(Umicode)

မေ (၃၁)ရက် အထိ (၅)ဦး ထက် ပို၍ လူစုလူဝေး မထုတ်ပြန်ရ အမိန့်ကြေညာ ချက်ကို Covid 19 ကာကွယ်ထိန်းချုပ် ကုသရေးဗဟို ကော် မတီ က ထုတ်ပြန်ထားရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် သည် ယင်းအမိန့် ကို ဆန့် ကျင်ရာရောက် နေ ကြောင်း ဝေဖန်မှုများ ရှိလာပြီး နောက် နိုင်ငံတော် သမ္မတရုံးက ပြန်လည် ရှင်းလင်းတင်ပြရန် ညွှန်ကြားခြင်းဖြစ် သည်။ ရန်ကုန်တိုင်း အစိုး ရအဖွဲ့ ဘက်ကမူ ၎င်းတို့ အနေဖြင့် ဥပဒေ ကို ချိုးဖောက်ဆောင် ရွက်ခြင်းမျိုးမရှိကြောင်း ဖြေရှင်းချက်ထုတ်ပြန်ထားသည်။

သို့သော်လည်း ပရိသတ်များ ပူးပေါင်း ပါဝင်မှုများသွား သဖြင့် ယင်း ကဲ့သို့ လူစုလူဝေး ဖြစ်သွားခြင်းသာဖြစ်ကြောင်း မီဒီယာအချို့တွင် ပြန်လည်ရှင်းလင်းထား သည်။ မြန်မာနိုင်ငံတွင် Covid 19ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် မေလ (၃၁)ရက်နေ့ အထိ လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားချက် ကို ဇွန်လ (၁၅) ရက်နေ့ထိ သက်တမ်းတိုး လိုက်ပြီး ကဏ္ဍ အချို့တွင် ဖြေလျှော့မှုများ ပြုလုပ် ခဲ့သည်။


လူမစုရ အမိန့်ထုတ်ပြန်ထားသော် လည်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က မေ (၂၄)ရက် တွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ရှင်ဥပဂုတ္တ ဖောင်တော် ရေချပူဇော် မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့်အ ပေါ် စောလျင်စွာဖြေရှင်း တင်ပြရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကို အကြောင်း ကြား ထားကြောင်း နိုင်ငံတော် သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ယနေ့မေ (၃၀)ရက် တွင် ပြုလုပ် သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲ တွင် ပြော သည်။

”ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူဖြေရှင်း တင်ပြဖို့ရှိပါတယ်။ အဲဒီဖြေရှင်း တင် ပြချက်ပေါ် မှာ မူတည်ပြီး တော့ ပဲလူကြီးတွေက စီမံဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ပြန်လည် ရှင်းလင်းတင်ပြရာတွင် အမြန်ဆုံး ဖြစ်အောင် စော လျင် စွာတင်ပြရန်ဟု ရုံးစာတွင်ပါရှိကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။ ကျွန်တော် တို့က စောလျင် စွာ ရုံးစာသဘော အရ စောလျင်စွာ ဆိုတာ အမြန်ဆုံးပြန်တင်ပြဖို့ ကျွန်တော်တို့ ကညွှန် ကြား ထားတာဖြစ် ပါတယ်။

အဲဒီတော့ဒီစာရောက်တာနဲ့ စောလျင်စွာဆိုတော့ သူပြန်ပြီးတော့ ဖြေရှင်းပြီး တော့ အမြန်ဆုံး လာမယ့်အပတ်အတွင်း တော့ ရောက် မယ် လို့ ကျွန်တော်တို့ ယူဆတယ် လေ” ဟု ၎င်းက ပြော သည်။

Crd: The myanmar Time

(Zawgyi)

ေမ (၃၁)ရက္ အထိ (၅)ဦး ထက္ ပို၍ လူစုလူေဝး မထုတ္ျပန္ရ အမိန႔္ေၾကညာ ခ်က္ကို Covid 19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရးဗဟို ေကာ္ မတီ က ထုတ္ျပန္ထားရာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္ သည္ ယင္းအမိန႔္ ကို ဆန႔္ က်င္ရာေရာက္ ေန ေၾကာင္း ေဝဖန္မႈမ်ား ရွိလာၿပီး ေနာက္ ႏိုင္ငံေတာ္ သမၼတ႐ုံးက ျပန္လည္ ရွင္းလင္းတင္ျပရန္ ၫႊန္ၾကားျခင္းျဖစ္ သည္။ ရန္ကုန္တိုင္း အစိုး ရအဖြဲ႕ ဘက္ကမူ ၎တို႔ အေနျဖင့္ ဥပေဒ ကို ခ်ိဳးေဖာက္ေဆာင္ ႐ြက္ျခင္းမ်ိဳးမရွိေၾကာင္း ေျဖရွင္းခ်က္ထုတ္ျပန္ထားသည္။

သို႔ေသာ္လည္း ပရိသတ္မ်ား ပူးေပါင္း ပါဝင္မႈမ်ားသြား သျဖင့္ ယင္း ကဲ့သို႔ လူစုလူေဝး ျဖစ္သြားျခင္းသာျဖစ္ေၾကာင္း မီဒီယာအခ်ိဳ႕တြင္ ျပန္လည္ရွင္းလင္းထား သည္။ ျမန္မာႏိုင္ငံတြင္ Covid 19ကာကြယ္ ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းမ်ား ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ေရး အတြက္ ေမလ (၃၁)ရက္ေန႔ အထိ လူစုလူေဝး မျပဳလုပ္ရန္ ၫႊန္ၾကားခ်က္ ကို ဇြန္လ (၁၅) ရက္ေန႔ထိ သက္တမ္းတိုး လိုက္ၿပီး က႑ အခ်ိဳ႕တြင္ ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ ခဲ့သည္။

လူမစုရ အမိန႔္ထုတ္ျပန္ထားေသာ္ လည္း ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္္ အဖြဲ႕က ေမ (၂၄)ရက္ တြင္ ဗိုလ္တေထာင္ ဆိပ္ကမ္း၌ ရွင္ဥပဂုတၱ ေဖာင္ေတာ္ ေရခ်ပူေဇာ္ မဂၤလာပြဲ ျပဳလုပ္ခဲ့သည့္အ ေပၚ ေစာလ်င္စြာေျဖရွင္း တင္ျပရန္ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ ကို အေၾကာင္း ၾကား ထားေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က ယေန႔ေမ (၃၀)ရက္ တြင္ ျပဳလုပ္ သည့္ အြန္လိုင္း သတင္းစာရွင္းလင္းပြဲ တြင္ ေျပာ သည္။

”ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအေနနဲ႔ ဒီကိစၥနဲ႔ ပတ္သက္လို႔ သူေျဖရွင္း တင္ျပဖို႔ရွိပါတယ္။ အဲဒီေျဖရွင္း တင္ ျပခ်က္ေပၚ မွာ မူတည္ၿပီး ေတာ့ ပဲလူႀကီးေတြက စီမံေဆာင္႐ြက္မွာျဖစ္ပါတယ္” ဟု ၎က ေျပာသည္။ျပန္လည္ ရွင္းလင္းတင္ျပရာတြင္ အျမန္ဆုံး ျဖစ္ေအာင္ ေစာ လ်င္ စြာတင္ျပရန္ဟု ႐ုံးစာတြင္ပါရွိေၾကာင္း ဦးေဇာ္ေဌးက ဆက္လက္ေျပာၾကားသည္။ ကြၽန္ေတာ္ တို႔က ေစာလ်င္ စြာ ႐ုံးစာသေဘာ အရ ေစာလ်င္စြာ ဆိုတာ အျမန္ဆုံးျပန္တင္ျပဖို႔ ကြၽန္ေတာ္တို႔ ကၫႊန္ ၾကား ထားတာျဖစ္ ပါတယ္။

အဲဒီေတာ့ဒီစာေရာက္တာနဲ႔ ေစာလ်င္စြာဆိုေတာ့ သူျပန္ၿပီးေတာ့ ေျဖရွင္းၿပီး ေတာ့ အျမန္ဆုံး လာမယ့္အပတ္အတြင္း ေတာ့ ေရာက္ မယ္ လို႔ ကြၽန္ေတာ္တို႔ ယူဆတယ္ ေလ” ဟု ၎က ေျပာ သည္။

Crd: The myanmar Time

Post a Comment

Previous Post Next Post