(Unicode)
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက် ဟူးမွန်ဆည်နှင့် ကောက်ကွေ့ဆည်ကြား ရေချောင်းအနီးလူငယ်တစ်ဦးဓါးခုတ်ခံရခဲ့ရသည့် ဖြစ်စဉ်တစ်ခု ၂၀၂၀ ခုနှစ် မေလ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်တွင်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြားသိရသည်နှင့် လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များသည်အခင်းဖြစ်ရာနေရာသို့သွားရောက်စစ်ဆေးခဲ့ရာ မောင်ထူးကိုကို(ခ)နီကိုဗစ် အသက်(၁၈)နှစ်သည် လားရှိုးမြို့ အမှတ်(၇)ရပ်ကွက်နေသူ မ…. နှင့်အတူတွေ့ရှိရပြီးမောင်ထူးကိုကို၏ ဦးခေါင်းနောက်စေ့တွင် (၄)လက်မခန့်ပြတ်ရှဒဏ်ရာရရှိကာ စိုးရိမ်ရသဖြင့် လူမှုကူညီရေးအသင်းကားနှင့်အတူ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ(၄)နာရီခန့်တွင် ထူးကိုကို မှာ ဒဏ်ရာဖြင့်လားရှိုးပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် အခင်းဖြစ်ရာတွင်အတူတကွရှိနေသူ မ……အား ရဲတပ်ဖွဲ့မှ မေးမြန်းခဲ့ရသည်ဟုဆိုသည်။မ…… ၏ ထွက်ဆိုချက်အရ ၎င်းတို့(၂)ဦးသည် မေလ(၁၇)ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန်က လာရှိုးမြို့နယ် ဂျာမိုင်ရွာအရှေ့ဘက်ရှိ ဟူးမွန်ဆည်နှင့် ကောက်ကွေ့ဆည်အကြား ရေချောင်းအနီးတွင် KENBO CLICK -125 အနက်ရောင်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး စကားပြောဆိုနေခဲ့ကြသည်ဟုဆိုသည်။
ထိုစဉ် အသက်(၃၀)ခန့် အမည်မသိ အမျိုးသားတစ်ဦးက ရောက်လာပြီး ထူးကိုကိုအား အဝေးသို့ထွက်သွားရန်ပြောဆိုသဖြင့် ထူးကိုကိုမှလည်း ထွက်မသွားပဲ မြေပြင်တွင်လှဲအိပ်နေခဲ့သည်ဟုဆိုသည်။ မကြာမီတွင် ထိုအမျိုးသားသည် အနီးသို့ရောက်လာပြီး အသင့်ကိုင်ဆောင်ထားသော ဓါးရှည်ဖြင့် ထူးကိုကို ၏ ဦးခေါင်းအား ခုတ်ရာ ဒဏ်ရာရရှိသွားပြီး ၎င်းအမည်မသိအမျိုးသားသည် ထူးကိုကိုနှင့် မ….. တို့၏ လက်ကိုင်ဖုန်း(၂)လုံ်းအား ယူဆောင်ကာထွက်ပြေးသွားကြောင်း မ…..က သက်ဆိုင်ရာရဲစခန်းသို့ထွက်ဆိုသည်။
ရဲတပ်ဖွဲ့မှတာဝန်ရှိသူများသည် အမှုဖြစ်စဉ်ပေါ်မူတည်၍ တရားခံအားဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်ကြရာ ယခင်ကလည်း အလားတူဖြစ်ရပ်မျာကျူးလွန်ဖူးသူတစ်ဦးဖြစ်သည့် အောင်ညွှန့်(ခ)အိုက်စိုင်း အသက်(၄၂)နှစ် ကျဘမ်း ၊ ရပ်ကွက်(၇)နယ်မြေ(၁၆)အား ၎င်းနေထိုင်ရာနေအိမ်မှ လားရှိုးနယ်မြေရဲစခန်းသို့ခေါ်ဆောင်ကာ စစ်ဆေးခဲ့သည်ဟုဆိုသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မင်္သကာဖွယ်ရာ အောင်ညွှန့်အား စစ်ဆေးမေးမြန်းရာမှ ၎င်းကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့သည်ဟုသိရသည်။ တရားခံ အောင်ညွှန့်သည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ရက်တွင်သေဆုံးသူ ထူးကိုကိုနှင့် မ…… တို့အား ၎င်း၏ရှေ့မှောက်တွင် ကာမစပ်ယှက်ခိုင်းပြီး ဓါးမဖြင့်ထူးကိုကို အားခုတ်ကာ ၎င်းတို့ကိုင်ဆောင်ကြသော တယ်လီဖုန်းဟမ်းဆက်(၂)လုံးအား ယူဆောင်ကာ ဆင်းကဒ်များအား ဟူးမွန်ဆည်အတွင်းလွင့်ပစ်ခဲ့ပြီးနောက် ဖုန်း(၂)လုံးအား ၎င်း၏နေအိမ်အနောက်ဘက် ထရံကြားတွင် သိုဝှက်သိမ်းဆည်းထားကြောင်းထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းခဲ့ရသည်ဟုသိရသည်။
အောင်ညွှန့်(ခ)အိုက်စိုင်း၏ နေအိမ်တွင် လက်ကိုင်ဖုန်း(၂)လုံးနှင့်အတူ ထရံတွင်ထိုးလျှက်တွေ့ရှိရသည့် အရိုးအသွား(၁)ပေ (၈)လက်မ ၊ ဗျက်(၂)လက်မခန့်ရှိ ဝါးရိုးတပ်သက်သေခံဓါးမ(၁)ချောင်း၊သစ်သားလေးဂွ(၁)လက်၊ဖန်ဂေါ်လီ(၄၀)လုံး အားစစ်ဆေးတွေ့ရှိရသဖြင့် သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ အမှုနှင့်ပတ်သက်၍ ပြစ်မှု့ကျူးလွန်သူ တရားခံ အောင်ညွှန့်(ခ)အိုက်စိုင်းအား လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လှိုင်ထွန်းမှ
၂၀၂၀ ခုနှစ် မေလ(၁၈)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲတွင် (ပ)၅၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ -၃၀၂/၃၉၄ ဖြင့် အမှု့ဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်း- သိန်းမင်းထွန်း(လားရှိုး)/Lashio News Agency
ဓါတ်ပုံ – လားရှိုးနယ်မြေရဲစခန်း
(Zawgyi)
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက် ဟူးမွန်ဆည်နှင့် ကောက်ကွေ့ဆည်ကြား ရေချောင်းအနီးလူငယ်တစ်ဦးဓါးခုတ်ခံရခဲ့ရသည့် ဖြစ်စဉ်တစ်ခု ၂၀၂၀ ခုနှစ် မေလ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီိခန့်တွင်ဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့မှတာဝန်ရှိသူများသည် အမှုဖြစ်စဉ်ပေါ်မူတည်၍ တရားခံအားဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်ကြရာ ယခင်ကလည်း အလားတူဖြစ်ရပ်မျာကျူးလွန်ဖူးသူတစ်ဦးဖြစ်သည့် အောင်ညွှန့်(ခ)အိုက်စိုင်း အသက်(၄၂)နှစ် ကျဘမ်း ၊ ရပ်ကွက်(၇)နယ်မြေ(၁၆)အား ၄င်းနေထိုင်ရာနေအိမ်မှ လားရှိုးနယ်မြေရဲစခန်းသို့ခေါ်ဆောင်ကာ စစ်ဆေးခဲ့သည်ဟုဆိုသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မင်္သကာဖွယ်ရာ အောင်ညွှန့်အား စစ်ဆေးမေးမြန်းရာမှ ၄င်းကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့သည်ဟုသိရသည်။ တရားခံ အောင်ညွှန့်သည် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့ရက်တွင်သေဆုံးသူ ထူးကိုကိုနှင့် မ…… တို့အား ၄င်း၏ရှေ့မှောက်တွင် ကာမစပ်ယှက်ခိုင်းပြီး ဓါးမဖြင့်ထူးကိုကို အားခုတ်ကာ ၄င်းတို့ကိုင်ဆောင်ကြသော တယ်လီဖုန်းဟမ်းဆက်(၂)လုံးအား ယူဆောင်ကာ ဆင်းကဒ်များအား ဟူးမွန်ဆည်အတွင်းလွင့်ပစ်ခဲ့ပြီးနောက် ဖုန်း(၂)လုံးအား ၄င်း၏နေအိမ်အနောက်ဘက် ထရံကြားတွင် သိုဝှက်သိမ်းဆည်းထားကြောင်းထွက်ဆိုသဖြင့် သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းခဲ့ရသည်ဟုသိရသည်။
Post a Comment
Previous Post Next Post