(Unicode)

ကိုဗစ်ထိန်းချုပ်ရေး ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် ဆိုင်ရှင်နှင့် ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက် များတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အဝင်းတွင် Hand Gel၊ လက်ဆေးကန်များ ထားရှိပေးရန်၊ စားသောက်ဆိုင်၊ လက်ဖက် ရည်ဆိုင်ရှိ စားပွဲများတွင် ဆိုင်ထိုင်စားသောက်မည့် လူတစ်ဦးနှင့် တစ်ဦးကြား အကွာအဝေး၊ လူတစ်ဦးနှင့် တစ်ဦးကြား ကာရံထားရမည့် Partition အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားရှိရန်၊ အစားအသောက် ရောင်းချ၊ ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူများ အားလုံး Face Shield နှင့် Mask တပ်ဆင်ထားရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

COVID-19 ရောဂါလက္ခဏာ မပြသူများတွင်လည်း ရောဂါပိုး ကူးစက်ခံရမှုရှိနိုင်သည်ကို တွေ့ရှိလာပြီဖြစ်သည့်အတွက် အစားအသောက် ချက်ပြုတ်ပြင်ဆင် ဝန်ဆောင်မှုပေးသူများ အားလုံး လိုအပ်သော စစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ ဆိုင်အဝင်၊ ဆိုင်အတွင်းတို့ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး သတိပေးနှိုးဆော်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များအား ကပ်ထား၊ စိုက်ထူရန်၊ Face Shield နှင့် Mask တပ်ဆင်လာခြင်း မရှိသော စား သုံးသူများအား ဆိုင်အဝင်ဝတွင် Face Shield နှင့် Mask များ ဝယ်ယူနိုင်ရေး၊ ဈေးနှုန်း အမှန်အတိုင်း ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက် စေရန် ကြေညာချက်တွင် ဖော်ပြထားသည်။

စားသုံးသူများ လိုက်နာရန် စည်းကမ်းချက်များ အနေဖြင့် Face Shield နှင့် Mask တပ်ဆင်လာကြရန်၊ စားသုံးသူများ အနေဖြင့် ဆိုင်ထိုင် စားသောက်ချိန်၌ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာစေ ရေး ကြပ်မတ်ဆောင်ရွက်ရန် ကြေညာချက်အရ သိရသည်။

                      

ပြန်လည်ဖွင့်လှစ်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှုမရှိပါက ပထမအကြိမ် သတိပေး ခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်ခြင်းနှင့် တတိယအကြိမ် လိုက်နာမှုမရှိပါက ကာလအကန့်အသတ် တစ်ခုအထိ ပိတ်သိမ်းမည်ဖြစ် ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားသည်။


REF: ELEVEN MEDIA

(Zawgyi)

ကိုဗစ္ထိန္းခ်ဳပ္ေရး ေကာ္မတီက သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားအနက္ ဆိုင္ရွင္ႏွင့္ ဝန္ထမ္းမ်ား လိုက္နာရမည့္ စည္းကမ္းခ်က္ မ်ားတြင္ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္အဝင္းတြင္ Hand Gel၊ လက္ေဆးကန္မ်ား ထားရွိေပးရန္၊ စားေသာက္ဆိုင္၊ လက္ဖက္ ရည္ဆိုင္ရွိ စားပြဲမ်ားတြင္ ဆိုင္ထိုင္စားေသာက္မည့္ လူတစ္ဦးႏွင့္ တစ္ဦးၾကား အကြာအေဝး၊ လူတစ္ဦးႏွင့္ တစ္ဦးၾကား ကာရံထားရမည့္ Partition အား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အတိုင္း ေဆာင္႐ြက္ထားရွိရန္၊ အစားအေသာက္ ေရာင္းခ်၊ ျပင္ဆင္၊ ဝန္ေဆာင္မႈေပးသူမ်ား အားလုံး Face Shield ႏွင့္ Mask တပ္ဆင္ထားရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည္။

COVID-19 ေရာဂါလကၡဏာ မျပသူမ်ားတြင္လည္း ေရာဂါပိုး ကူးစက္ခံရမႈရွိႏိုင္သည္ကို ေတြ႕ရွိလာၿပီျဖစ္သည့္အတြက္ အစားအေသာက္ ခ်က္ျပဳတ္ျပင္ဆင္ ဝန္ေဆာင္မႈေပးသူမ်ား အားလုံး လိုအပ္ေသာ စစ္ေဆးမႈမ်ားကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ၫႊန္ၾကား ခ်က္မ်ားႏွင့္အညီ ၾကပ္မတ္ေဆာင္႐ြက္ရန္၊ ဆိုင္အဝင္၊ ဆိုင္အတြင္းတို႔ရွိ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ က်န္းမာေရး သတိေပးႏႈိးေဆာ္ခ်က္ ပိုစတာမ်ား၊ ဆိုင္းဘုတ္မ်ားအား ကပ္ထား၊ စိုက္ထူရန္၊ Face Shield ႏွင့္ Mask တပ္ဆင္လာျခင္း မရွိေသာ စား သုံးသူမ်ားအား ဆိုင္အဝင္ဝတြင္ Face Shield ႏွင့္ Mask မ်ား ဝယ္ယူႏိုင္ေရး၊ ေစ်းႏႈန္း အမွန္အတိုင္း ေရာင္းခ်ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ ေစရန္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

စားသုံးသူမ်ား လိုက္နာရန္ စည္းကမ္းခ်က္မ်ား အေနျဖင့္ Face Shield ႏွင့္ Mask တပ္ဆင္လာၾကရန္၊ စားသုံးသူမ်ား အေနျဖင့္ ဆိုင္ထိုင္ စားေသာက္ခ်ိန္၌ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေစ ေရး ၾကပ္မတ္ေဆာင္႐ြက္ရန္ ေၾကညာခ်က္အရ သိရသည္။

ျပန္လည္ဖြင့္လွစ္သည့္ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္မ်ား သတ္မွတ္စည္းကမ္းႏွင့္ ညီၫြတ္မႈမရွိပါက ပထမအႀကိမ္ သတိေပး ျခင္း၊ ဒုတိယအႀကိမ္ ဒဏ္ေငြခ်မွတ္ျခင္းႏွင့္ တတိယအႀကိမ္ လိုက္နာမႈမရွိပါက ကာလအကန႔္အသတ္ တစ္ခုအထိ ပိတ္သိမ္းမည္ျဖစ္ ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေၾကညာထားသည္။


REF: ELEVEN MEDIA

Post a Comment

Previous Post Next Post