(Unicode)

COVID-19 ကပ်ဘေးကာလမှာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဘုရားထီးတော်ပင့်ဖို့ လူစုလူဝေး ပြုလုပ်ခဲ့တဲ့ ဦးဆောင်သူ ဦးဇော်မင်းကို ကျိုက်မရောမြို့နယ် တရားရုံးက မေ ၁၂ ရက်မှာ ထောင်ဒဏ် ၉ လ အမိန့်ချမှတ်ခဲ့တယ်လို့ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။


ကျိုက်မရောမြို့နယ် ကြာအင်းချောင်း ကျေးရွာနေ ဦးဇော်မင်း ဦးဆောင်ပြီး မတ် ၃၀ ရက်က ဘုရားထီးတော်ပင့်ဖို့ ကား ၁၈ စီး၊ အသံချဲ့စက် ကား ၂ စီး၊ လူဦးရေ ၁၅၀ လောက်နဲ့ ကော့ကျိုက်-ဓမ္မဿ ကားလမ်းအတိုင်း လှည့်လည်ကာ ထီးတော်ပင့်ဆောင်ခဲ့ ဖြစ်ပါတယ်။



အဲဒီလို လှည့်လည်ခဲ့တဲ့အတွက်ကြောင့် ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ် ၃၀ (က)အရ တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ၉ လအမိန့်ချမှတ်ခဲ့ရတာပါ။ ပုံမှန်ဆိုရင် အစိုးရက လူစုလူဝေး မလုပ်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ဖောက်ဖျက်ကျူးလွန်ရင် နေ့ချင်းပြီး အမိန့်ချတာတွေ လုပ်ခဲ့ပေမယ့် အခုအမှုမှာတော့ ဦးဇော်မင်းက ရှေ့နေငှားပြီး အမှုရင်ဆိုင်ခဲ့တဲ့အတွက်ကြောင့် အချိန် ၁ လကျော် ကြာမြင့်ခဲ့တာပါ။



ဦးဆောင်သူ ဦးဇော်မင်းဟာ ကိုရိုနာဗိုင်းရပ်စ် COVID- 19 ရောဂါကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့က လူစုလူဝေး မလုပ်ဖို့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးနောက် ကျိုက်မရောမြို့နယ်မှာ ပထမဦးဆုံး တရားစွဲခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီဗွီဘီ

(Zawgyi)

COVID-19 ကပ္ေဘးကာလမွာ မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္မွာ ဘုရားထီးေတာ္ပင့္ဖို႔ လူစုလူေဝး ျပဳလုပ္ခဲ့တဲ့ ဦးေဆာင္သူ ဦးေဇာ္မင္းကို က်ိဳက္မေရာၿမိဳ႕နယ္ တရား႐ုံးက ေမ ၁၂ ရက္မွာ ေထာင္ဒဏ္ ၉ လ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ က်ိဳက္မေရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ရဲမႉးမင္းေအာင္က ဒီဗြီဘီကို ေျပာပါတယ္။



က်ိဳက္မေရာၿမိဳ႕နယ္ ၾကာအင္းေခ်ာင္း ေက်း႐ြာေန ဦးေဇာ္မင္း ဦးေဆာင္ၿပီး မတ္ ၃၀ ရက္က ဘုရားထီးေတာ္ပင့္ဖို႔ ကား ၁၈ စီး၊ အသံခ်ဲ႕စက္ ကား ၂ စီး၊ လူဦးေရ ၁၅၀ ေလာက္နဲ႔ ေကာ့က်ိဳက္-ဓမၼႆ ကားလမ္းအတိုင္း လွည့္လည္ကာ ထီးေတာ္ပင့္ေဆာင္ခဲ့ ျဖစ္ပါတယ္။



အဲဒီလို လွည့္လည္ခဲ့တဲ့အတြက္ေၾကာင့္ က်ိဳက္မေရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္ ၃၀ (က)အရ တရားစြဲဆိုၿပီးေနာက္ ေထာင္ဒဏ္ ၉ လအမိန႔္ခ်မွတ္ခဲ့ရတာပါ။ ပုံမွန္ဆိုရင္ အစိုးရက လူစုလူေဝး မလုပ္ဖို႔ ထုတ္ျပန္ထားတဲ့ အမိန႔္ေတြကို ေဖာက္ဖ်က္က်ဴးလြန္ရင္ ေန႔ခ်င္းၿပီး အမိန႔္ခ်တာေတြ လုပ္ခဲ့ေပမယ့္ အခုအမႈမွာေတာ့ ဦးေဇာ္မင္းက ေရွ႕ေနငွားၿပီး အမႈရင္ဆိုင္ခဲ့တဲ့အတြက္ေၾကာင့္ အခ်ိန္ ၁ လေက်ာ္ ၾကာျမင့္ခဲ့တာပါ။



ဦးေဆာင္သူ ဦးေဇာ္မင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ COVID- 19 ေရာဂါေၾကာင့္ မြန္ျပည္နယ္ အစိုးရအဖြဲ႕က လူစုလူေဝး မလုပ္ဖို႔ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ၿပီးေနာက္ က်ိဳက္မေရာၿမိဳ႕နယ္မွာ ပထမဦးဆုံး တရားစြဲခံခဲ့ရသူလည္း ျဖစ္ပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post