(Unicode)

မြဝတီမြို့တွင် ရန်ဖြစ်နေသူများအား သေနတ်ဖြင့်ခြောက်လှန့်ပြီး ပစ်ခတ်ဖြန်ဖြေရာမှ လူသေဆုံးမှု ဖြစ်ပွားခဲ့

မြဝတီ မေ ၂၄။

မြဝတီမြို့အမှတ် ၅ ရပ်ကွက် ငြိမ်းချမ်းရေးလမ်းရှိ ကိုအေးသန်း ပိုင်တိုက်တန်းလျားတွင် ယနေ့ မေ ၂၄ ရက်နေ့ ဝ၁းဝဝ နာရီ အချိန်ခန့်က စကားများ
ရန်ဖြစ်မှုတစ်မှု ဖြစ်ပွားပြီး အဆိုပါတန်းလျားပိုင် ကိုအေးသန်း၏ သူငယ်ချင်းမှ ကေအမ်ယူ – ကေအမ်အလ်အေ ပီစီ လက်နက်ကိုင် တပ်ဖွဲ့အား လာ ရောက်ဖြန်ဖြေပေးရန် အကူအညီတောင်းသဖြင့် လာရောက်ဖြန်ဖြေပေးစဉ်



စကားများသူအဖွဲ့မှ အသက်ကို ရန်ရှာသည့်အတွက် မြေကြီးသို့ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်ရာ ကျည် ၂ ချက် ပေါက်ထွက်ပြီး မြေကြီးမှ ထောက်၍ ကျည်ဆံမှန်သွားခဲ့မှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


အဆိုပါဖြစ်စဉ်အား ယနေ့ နံနက် ၁ဝး၃ဝ အချိန်က မြဝတီရှေ့တန်းမှူး (အမှတ် ၉၇ ခြေလျင်တပ်ရင်းမှူး) ဒုဗိုလ်မှူးကြီးအောင်ဆန်းဝင်း၊မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသက်လင်း ဦး၊မြိူ့နယ်(လဝက) မှူး ဦးကျော်ကျော်နှင့် BGF တပ်ဖွဲ့မှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

Source – Thetoo Naing

(Zawgyi)

ျမဝတီၿမိဳ႕တြင္ ရန္ျဖစ္ေနသူမ်ားအား ေသနတ္ျဖင့္ေျခာက္လွန႔္ၿပီး ပစ္ခတ္ျဖန္ေျဖရာမွ လူေသဆုံးမႈ ျဖစ္ပြားခဲ့

ျမဝတီ ေမ ၂၄။

ျမဝတီၿမိဳ႕အမွတ္ ၅ ရပ္ကြက္ ၿငိမ္းခ်မ္းေရးလမ္းရွိ ကိုေအးသန္း ပိုင္တိုက္တန္းလ်ားတြင္ ယေန႔ ေမ ၂၄ ရက္ေန႔ ဝ၁းဝဝ နာရီ အခ်ိန္ခန႔္က စကားမ်ား
ရန္ျဖစ္မႈတစ္မႈ ျဖစ္ပြားၿပီး အဆိုပါတန္းလ်ားပိုင္ ကိုေအးသန္း၏ သူငယ္ခ်င္းမွ ေကအမ္ယူ – ေကအမ္အလ္ေအ ပီစီ လက္နက္ကိုင္ တပ္ဖြဲ႕အား လာ ေရာက္ျဖန္ေျဖေပးရန္ အကူအညီေတာင္းသျဖင့္ လာေရာက္ျဖန္ေျဖေပးစဥ္



စကားမ်ားသူအဖြဲ႕မွ အသက္ကို ရန္ရွာသည့္အတြက္ ေျမႀကီးသို႔ ေသနတ္ျဖင့္ ေျခာက္လွန႔္ပစ္ခတ္လိုက္ရာ က်ည္ ၂ ခ်က္ ေပါက္ထြက္ၿပီး ေျမႀကီးမွ ေထာက္၍ က်ည္ဆံမွန္သြားခဲ့မႈေၾကာင့္ တစ္ဦးေသဆုံးခဲ့ၿပီး ၃ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။


အဆိုပါျဖစ္စဥ္အား ယေန႔ နံနက္ ၁ဝး၃ဝ အခ်ိန္က ျမဝတီေရွ႕တန္းမႉး (အမွတ္ ၉၇ ေျခလ်င္တပ္ရင္းမႉး) ဒုဗိုလ္မႉးႀကီးေအာင္ဆန္းဝင္း၊ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီးသက္လင္း ဦး၊ၿမိဴ႕နယ္(လဝက) မႉး ဦးေက်ာ္ေက်ာ္ႏွင့္ BGF တပ္ဖြဲ႕မွ တာဝန္ရွိသူမ်ားက အခင္းျဖစ္ေနရာသို႔ သြားေရာက္ ၾကည့္ရႈ စစ္ေဆး ခဲ့ေၾကာင္း သိရသည္။

Source – Thetoo Naing

Post a Comment

Previous Post Next Post