(Unicode)

အားကစားဝန်ကြီး ဟောင်း၏သား ဖြိုးကိုကိုတင့်ဆန်းသည် မန္တလေး အိုးဘိုအကျဉ်းထောင်ထောင်တွင် ပြစ်ဒဏ် ချမှတ်ခံနေရခြင်း ဖြစ်ပြီး ထောင်ဝင်စာ တွေ့ဆုံခွင့်မရှိခဲ့သော်လည်း ၎င်း၏ ကျန်းမာရေး မှာ ကောင်းမွန်လျှက် ရှိကြောင်း ပြောသည်။၂၀၁၇ အောက်တိုဘာ ၁၅ရက် နေပြည်တော်လေဆိပ်တွင် မူးယစ်၊ လက်နက်များနှင့်ဖမ်းမိခဲ့သည့် အမှုကို ၂နှစ်ကျော်ကြာစစ်ဆေးအပြီးတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အခုလို ပြစ်ဒဏ် မချသင့်လို့ပေါ့။ ပြစ်ဒဏ်ချထားတာ မှားယွင်းနေတယ် ဆိုတဲ့ သဘောနဲ့အယူခံတက် တာပေါ့”ဟု ဖြိုးကိုကိုတင့်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောသည်။မူလတရားရုံး အမှုတွဲတွင် သက်သေတွက်ဆိုချက်များအရ ပြစ်ဒဏ်ချထားခြင်းသည် မှားယွင်းကြောင်း တွေ့ရှိ သုံးသပ်ချက်အရ ပြန်လည်တည့်မတ် ပြင်ဆင်ပေးရန် အယူခံတက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထောင်ဒဏ် နှစ်၃၀ကျော် ချမှတ် ခံထားရသည့် အမှု၁၄ခု အတွက် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦး ၏ ပြစ်ဒဏ်မှာ မှားယွင်း နေသည် ဟုဆိုကာ အယူခံပြင်ဆင်မှု လျှောက်ထားလိုက်ကြောင်း ဦးမြင့်အောင်က ပြောသည်။မူလရုံးက ပြစ်ဒဏ်ချထားသည့် ၁၄မှုစလုံးတွင် အယူ ခံ ၁၁မှု၊ ပြင်ဆင်ချက် သုံးမှု ကို မေ ၂၁ရက်က မန္တလေးတိုင်း တရားလွှတ်တော်ရုံး ၌ တင်သွင်းခဲ့ ကြောင်း ၎င်းက ဆိုသည်။



ထို့ပြင် ထောင်ဒဏ်တစ်လ ချမှတ်ခံရပြီး အယူခံတက်ခွင့်မရှိသည့် ဆက်သွယ်ရေးပုဒ်မနှစ်ခုနှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မတစ်ခု စုစုပေါင်း ပုဒ်မသုံးခုအတွက် ပြင်ဆင်ချက် တက်ခဲ့ခြင်း ဖြစ်သည်။ဒရုန်းတင်သွင်းမှုကြောင့် ပြစ်ဒဏ်ချခံထားရမှုသည် နိုင်ငံခြားမှ တင်သွင်းလာချိန် တွင် ဖမ်းဆီးရမည် ဖြစ်သော်လည်း ယင်းအချိန်တွင် ဖမ်းမိခြင်းမဟုတ်ကြောင်း သက်သေအားလုံးက ထွက်ဆိုထားပြီဟု ဆိုသည်။

ယင်းပစ္စည်းကို ဖြိုးကိုကိုတင့်ဆန်းအနေဖြင့် ရန်ကုန်မြို့ရှိ ရောင်းချသည့်ဆိုင်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်၍ ပြစ်ဒဏ်ချ ထားမှုမှာ မှားယွင်း နေ ခြင်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။နိုင်ငံတော် အတွင်း မှာ ရောက်နေ ပြီလေ။ နယ်စပ်နဲ့ အလှမ်းဝေးတဲ့ နေရာဖြစ် နေတယ်၊။ ဒါ ကြောင့် ဒါတွေကို ပြစ်ဒဏ်ပေးတာ မှားတယ်ဆိုပြီး ပြန်တက်တဲ့ သဘောပါ”ဟု ဦးမြင့်အောင်က ဆိုသည်။

ထိုသို့ အယူခံလျှောက်ထားလိုက်မှုအပေါ် အမှုနံပါတ်ရရှိခဲ့ပြီး တရားရုံးမှ လက်ခံသင့်၊မသင့် ကြားနာသွား မည်ဖြစ်ကြောင်း သိရသည်။

REF: ဆဲဗင်းဒေး

(Zawgyi)

အားကစားဝန္ႀကီး ေဟာင္း၏သား ၿဖိဳးကိုကိုတင့္ဆန္းသည္ မႏၲေလး အိုးဘိုအက်ဥ္းေထာင္ေထာင္တြင္ ျပစ္ဒဏ္ ခ်မွတ္ခံေနရျခင္း ျဖစ္ၿပီး ေထာင္ဝင္စာ ေတြ႕ဆုံခြင့္မရွိခဲ့ေသာ္လည္း ၎၏ က်န္းမာေရး မွာ ေကာင္းမြန္လွ်က္ ရွိေၾကာင္း ေျပာသည္။၂၀၁၇ ေအာက္တိုဘာ ၁၅ရက္ ေနျပည္ေတာ္ေလဆိပ္တြင္ မူးယစ္၊ လက္နက္မ်ားႏွင့္ဖမ္းမိခဲ့သည့္ အမႈကို ၂ႏွစ္ေက်ာ္ၾကာစစ္ေဆးအၿပီးတြင္ အမိန႔္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

အခုလို ျပစ္ဒဏ္ မခ်သင့္လို႔ေပါ့။ ျပစ္ဒဏ္ခ်ထားတာ မွားယြင္းေနတယ္ ဆိုတဲ့ သေဘာနဲ႔အယူခံတက္ တာေပါ့”ဟု ၿဖိဳးကိုကိုတင့္ဆန္း၏ တရားလႊတ္ေတာ္ေရွ႕ေန ဦးျမင့္ေအာင္က ေျပာသည္။မူလတရား႐ုံး အမႈတြဲတြင္ သက္ေသတြက္ဆိုခ်က္မ်ားအရ ျပစ္ဒဏ္ခ်ထားျခင္းသည္ မွားယြင္းေၾကာင္း ေတြ႕ရွိ သုံးသပ္ခ်က္အရ ျပန္လည္တည့္မတ္ ျပင္ဆင္ေပးရန္ အယူခံတက္ရျခင္း ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

ေထာင္ဒဏ္ ႏွစ္၃၀ေက်ာ္ ခ်မွတ္ ခံထားရသည့္ အမႈ၁၄ခု အတြက္ ၿဖိဳးကိုကိုတင့္ဆန္း အပါအဝင္ သုံးဦး ၏ ျပစ္ဒဏ္မွာ မွားယြင္း ေနသည္ ဟုဆိုကာ အယူခံျပင္ဆင္မႈ ေလွ်ာက္ထားလိုက္ေၾကာင္း ဦးျမင့္ေအာင္က ေျပာသည္။မူလ႐ုံးက ျပစ္ဒဏ္ခ်ထားသည့္ ၁၄မႈစလုံးတြင္ အယူ ခံ ၁၁မႈ၊ ျပင္ဆင္ခ်က္ သုံးမႈ ကို ေမ ၂၁ရက္က မႏၲေလးတိုင္း တရားလႊတ္ေတာ္႐ုံး ၌ တင္သြင္းခဲ့ ေၾကာင္း ၎က ဆိုသည္။

ထို႔ျပင္ ေထာင္ဒဏ္တစ္လ ခ်မွတ္ခံရၿပီး အယူခံတက္ခြင့္မရွိသည့္ ဆက္သြယ္ေရးပုဒ္မႏွစ္ခုႏွင့္ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မတစ္ခု စုစုေပါင္း ပုဒ္မသုံးခုအတြက္ ျပင္ဆင္ခ်က္ တက္ခဲ့ျခင္း ျဖစ္သည္။ဒ႐ုန္းတင္သြင္းမႈေၾကာင့္ ျပစ္ဒဏ္ခ်ခံထားရမႈသည္ ႏိုင္ငံျခားမွ တင္သြင္းလာခ်ိန္ တြင္ ဖမ္းဆီးရမည္ ျဖစ္ေသာ္လည္း ယင္းအခ်ိန္တြင္ ဖမ္းမိျခင္းမဟုတ္ေၾကာင္း သက္ေသအားလုံးက ထြက္ဆိုထားၿပီဟု ဆိုသည္။

ယင္းပစၥည္းကို ၿဖိဳးကိုကိုတင့္ဆန္းအေနျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေရာင္းခ်သည့္ဆိုင္ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္၍ ျပစ္ဒဏ္ခ် ထားမႈမွာ မွားယြင္း ေန ျခင္း ျဖစ္ေၾကာင္း ၎က ေထာက္ျပသည္။ႏိုင္ငံေတာ္ အတြင္း မွာ ေရာက္ေန ၿပီေလ။ နယ္စပ္နဲ႔ အလွမ္းေဝးတဲ့ ေနရာျဖစ္ ေနတယ္၊။ ဒါ ေၾကာင့္ ဒါေတြကို ျပစ္ဒဏ္ေပးတာ မွားတယ္ဆိုၿပီး ျပန္တက္တဲ့ သေဘာပါ”ဟု ဦးျမင့္ေအာင္က ဆိုသည္။

ထိုသို႔ အယူခံေလွ်ာက္ထားလိုက္မႈအေပၚ အမႈနံပါတ္ရရွိခဲ့ၿပီး တရား႐ုံးမွ လက္ခံသင့္၊မသင့္ ၾကားနာသြား မည္ျဖစ္ေၾကာင္း သိရသည္။



REF: ဆဲဗင္းေဒး

Post a Comment

Previous Post Next Post