(Unicode)

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေအတွင်း လူသတ်မှုကျူးလွန်သူ တစ်ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၀

အမှုမှာ ၇.၅.၂၀၂၀ ရက်နေ့ ၁၉:၀၀ အချိန်တွင် ထောက်ကြန့် နယ်မြေရဲစခန်း၌ တရားလို ရဲအုပ် စည်သူစိုးသည် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ဧကရာဇ်ရပ်ကွက်၊ ဦးစိုးဝင်းလမ်း၊ မြနန္ဒာရာမ ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ခြံဝန်းအတွင်း၌ လူတစ်ဦး ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ

သေဆုံးသူမှာ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာနေ သားဦး ၊ (၂၉) နှစ်ဖြစ်ပြီး အလုပ်သမားတန်းလျား၏ အနောက်ဘက် တွန်းလှည်းပေါ်၌ မျက်နှာကြေမွ ပျက်စီးကာ ဦးနှောက်များထွက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ (၃) ချက်၊ ယာခြေချင်းဝတ် ပြတ်ရှဒဏ်ရာ (၃) ချက်တို့ဖြင့် ပက်လက်အနေအထား သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရ၍ သားဦးကို သေဆုံးအောင်ပြုလုပ်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြစ်မှုဖြစ်ပွားကြောင်း သတင်းရလျှင်ရချင်း အမှုမှ တရားခံအား အမြန်စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ၁၉း၃၀ အချိန်တွင် မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်

မင်္ဂလာဒုံ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင် သက်သေများအား စုံစမ်း မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သားဦး နှင့် အချင်းများရန်ဖြစ်လေ့ရှိသည့် အခင်းဖြစ် ခြံတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဂျိန်းဆန်နီ ဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့်

၎င်းအား ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်းသည် အခင်းဖြစ် ခြံဝန်းအတွင်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့စဉ် သားဦး နှင့် ရင်းနှီးခဲ့ကြောင်း၊ ထိုသို့ရင်းနှီးစဉ် သားဦးအား ၎င်းနေထိုင်သည့် အလုပ်သမားအဆောင်တွင် နေထိုင်စေခဲ့ကြောင်း၊ ၎င်းအား ကုမ္ပဏီမှဝန်ထမ်း မဟုတ်လျှင် အဆောင်၌ လူစိမ်းလက်မခံရန် ခေါ်ယူပြောဆိုခြင်း ခံရသဖြင့် သားဦးအား ၎င်းအဆောင်၌ နေထိုင်ခြင်း မပြုတော့ရန်နှင့် အိပ်ယာလိပ်လာယူရန် ပြောဆိုခဲ့ကြောင်း၊

သားဦးက အိပ်ယာလိပ် လာမယူသဖြင့် ၎င်းမှ အိပ်ယာလိပ်အား လမ်းမပေါ်တွင် ထားခဲ့မှုနှင့် ပတ်သက်၍ (၄) ကြိမ် စကားများခဲ့ကြကြောင်း၊ ၇.၅.၂၀၂၀ ရက်နေ့ ဝရး၀၀ အချိန်တွင် သားဦးက အဆောင်၏ အနောက်ဘက် တွန်းလှည်းပျက်ပေါ်တွင် ခြင်ထောင်ထောင်၍ အိပ်ပျော်နေစဉ် ၎င်းမှ အရှည် (၃) ပေခန့်ရှိ (၃×၂) လက်မသစ်သားချောင်းဖြင့် သားဦး၏ ဦးခေါင်းအား (၄) ချက်နှင့် အရှည် (၂) ပေခန့်ရှိ သံချွန်ပါ သစ်သားချောင်းဖြင့် ခြေ/လက်များအား (၈) ချက် ရိုက်နှက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ပါသည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများ သိမ်းဆည်း ရရှိပြီးဖြစ်၍ လူသတ်မှုကျူးလွန်သူ ဂျိန်းဆန်နီ ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source – Yangon Police

(Zawgyi)

မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ နယ္ေျမအတြင္း လူသတ္မႈက်ဴးလြန္သူ တစ္ဦးကို အခ်ိန္တိုအတြင္း ဖမ္းဆီးရမိ

ရန္ကုန္၊ ေမ ၁၀

အမႈမွာ ၇.၅.၂၀၂၀ ရက္ေန႔ ၁၉:၀၀ အခ်ိန္တြင္ ေထာက္ၾကန႔္ နယ္ေျမရဲစခန္း၌ တရားလို ရဲအုပ္ စည္သူစိုးသည္ တာဝန္မႉးတာဝန္ ထမ္းေဆာင္ေနစဥ္ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္၊ ဧကရာဇ္ရပ္ကြက္၊ ဦးစိုးဝင္းလမ္း၊ ျမနႏၵာရာမ ဘုန္းႀကီးေက်ာင္း အေနာက္ဘက္ရွိ ၿခံဝန္းအတြင္း၌ လူတစ္ဦး ဒဏ္ရာ မ်ားျဖင့္ ေသဆုံးေနေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ

ေသဆုံးသူမွာ ေမွာ္ဘီၿမိဳ႕နယ္၊ ဘြက္ႀကီးေက်း႐ြာေန သားဦး ၊ (၂၉) ႏွစ္ျဖစ္ၿပီး အလုပ္သမားတန္းလ်ား၏ အေနာက္ဘက္ တြန္းလွည္းေပၚ၌ မ်က္ႏွာေၾကမြ ပ်က္စီးကာ ဦးေႏွာက္မ်ားထြက္၊ ယာလက္ေမာင္း ျပတ္ရွဒဏ္ရာ (၃) ခ်က္၊ ယာေျခခ်င္းဝတ္ ျပတ္ရွဒဏ္ရာ (၃) ခ်က္တို႔ျဖင့္ ပက္လက္အေနအထား ေသဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိ ရ၍ သားဦးကို ေသဆုံးေအာင္ျပဳလုပ္သူအား စုံစမ္းေဖာ္ထုတ္အေရးယူေပးပါရန္ အမႈဖြင့္တိုင္တန္းမႈ ျဖစ္ပါသည္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးက ျပစ္မႈျဖစ္ပြားေၾကာင္း သတင္းရလွ်င္ရခ်င္း အမႈမွ တရားခံအား အျမန္စုံစမ္းေဖာ္ထုတ္ အေရးယူေဆာင္႐ြက္သြားရန္ ၫႊန္ၾကားခ်က္အရ ၁၉း၃၀ အခ်ိန္တြင္ ေျမာက္ပိုင္း ခ႐ိုင္ရဲတပ္ဖြဲ႕မႉး၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံးရွိ မႈခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္မႈဌာနခြဲမွ တပ္ဖြဲ႕ဝင္မ်ား၊ ခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္

မဂၤလာဒုံ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ရပ္စစ္ေဆးျခင္းႏွင့္ ပတ္ဝန္းက်င္ သက္ေသမ်ားအား စုံစမ္း ေမးျမန္းျခင္းတို႔ ေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ သားဦး ႏွင့္ အခ်င္းမ်ားရန္ျဖစ္ေလ့ရွိသည့္ အခင္းျဖစ္ ၿခံတြင္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ခဲ့ဖူးသူ ဂ်ိန္းဆန္နီ ျဖစ္ေၾကာင္း စုံစမ္း သိရွိရသျဖင့္

၎အား ေခၚယူ စစ္ေဆးခဲ့ရာ ၎သည္ အခင္းျဖစ္ ၿခံဝန္းအတြင္း၌ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ခဲ့စဥ္ သားဦး ႏွင့္ ရင္းႏွီးခဲ့ေၾကာင္း၊ ထိုသို႔ရင္းႏွီးစဥ္ သားဦးအား ၎ေနထိုင္သည့္ အလုပ္သမားအေဆာင္တြင္ ေနထိုင္ေစခဲ့ေၾကာင္း၊ ၎အား ကုမၸဏီမွဝန္ထမ္း မဟုတ္လွ်င္ အေဆာင္၌ လူစိမ္းလက္မခံရန္ ေခၚယူေျပာဆိုျခင္း ခံရသျဖင့္ သားဦးအား ၎အေဆာင္၌ ေနထိုင္ျခင္း မျပဳေတာ့ရန္ႏွင့္ အိပ္ယာလိပ္လာယူရန္ ေျပာဆိုခဲ့ေၾကာင္း၊

သားဦးက အိပ္ယာလိပ္ လာမယူသျဖင့္ ၎မွ အိပ္ယာလိပ္အား လမ္းမေပၚတြင္ ထားခဲ့မႈႏွင့္ ပတ္သက္၍ (၄) ႀကိမ္ စကားမ်ားခဲ့ၾကေၾကာင္း၊ ၇.၅.၂၀၂၀ ရက္ေန႔ ဝရး၀၀ အခ်ိန္တြင္ သားဦးက အေဆာင္၏ အေနာက္ဘက္ တြန္းလွည္းပ်က္ေပၚတြင္ ျခင္ေထာင္ေထာင္၍ အိပ္ေပ်ာ္ေနစဥ္ ၎မွ အရွည္ (၃) ေပခန႔္ရွိ (၃×၂) လက္မသစ္သားေခ်ာင္းျဖင့္ သားဦး၏ ဦးေခါင္းအား (၄) ခ်က္ႏွင့္ အရွည္ (၂) ေပခန႔္ရွိ သံခြၽန္ပါ သစ္သားေခ်ာင္းျဖင့္ ေျခ/လက္မ်ားအား (၈) ခ်က္ ႐ိုက္ႏွက္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ပါသည္။

စစ္ေဆး ေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္း ရရွိၿပီးျဖစ္၍ လူသတ္မႈက်ဴးလြန္သူ ဂ်ိန္းဆန္နီ ကို ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Source – Yangon Police

Post a Comment

Previous Post Next Post