(Unicode)

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သီဟတင်စိုးက ငွေကြေးအရှုပ်အရှင်း ကိစ္စတွေကြောင့် ကျိုက်လတ်မြို့မှာ အမှုဖွင့်အရေးယူခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ သီဟတင်စိုးတို့ မိသားစုဟာ ငွေကြေးခိုင်မာ တောင့်တင်းသူတွေဖြစ်ပြီး အခုလိုကိစ္စမျိုးနဲ့ ပက်သတ်ပြီး ပရိသတ်တွေက အမျိုးမျိုး ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး သီဟတင်စိုးရဲ့ ညီအရင်းဖြစ်သူ စည်သူတင်စိုးက အခုလိုပဲ ပွင့်လင်းစွာချပြပြောဆိုလာပါတယ်။

“ကိုယ်တိုင်သေချာမသိပဲ ကြားသုံးကြားထဲဝင်ပါပြီး လိုင်းပေါ်မှာထင်ရာမြင်ရာ ပြောနေကြလို့ အမှန်တရားကို ရှင်းပြတာ။ အမေ့ကို အမွေတောင်းတယ်။ ကုန်သွားမှာစိုးလို့ မပေးဘူးပြောတော့ အမေ့ကို ဓား နဲ့လိုက်တယ်။ မောင်နှမ ၅ ယောက်မှာ တစ်ဦးချင်းဆီအတွက် သူ့ဝေစု ၊သူရသင့်ရထိုက်တဲ့ သိန်းပေါင်း ၁၂၀၀၀ (ငွေကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထောင်)ပိုက်၊ ပျော်ပျော်ပါးပါးကြီးယူ ထွက်သွားခဲ့တာ။ အမေသေလည်း မလာဘူး၊မောင်နှမတွေသေလည်း မလာဘူးဆိုပြီး တစ်ခါတည်း ဆွေခန်းမျိုးခန်းဖြတ် သူက အရင်ဖြတ်သွားတာ။” “အမေက ဘယ်သူ့ဘယ်သူအပေါ်မှ မတရားလုပ်ထားတာ မရှိဘူး။ အားလုံး ညီတူမျှတူပဲ။ သူမိန်းမ ယူတဲ့အချိန်တုန်းကလည်း အမေကသူ့မိန်းမရဲ့နောက်ကြောင်း အရှုပ်ထုပ်တွေကို ငွေထုပ်ပိုက်ပြီး တဖက်လူကိုခြေထောက်ဖက် တောင်းပန်ပြီး လျှော်ကြေးပေးခဲ့ရတာ အားလုံးသိတယ်။



သူသာ အကိုကြီး အဖရာ အနေနဲ့ရော သားကြီးသြရသ အနေနဲ့ရော နောက်ဆုံး သူကိုယ်တိုင်မွေးထားတဲ့ သူကလေးတွေ အပေါ်မှာရော ဘယ်တစ်ခုမှ တာဝန်မကျေခဲ့ဘူး။ လင်မယားနှစ်ယောက်လုံး ပျော်ပျော်ပါးပါး တက်ညီလက်ညီ သုံးဖြုံန်းလိုက်ကြတာများ ခုဆို သူတို့ရဲ့ကလေး၂ယောက်လုံးကိုပါ ကျောင်းထုတ်ပြစ်ထားတဲ့အထိ။ ကောင်းစားစဉ်ကလည်း အဖေ့ဆီကို လင်မယားနှစ်ယောက်လုံး မသွားဘူး။ မလာဘူး။ သီတင်းကျွတ်တောင် သွားမကန်ခဲ့ကြဖူးဘူး၊၊ သူတို့ဒုက္ခရောက်လို့ ငတ်ပြတ်တဲ့ အချိန်ကြမှ အဖေ့ကို သွားအပူကပ်၊ ငိုပြ၊နှိပ်စက်လိုက်ကြတာ အဖေဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ ဆုံးသွားခဲ့ရတဲ့အထိပဲ၊၊



ပိုစ့်တင်ထားတဲ့ ဟိုတစ်ယောက်ရော သူ့ကိုသိပ်ချစ်ကြ ၊သိပ်အပြစ်ကင်းတယ်ထင်ပြီး လိုင်းပေါ်မှာ အာချောင်နေကြတဲ့သူတွေရော၊ မနေနိုင်ရင် မကျေနပ်ရင် စုပေါင်းပြီးသာ စိုက်လျှော်ပေးလိုက်ကြတော့ဗျို့။ ရှေ့မှာ သူတို့လင်မယား မိုက်ခဲ့ကြသမျှ ကျန်တော့်အမေ နောက်ကနေလိုက်ရှင်းခဲ့ရတာတွေကို တစ်ခုချင်းစီ ပြောပြရရင် စိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်တောင် သတ်သေသွားလိမ့်မယ်။”

“တစ်မိသားစုလုံးမှာ သမီးမိန်းကလေးတစ်ယောက်ပဲပါလို့ ဝိုင်းပြီးချစ်ကြရတဲ့ ကျွန်တော့ညီမ၊ အိမ်က စီပွားရေးလုပ်ငန်းမှန်သမျှ သူ့နာမည်ပေးခဲ့တဲ့အထိ တအိမ်လုံးက ဝိုင်းချစ်ကြတဲ့ ကျွန်တော့်ညီမ၊ အကိုအကြီးဆုံးကနေစပြီး အကိုအယောက်ဆီတိုင်းအပေါ် (သူ့အိမ်ထောင်နဲ့သူ ဖြစ်နေတာတောင်) တာဝန်ကျေတာထက် ပိုပြီး သိတတ်တဲ့ကျွန်တော့်ညီမ၊



သူတပါး မိသားစု အတွင်းရေး သေချာလည်းမသိဘဲ ရမ်းသန်းအာချောင်ချင်ပြီး သူ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော့် ညီမကို လာပြောနေကြတဲ့သူတွေ သေသေချာချာ ဖတ်ကြည့်ပေးပါ။ ဒီထက်မှ အသေးစိတ် သိချင်ကြသေးတယ် ဆိုရင်လည်း ကျွန်တော့်ဖုန်းနံပတ် ကို ဆက်မေးကြပါ။ တဖက်သတ်အမြင်နဲ့ စိတ်ထင်ရာ ပေါက်ကရတွေ ဝင်ရေးဝင်မန့်နေကြတာ ကျေးဇူးပြုပြီးရပ်ပေးကြပါ။” လို့ စည်သူတင်စိုးက ပြောထားတာပဲ ဖြစ်ပါတယ်။

Credit – Original Uploader

(Zawgyi)

႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ သီဟတင္စိုးက ေငြေၾကးအရႈပ္အရွင္း ကိစၥေတြေၾကာင့္ က်ိဳက္လတ္ၿမိဳ႕မွာ အမႈဖြင့္အေရးယူခံထားရတယ္လို႔ သတင္းေတြထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။ သီဟတင္စိုးတို႔ မိသားစုဟာ ေငြေၾကးခိုင္မာ ေတာင့္တင္းသူေတြျဖစ္ၿပီး အခုလိုကိစၥမ်ိဳးနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြက အမ်ိဳးမ်ိဳး ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး သီဟတင္စိုးရဲ႕ ညီအရင္းျဖစ္သူ စည္သူတင္စိုးက အခုလိုပဲ ပြင့္လင္းစြာခ်ျပေျပာဆိုလာပါတယ္။

“ကိုယ္တိုင္ေသခ်ာမသိပဲ ၾကားသုံးၾကားထဲဝင္ပါၿပီး လိုင္းေပၚမွာထင္ရာျမင္ရာ ေျပာေနၾကလို႔ အမွန္တရားကို ရွင္းျပတာ။ အေမ့ကို အေမြေတာင္းတယ္။ ကုန္သြားမွာစိုးလို႔ မေပးဘူးေျပာေတာ့ အေမ့ကို ဓား နဲ႔လိုက္တယ္။ ေမာင္ႏွမ ၅ ေယာက္မွာ တစ္ဦးခ်င္းဆီအတြက္ သူ႔ေဝစု ၊သူရသင့္ရထိုက္တဲ့ သိန္းေပါင္း ၁၂၀၀၀ (ေငြက်ပ္သိန္းေပါင္းတစ္ေသာင္းႏွစ္ေထာင္)ပိုက္၊ ေပ်ာ္ေပ်ာ္ပါးပါးႀကီးယူ ထြက္သြားခဲ့တာ။ အေမေသလည္း မလာဘူး၊ေမာင္ႏွမေတြေသလည္း မလာဘူးဆိုၿပီး တစ္ခါတည္း ေဆြခန္းမ်ိဳးခန္းျဖတ္ သူက အရင္ျဖတ္သြားတာ။” “အေမက ဘယ္သူ႔ဘယ္သူအေပၚမွ မတရားလုပ္ထားတာ မရွိဘူး။ အားလုံး ညီတူမွ်တူပဲ။ သူမိန္းမ ယူတဲ့အခ်ိန္တုန္းကလည္း အေမကသူ႔မိန္းမရဲ႕ေနာက္ေၾကာင္း အရႈပ္ထုပ္ေတြကို ေငြထုပ္ပိုက္ၿပီး တဖက္လူကိုေျခေထာက္ဖက္ ေတာင္းပန္ၿပီး ေလွ်ာ္ေၾကးေပးခဲ့ရတာ အားလုံးသိတယ္။



သူသာ အကိုႀကီး အဖရာ အေနနဲ႔ေရာ သားႀကီးၾသရသ အေနနဲ႔ေရာ ေနာက္ဆုံး သူကိုယ္တိုင္ေမြးထားတဲ့ သူကေလးေတြ အေပၚမွာေရာ ဘယ္တစ္ခုမွ တာဝန္မေက်ခဲ့ဘူး။ လင္မယားႏွစ္ေယာက္လုံး ေပ်ာ္ေပ်ာ္ပါးပါး တက္ညီလက္ညီ သုံးၿဖဳံန္းလိုက္ၾကတာမ်ား ခုဆို သူတို႔ရဲ႕ကေလး၂ေယာက္လုံးကိုပါ ေက်ာင္းထုတ္ျပစ္ထားတဲ့အထိ။ ေကာင္းစားစဥ္ကလည္း အေဖ့ဆီကို လင္မယားႏွစ္ေယာက္လုံး မသြားဘူး။ မလာဘူး။ သီတင္းကြၽတ္ေတာင္ သြားမကန္ခဲ့ၾကဖူးဘူး၊၊ သူတို႔ဒုကၡေရာက္လို႔ ငတ္ျပတ္တဲ့ အခ်ိန္ၾကမွ အေဖ့ကို သြားအပူကပ္၊ ငိုျပ၊ႏွိပ္စက္လိုက္ၾကတာ အေဖဟာ စိတ္ဆင္းရဲကိုယ္ဆင္းရဲနဲ႔ ဆုံးသြားခဲ့ရတဲ့အထိပဲ၊၊



ပိုစ့္တင္ထားတဲ့ ဟိုတစ္ေယာက္ေရာ သူ႔ကိုသိပ္ခ်စ္ၾက ၊သိပ္အျပစ္ကင္းတယ္ထင္ၿပီး လိုင္းေပၚမွာ အာေခ်ာင္ေနၾကတဲ့သူေတြေရာ၊ မေနႏိုင္ရင္ မေက်နပ္ရင္ စုေပါင္းၿပီးသာ စိုက္ေလွ်ာ္ေပးလိုက္ၾကေတာ့ဗ်ိဳ႕။ ေရွ႕မွာ သူတို႔လင္မယား မိုက္ခဲ့ၾကသမွ် က်န္ေတာ့္အေမ ေနာက္ကေနလိုက္ရွင္းခဲ့ရတာေတြကို တစ္ခုခ်င္းစီ ေျပာျပရရင္ စိတ္ဆင္းရဲၿပီး ကိုယ့္ကိုယ္ေတာင္ သတ္ေသသြားလိမ့္မယ္။”

“တစ္မိသားစုလုံးမွာ သမီးမိန္းကေလးတစ္ေယာက္ပဲပါလို႔ ဝိုင္းၿပီးခ်စ္ၾကရတဲ့ ကြၽန္ေတာ့ညီမ၊ အိမ္က စီပြားေရးလုပ္ငန္းမွန္သမွ် သူ႔နာမည္ေပးခဲ့တဲ့အထိ တအိမ္လုံးက ဝိုင္းခ်စ္ၾကတဲ့ ကြၽန္ေတာ့္ညီမ၊ အကိုအႀကီးဆုံးကေနစၿပီး အကိုအေယာက္ဆီတိုင္းအေပၚ (သူ႔အိမ္ေထာင္နဲ႔သူ ျဖစ္ေနတာေတာင္) တာဝန္ေက်တာထက္ ပိုၿပီး သိတတ္တဲ့ကြၽန္ေတာ့္ညီမ၊



သူတပါး မိသားစု အတြင္းေရး ေသခ်ာလည္းမသိဘဲ ရမ္းသန္းအာေခ်ာင္ခ်င္ၿပီး သူ တစ္ခုခုျဖစ္တာနဲ႔ ကြၽန္ေတာ့္ ညီမကို လာေျပာေနၾကတဲ့သူေတြ ေသေသခ်ာခ်ာ ဖတ္ၾကည့္ေပးပါ။ ဒီထက္မွ အေသးစိတ္ သိခ်င္ၾကေသးတယ္ ဆိုရင္လည္း ကြၽန္ေတာ့္ဖုန္းနံပတ္ ကို ဆက္ေမးၾကပါ။ တဖက္သတ္အျမင္နဲ႔ စိတ္ထင္ရာ ေပါက္ကရေတြ ဝင္ေရးဝင္မန႔္ေနၾကတာ ေက်းဇူးျပဳၿပီးရပ္ေပးၾကပါ။” လို႔ စည္သူတင္စိုးက ေျပာထားတာပဲ ျဖစ္ပါတယ္။

Credit – Original Uploader

Post a Comment

Previous Post Next Post