(Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၁၈၇၃ ထပ်မံ တွေ့ရှိခြင်းကြောင့် မတ်လ ၈ ရက်နောက်ပိုင်း တစ်ရက်အတွင်း အမြင့်ဆုံး ကူးစက်မှုနှုန်းဖြစ်လာခဲ့သည်။
အတည်ပြု ဓာတ်ခွဲလူနာအရေ အတွက် ၃၂၀၇၈ ဦးအထိ ရှိလာခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဉီးက ရုပ်သံသ တင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လူနာ ၂၀ ဦး ထပ်မံသေဆုံးခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၅၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးညွှန်ကြားမှာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နာစီမာဆူလ်တန်ညာက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှု ၁၀၈၃၄ ကြိမ် လုပ်ဆောင်ခဲ့ ကြောင်း ၎င်းက ပြောသည်။
မေလ ၂၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁၇၇၃ မှုမှာ အမြင့်ဆုံး ကူးစက်မှုနှုန်းဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံက အစောပိုင်းတွင် ကြေညာခဲ့သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း လူနာ ၂၉၆ ဦးကို ဆေးရုံများ၊ ဆေးခန်းများမှ ဆင်းခွင့်ပြုခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ရောဂါပြန်လည်သက်သာလာသူ အရေအတွက်မျာ ၆၄၈၆ ဉီးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ကိုးကား။ ။ဆင်ဟွာ
Ref; Bangladesh records highest daily jump with 1,873 new COVID-19 cases, tally reaches 32,078
#PeopleMedia
(Zawgyi)
ဘဂၤလားေဒ့ရွ္နိုင္ငံ ယမန္ေန႕က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္လူနာသစ္ ၁၈၇၃ ထပ္မံ ေတြ႕ရွိျခင္းေၾကာင့္ မတ္လ ၈ ရက္ေနာက္ပိုင္း တစ္ရက္အတြင္း အျမင့္ဆုံး ကူးစက္မႈႏႈန္းျဖစ္လာခဲ့သည္။
အတည္ျပဳ ဓာတ္ခြဲလူနာအေရ အတြက္ ၃၂၀၇၈ ဦးအထိ ရွိလာခဲ့ၿပီဟု က်န္းမာေရးဝန္ႀကီးဌာနမွ အဆင့္ျမင့္တာဝန္ရွိသူတစ္ဉီးက ႐ုပ္သံသ တင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။
လူနာ ၂၀ ဦး ထပ္မံေသဆုံးျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးသူ ၄၅၂ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနေအာက္ရွိ က်န္းမာေရးၫႊန္ၾကားမွာဉီးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ နာစီမာဆူလ္တန္ညာက ေျပာသည္။
ဘဂၤလားေဒ့ရွ္နိုင္ငံတစ္ဝန္း ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ဓာတ္ခြဲစစ္ေဆးမႈ ၁၀၈၃၄ ႀကိမ္ လုပ္ေဆာင္ခဲ့ ေၾကာင္း ၄င္းက ေျပာသည္။
ေမလ ၂၁ ရက္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၁၇၇၃ မႈမွာ အျမင့္ဆုံး ကူးစက္မႈႏႈန္းျဖစ္ေၾကာင္း ဘဂၤ လားေဒ့ရွ္နိုင္ငံက အေစာပိုင္းတြင္ ေၾကညာခဲ့သည္။
ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း လူနာ ၂၉၆ ဦးကို ေဆး႐ုံမ်ား၊ ေဆးခန္းမ်ားမွ ဆင္းခြင့္ျပဳခဲ့ရာ ဘဂၤလားေဒ့ရွ္ နိုင္ငံ၌ ေရာဂါျပန္လည္သက္သာလာသူ အေရအတြက္မ်ာ ၆၄၈၆ ဉီးအထိ ရွိလာခဲ့ၿပီျဖစ္သည္။
ကိုးကား။ ။ဆင္ဟြာ
Ref; Bangladesh records highest daily jump with 1,873 new COVID-19 cases, tally reaches 32,078
#PeopleMedia
Post a Comment