(Unicode)

သူ့ရဲ့ အမှုဟာ ခွင့်လွှတ်လို့ရတဲ့ အမှုမျိုးမဟုတ်ကြောင့် ရုပ်ရှင်ဥက္ကဌက ပြောပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ သရုပ်ဆောင် မင်းရာဇာကို အနုပညာလောကမှ ထုတ်ပယ်မယ်လို့ သိရပါတယ်။



သက်ငယ်မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင် မင်းရာဇာကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာလောကသားအဖြစ်မှ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့တွဲဖက်အတွင်းရေးမှူး(၂) တာဝန်ယူထားတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်က Duwun Media ကို အခုလို ပြောပြလာပါတယ်။

” မင်းရာဇာကို ထုတ်ပယ်ဖို့ဆိုတာ ဆုံးဖြတ်ချက်ချတယ်ဆိုတာထက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းမှာကို ပါပြီးသားပါ။ ဒီဖွဲ့စည်းပုံမှာ ရာဇဝတ်မှု ကျူးလွန်ရင်၊ ရုပ်ရှင်အစည်းအရုံးကို ဂုဏ်သိက္ခာငြိုးနွမ်း စေရင်၊ စည်းရုံးညီညွတ်မှု ပျက်ပြားစေတယ် ဆိုရင် ယာယီ(သို့မဟုတ်) ရာသက်ပန် ထုတ်ပယ်ရမည် ဆိုတာ ပါထားပါတယ်။ သူ့ကို တရားရုံးက ပြစ်ဒဏ်ချပြီးပြီဆိုတာနဲ့ EC အဖွဲ့တွေ ဆွေးနွေးပြီးတော့ သူ့ကို အပြစ်ပေးရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်ကလည်း သရုပ်ဆောင် မင်းရာဇာရဲ့ အမှုအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အနုပညာလောကအတွက် ခွင့်လွှတ်ပေးလို့ မရဘူးလို့လည်း Duwun Media ရဲ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေဆိုထားတာ ဖြစ်ပါတယ်။



” သူက မူးယစ်ဆေးဝါ မဟုတ်ပဲ ကာရိုက်တာနဲ့ဆိုင်တာ ဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပယ်သင့်တယ်။ သက်ငယ်မုဒိန်းမှုဆိုတာကလည်း ဒီလောကထဲမှာ တစ်ခါမှ မဖြစ်ဖူးခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ မူးယစ်ဆေးဝါး လောက်ပဲ ဖြစ်ဖူးကြတာ။ ဒါကြောင့် ခွင့်လွှတ်ပေးလို့တော့ မရဘူး။ ဒါကတော့ ကျွန်တော့်အယူအဆ နဲ့ ပြောတာပါ။ မူးယစ်ဆေးဝါး အမှုဆိုတာ ကာရိုက်တာနဲ့ မဆိုင်ဘူး ၊ ဒါပေမယ့် သူ့ သူ့ကို ထုတ်ပယ်မယ် ဆိုတာတော့ ကျွန်တော်လည်း ရုံးတွေ မဖွင့်သေးလို့ မသိသေးပါဘူး၊ မေ (၁၈) မှာ ပြန်ဖွင့်မှာဆိုတော့ အဲ့ဒီအခါကျမှ ကျွန်တော် သေချာမေးပြီး ထုတ်ပြန်သင့် ထုတ်ပြန်ရမှာပါ” လို့ သူကဆိုပါတယ်။



သရုပ်ဆောင် မင်းရာဇာကတော့ အိမ်အကူ အမျိုးသမီးကို နှိပ်စက်မှုဖြင့် ရာဇဝတ်ကြီးမှု အမှတ် ၁၇၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ယင်း အမှုကိုတော့ ၂၀၂၀ ခုနှစ် မေလ (၂၂) ရက်နေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုစတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိ ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆယ်လီရပ်ကွက်

(Zawgyi)

သူ႔ရဲ႕ အမႈဟာ ခြင့္လႊတ္လို႔ရတဲ့ အမႈမ်ိဳးမဟုတ္ေၾကာင့္ ႐ုပ္ရွင္ဥကၠဌက ေျပာပါတယ္။ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ သ႐ုပ္ေဆာင္ မင္းရာဇာကို အႏုပညာေလာကမွ ထုတ္ပယ္မယ္လို႔ သိရပါတယ္။



သက္ငယ္မုဒိန္းမႈနဲ႔ တရားရင္ဆိုင္ေနရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွ အႏုပညာေလာကသားအျဖစ္မွ ထုတ္ပယ္ေတာ့မယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕တြဲဖက္အတြင္းေရးမႉး(၂) တာဝန္ယူထားတဲ့ သ႐ုပ္ေဆာင္ ဦးဝင္းၿမိဳင္က Duwun Media ကို အခုလို ေျပာျပလာပါတယ္။

” မင္းရာဇာကို ထုတ္ပယ္ဖို႔ဆိုတာ ဆုံးျဖတ္ခ်က္ခ်တယ္ဆိုတာထက္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဖြဲ႕စည္းပုံ စည္းမ်ဥ္းမွာကို ပါၿပီးသားပါ။ ဒီဖြဲ႕စည္းပုံမွာ ရာဇဝတ္မႈ က်ဴးလြန္ရင္၊ ႐ုပ္ရွင္အစည္းအ႐ုံးကို ဂုဏ္သိကၡာၿငိဳးႏြမ္း ေစရင္၊ စည္း႐ုံးညီၫြတ္မႈ ပ်က္ျပားေစတယ္ ဆိုရင္ ယာယီ(သို႔မဟုတ္) ရာသက္ပန္ ထုတ္ပယ္ရမည္ ဆိုတာ ပါထားပါတယ္။ သူ႔ကို တရား႐ုံးက ျပစ္ဒဏ္ခ်ၿပီးၿပီဆိုတာနဲ႔ EC အဖြဲ႕ေတြ ေဆြးေႏြးၿပီးေတာ့ သူ႔ကို အျပစ္ေပးရမွာျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္။


ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျဖစ္သူ ဦးညီညီထြန္းလြင္ကလည္း သ႐ုပ္ေဆာင္ မင္းရာဇာရဲ႕ အမႈအေပၚ သူ႔ရဲ႕ သေဘာထားကို ေျပာျပလာပါတယ္။ အႏုပညာေလာကအတြက္ ခြင့္လႊတ္ေပးလို႔ မရဘူးလို႔လည္း Duwun Media ရဲ႕ ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းမႈမွာ ေျဖဆိုထားတာ ျဖစ္ပါတယ္။


” သူက မူးယစ္ေဆးဝါ မဟုတ္ပဲ ကာ႐ိုက္တာနဲ႔ဆိုင္တာ ျဖစ္တဲ့အတြက္ ႐ုပ္ရွင္အစည္းအ႐ုံးကေန ထုတ္ပယ္သင့္တယ္။ သက္ငယ္မုဒိန္းမႈဆိုတာကလည္း ဒီေလာကထဲမွာ တစ္ခါမွ မျဖစ္ဖူးခဲ့ဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ မူးယစ္ေဆးဝါး ေလာက္ပဲ ျဖစ္ဖူးၾကတာ။ ဒါေၾကာင့္ ခြင့္လႊတ္ေပးလို႔ေတာ့ မရဘူး။ ဒါကေတာ့ ကြၽန္ေတာ့္အယူအဆ နဲ႔ ေျပာတာပါ။ မူးယစ္ေဆးဝါး အမႈဆိုတာ ကာ႐ိုက္တာနဲ႔ မဆိုင္ဘူး ၊ ဒါေပမယ့္ သူ႔ သူ႔ကို ထုတ္ပယ္မယ္ ဆိုတာေတာ့ ကြၽန္ေတာ္လည္း ႐ုံးေတြ မဖြင့္ေသးလို႔ မသိေသးပါဘူး၊ ေမ (၁၈) မွာ ျပန္ဖြင့္မွာဆိုေတာ့ အဲ့ဒီအခါက်မွ ကြၽန္ေတာ္ ေသခ်ာေမးၿပီး ထုတ္ျပန္သင့္ ထုတ္ျပန္ရမွာပါ” လို႔ သူကဆိုပါတယ္။


သ႐ုပ္ေဆာင္ မင္းရာဇာကေတာ့ အိမ္အကူ အမ်ိဳးသမီးကို ႏွိပ္စက္မႈျဖင့္ ရာဇဝတ္ႀကီးမႈ အမွတ္ ၁၇၇/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။ ယင္း အမႈကိုေတာ့ ၂၀၂၀ ခုႏွစ္ ေမလ (၂၂) ရက္ေန႔ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ အမႈစတင္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ လက္ရွိ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဆယ္လီရပ္ကြက္

Post a Comment

Previous Post Next Post