(Unicode)

မြန်မာနိုင်ငံမှာ COVID-19 လူနာနဲ့ ထိတွေ့မိလို့ ကူးစက် ခံရသူ ၁၃၈ ဦး ရှိတယ်လို့ ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ စုစုပေါင်း ရောဂါ ဖြစ်ပွားသူတွေရဲ့ ၇၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အစုလိုက် ရောဂါကူးစက်မှု အများဆုံးဖြစ်ခဲ့တာကတော့ ဘာသာရေး စုဝေးပွဲ က ဖြစ်ပြီး စုစုပေါင်း ၇၆ ဦး ဆင့်ပွား ကူးစက်ခဲ့ တာပါ။

မိသားစုတွင်း ကူးစက်မှုတစ်ခုကလည်း စုစုပေါင်း ၁၄ ဦးအထိ ရောဂါကူးစက်မှု ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့အစုလိုက်ကူးစက်မှုတွေမှာ လုပ်ငန်း ခွင်တွင်းကူးစက်မှုကတော့ ၃ စု ရှိနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ COVID-19 အတည်ပြုလူနာ တွေထဲက ၁၄ ဦးဟာ ခရီးသွားရာဇဝင် မရှိသလို့ ပိုးရှိသူနဲ့ ထိတွေ့မှုရာဇဝင်လည်း မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနတာဝန်ရှိသူတွေ ကတော့ ဒီလို ကူးစက်မှုရာဇဝင် မသိရသူတွေ များတာဟာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ကာ ကွယ်ဖို့ အန္တရယ်များတယ်လို့ ပြောကြား ထားတာပါ။ မေလ ၉ ရက်အထိ COVID-19 ရောဂါပိုးရှိမရှိ ဓာတ်ခွဲ့နမူနာပေါင်း တစ်သောင်းတစ် ထောင်ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ရောဂါပိုးရှိသူ ၁၈၀ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ည ၈နာရီ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ မရမ်းကုန်းက ထပ်တိုး လူနာနံပါတ် (၁၈၀) ကတော့ ဧပြီလ ၁၈ ရက်က သေဆုံး သွား တဲ့ လူနာအမှတ် ၈၆ နဲ့ ထိတွေ့ ခဲ့သူ ဖြစ်ပါတယ်။ လူနာ အမှတ် ၈၆ ဟာ ဘာသာရေးပွဲ ကနေ ထပ်ဆင့်ကူးစက်ခံရသူ အစုအဖွဲ့ထဲက ဖြစ်ပါတယ်။


သူ့ရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ လူနာအမှတ် ၁၃၁ နဲ့ ၁၀၅ တို့ နှစ်ဦးက လည်း ကူးစက်ခံထားရသူတွေပါ။ ဒီနေ့ တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၈၀ ဟာ မိသားစုဝင် ဟုတ်မဟုတ်တော့ အတည်မပြုနိုင်သေးပါဘူး၊ ဒါပေမယ့် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ဖြစ်ပါတယ်။ လူနာ နံပါတ် (၁၇၉) ကတော့ အင်းစိန်ခဝဲခြံက အစုလိုက်ကူးစက်ခံရသူတွေဖြစ်တဲ့ လူနာအမှတ် ၁၇၇ နဲ့ ထိတွေ့ခဲ့သူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ ဒီကနေ့ အထိ COVID-19 လူနာ ၁၈၀ ဦးရှိပြီ ဖြစ်ပြီး ရောဂါပိုးကင်းစင် သူက ၇၂ ဦးရှိပြီ ဖြစ်ပါတယ်။ ရောဂါ ပိုးကင်းစင်သူ တွေထဲက ၅၅ ဦးကတော့ ဆေးရုံ ဆင်းသွားပြီ ဖြစ်ပါတယ်။

REF: BLACKER

(Zawgyi)

ျမန္မာႏိုင္ငံမွာ COVID-19 လူနာနဲ႔ ထိေတြ႕မိလို႔ ကူးစက္ ခံရသူ ၁၃၈ ဦး ရွိတယ္လို႔ ျပည္သူ႔ က်န္းမာ ေရးဦးစီးဌာနက ထုတ္ျပန္ပါတယ္။ ဒါဟာ စုစုေပါင္း ေရာဂါ ျဖစ္ပြားသူေတြရဲ႕ ၇၈ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ အစုလိုက္ ေရာဂါကူးစက္မႈ အမ်ားဆုံးျဖစ္ခဲ့တာကေတာ့ ဘာသာေရး စုေဝးပြဲ က ျဖစ္ၿပီး စုစုေပါင္း ၇၆ ဦး ဆင့္ပြား ကူးစက္ခဲ့ တာပါ။

မိသားစုတြင္း ကူးစက္မႈတစ္ခုကလည္း စုစုေပါင္း ၁၄ ဦးအထိ ေရာဂါကူးစက္မႈ ျဖစ္ခဲ့ပါတယ္။ က်န္တဲ့အစုလိုက္ကူးစက္မႈေတြမွာ လုပ္ငန္း ခြင္တြင္းကူးစက္မႈကေတာ့ ၃ စု ရွိေနတာပါ။ ဒါေပမယ့္ ျမန္မာႏိုင္ငံရဲ႕ COVID-19 အတည္ျပဳလူနာ ေတြထဲက ၁၄ ဦးဟာ ခရီးသြားရာဇဝင္ မရွိသလို႔ ပိုးရွိသူနဲ႔ ထိေတြ႕မႈရာဇဝင္လည္း မရွိဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနတာဝန္ရွိသူေတြ ကေတာ့ ဒီလို ကူးစက္မႈရာဇဝင္ မသိရသူေတြ မ်ားတာဟာ ေရာဂါပိုးကူးစက္မႈကို ထိန္းခ်ဳပ္ကာ ကြယ္ဖို႔ အႏၲရယ္မ်ားတယ္လို႔ ေျပာၾကား ထားတာပါ။ ေမလ ၉ ရက္အထိ COVID-19 ေရာဂါပိုးရွိမရွိ ဓာတ္ခြဲ႕နမူနာေပါင္း တစ္ေသာင္းတစ္ ေထာင္ေက်ာ္ကို စမ္းသပ္စစ္ေဆးခဲ့ၿပီး ေရာဂါပိုးရွိသူ ၁၈၀ ဦးကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ ည ၈နာရီ ထုတ္ျပန္ခ်က္အရ COVID-19 အတည္ျပဳလူနာ ၂ ဦး ထပ္မံေတြ႕ရွိခဲ့ပါတယ္။ မရမ္းကုန္းက ထပ္တိုး လူနာနံပါတ္ (၁၈၀) ကေတာ့ ဧၿပီလ ၁၈ ရက္က ေသဆုံး သြား တဲ့ လူနာအမွတ္ ၈၆ နဲ႔ ထိေတြ႕ ခဲ့သူ ျဖစ္ပါတယ္။ လူနာ အမွတ္ ၈၆ ဟာ ဘာသာေရးပြဲ ကေန ထပ္ဆင့္ကူးစက္ခံရသူ အစုအဖြဲ႕ထဲက ျဖစ္ပါတယ္။

သူ႔ရဲ႕ မိသားစုဝင္ေတြ ျဖစ္တဲ့ လူနာအမွတ္ ၁၃၁ နဲ႔ ၁၀၅ တို႔ ႏွစ္ဦးက လည္း ကူးစက္ခံထားရသူေတြပါ။ ဒီေန႔ ေတြ႕ရွိခဲ့တဲ့ လူနာအမွတ္ ၁၈၀ ဟာ မိသားစုဝင္ ဟုတ္မဟုတ္ေတာ့ အတည္မျပဳႏိုင္ေသးပါဘူး၊ ဒါေပမယ့္ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူ ျဖစ္ပါတယ္။ လူနာ နံပါတ္ (၁၇၉) ကေတာ့ အင္းစိန္ခဝဲၿခံက အစုလိုက္ကူးစက္ခံရသူေတြျဖစ္တဲ့ လူနာအမွတ္ ၁၇၇ နဲ႔ ထိေတြ႕ခဲ့သူ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ မွာ ဒီကေန႔ အထိ COVID-19 လူနာ ၁၈၀ ဦးရွိၿပီ ျဖစ္ၿပီး ေရာဂါပိုးကင္းစင္ သူက ၇၂ ဦးရွိၿပီ ျဖစ္ပါတယ္။ ေရာဂါ ပိုးကင္းစင္သူ ေတြထဲက ၅၅ ဦးကေတာ့ ေဆး႐ုံ ဆင္းသြားၿပီ ျဖစ္ပါတယ္။

REF: BLACKER

Post a Comment

Previous Post Next Post