန်းတွေနဲ့ လုံးပန်းနေကြရချိန် ဖြစ်ပါတယ်။အစိုးရတာဝန်ရှိသူတွေကလည်း ခုသီတင်းပတ်အတွင်း ဆေးရုံတွေအားလုံးကို ကိုဗစ်-၁၉ တိုက်ဖျက်ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဘဂၤလားေဒ့ရွ္ႏိုင္ငံေဆး႐ုံတ႐ုံမွာ မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တဲ့အတြက္ ေဆး႐ုံမွာ တက္ေရာက္ကုသေနတဲ့ ကိုဗစ္-၁၉ လူနာ ၅ ေယာက္ ေသဆုံးခဲ့ရတယ္လို႔ မီးသတ္တပ္ ဖြဲ႕တာဝန္ရွိသူတေယာက္က ေျပာပါတယ္။ဒီအျဖစ္အပ်က္ဟာ ေမလ ၂၇ ရက္ေန႔ ညပိုင္းက ယူႏိုက္တက္ေဆး႐ုံမွာျဖစ္ခဲ့တာျဖစ္ၿပီး မီးေလာင္ကြၽမ္းမႈဟာ ေဆး႐ုံေလေအးေပးစက္ေပါက္ကြဲမႈကေန စတင္ခဲ့တာလို႔ မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူတေယာက္ျဖစ္တဲ့ ကာမူးဟာဆန္က ေျပာပါတယ္။


“မီးသတ္တပ္ဖြဲ႕ဝင္ေတြဟာ အခ်ိန္ ၁ နာရီအတြင္းမွာပဲ မီးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈေၾကာင့္ လူ ၅ ေယာက္ကေတာ့ အသက္ရႉၾကပ္ၿပီး ေသဆုံးသြားခဲ့ပါတယ္။”အရွိန္မထိန္းႏိုင္ဘဲ မီးကို ပိုမိုကူးစက္ေစခဲ့တာကေတာ့ မီးေလာင္လြယ္တဲ့ အရာေတြျဖစ္တဲ့ လက္သန႔္စင္ေဆးရည္ေတြေၾကာင့္ျဖစ္ႏိုင္တယ္လို႔ ဒါကာၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ ဆူဒစ္ပ္ကူးမားခ်က္ကရာေဘာ္တီက ေျပာပါတယ္။


ေသဆုံးရသူ ၅ ေယာက္ကေတာ့ အသက္ ၄၅ ႏွစ္ကေန ၇၅ ႏွစ္ၾကား အမ်ိဳးသား ၄ ေယာက္နဲ႔ အမ်ိဳးသမီးတေယာက္ျဖစ္တယ္လို႔ ဆိုပါတယ္။ေဆး႐ုံတာဝန္က် ဆရာဝန္တေယာက္ကေတာ့ ခုလိုမီးေလာင္ကြၽမ္းမႈေၾကာင့္ လူနာအားလုံး အထိတ္တလန႔္ျဖစ္ခဲ့ၾကရတယ္လို႔ ေျပာပါတယ္။“က်ေနာ္တို႔က အရင္ကတည္းက (ဒီကပ္ေဘးေၾကာင့္) လုပ္ငန္းခြင္တြင္း စိတ္ဖိစီးမႈေတြ ရွိေနခဲ့တာေလ။ မီးေလာင္မႈထပ္ျဖစ္ေတာ့ က်ေနာ့္တို႔ကို ပိုၿပီးေတာ့ ေခါင္းခဲေစတာေပါ့” လို႔ သူက ဆိုပါတယ္။


ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရ သူ ၄ ေသာင္းနီးပါးရွိလာေနၿပီး ေသဆုံးသူ ၅၄၄ ေယာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ေဆး႐ုံေတြအေနနဲ႔ ေစာင့္ေရွာက္ကုသေရးလုပ္ငန္းေတြနဲ႔ လုံးပန္းေနၾကရခ်ိန္ ျဖစ္ပါတယ္။အစိုးရတာဝန္ရွိသူေတြကလည္း ခုသီတင္းပတ္အတြင္း ေဆး႐ုံေတြအားလုံးကို ကိုဗစ္-၁၉ တိုက္ဖ်က္ကုသေရးလုပ္ငန္းေတြမွာ ပါဝင္ၾကဖို႔ အမိန႔္ထုတ္ျပန္ထားခဲ့တာ ျဖစ္ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post