(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်။ မေ ၆
မေလ ၄ ရက်နေ့ ၂၁:၃၀ အချိန်တွင် တမူး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တမူးမြို့နယ်၊ စော်ဘွား (၃) ရပ်ကွက် အတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် တမူးမြို့၊ ဈေးတန်း (၁၀) ရပ်ကွက်နေ ဘင်ဇမင် ၂၇ နှစ် မောင်းနှင်ပြီး ပေါက်ပီး (ခ) ဖက်တီး (ခ) ပေါင်လက်ထီ စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ်



ပေါက်ပီး (ခ) ဖက်တီး(ခ) ပေါင်လက်ထီမှာ ထွက်ပြေးသွားပြီး ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ရောင်စုံ ဆပ်ပြာခွက် များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၃၉၆၀ ဂရမ် (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေ ကျပ် ၂၃၇၆ သိန်း )နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့်

တမူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

(Zawgyi)

စစ္ကိုင္းတိုင္းေဒသႀကီး၊ တမူးၿမိဳ႕နယ္တြင္ က်ပ္သိန္း ၂၀၀၀ ေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

ေနျပည္ေတာ္။ ေမ ၆
ေမလ ၄ ရက္ေန႔ ၂၁:၃၀ အခ်ိန္တြင္ တမူး ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ား ႏွင့္အတူ တမူးၿမိဳ႕နယ္၊ ေစာ္ဘြား (၃) ရပ္ကြက္ အတြင္း နယ္ေျမလွည့္ကင္းေဆာင္႐ြက္ေနစဥ္ တမူးၿမိဳ႕၊ ေဈးတန္း (၁၀) ရပ္ကြက္ေန ဘင္ဇမင္ ၂၇ ႏွစ္ ေမာင္းႏွင္ၿပီး ေပါက္ပီး (ခ) ဖက္တီး (ခ) ေပါင္လက္ထီ စီးနင္းလိုက္ပါလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား စစ္ေဆးရန္ ရပ္တန႔္ခိုင္းစဥ္

ေပါက္ပီး (ခ) ဖက္တီး(ခ) ေပါင္လက္ထီမွာ ထြက္ေျပးသြားၿပီး ဆိုင္ကယ္ခြၾကားတြင္ တင္ေဆာင္လာေသာ ဆာလာအိတ္အတြင္းမွ ေရာင္စုံ ဆပ္ျပာခြက္ မ်ားျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ အေလးခ်ိန္ ၃၉၆၀ ဂရမ္ (ေဒသကာလ ေပါက္ေဈး တန္ဖိုးေငြ က်ပ္ ၂၃၇၆ သိန္း )ႏွင့္ လက္ကိုင္ဖုန္း ၁ လုံး တို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့သျဖင့္

တမူးၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္း ရရွိသည္။

Source – C C D A C, Myanmar.

Post a Comment

Previous Post Next Post