(Unicode)

လုပ်ခလစာမရသဖြင့် အဆောင်ခမပေးနိုင်သော ရွှေပြည်သာမြို့နယ်ရှိ World Jin အထည်ချုပ်စက်ရုံလုပ်သားအချို့အဆောင်မှနှင်ချခံနေရကြောင်းရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့မှသိရသည်။World Jin အထည်ချုပ်စက်ရုံသည်ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုံ၌တည်ရှိပြီးလုပ်ငန်းရှင်မှာ ကိုရီးယားလူမျိုးဖြစ်ကြောင်းသိရသည်။လုပ်ခလစာမရရှိသဖြင့်အလုပ်သမား ၃၀၀ ကျော်ခန့်စက်ရုံရှေ့၌စုဝေးမှုဖြစ်ပွားခဲ့ရာသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများကလူစုခွဲခိုင်းသဖြင့်ယမာန်နေ့ကလူစုခွဲခဲ့သော်လည်းလက်ရှိတွင်အလုပ်သမားများစားဝတ်နေရေးခက်ခဲနေရကြောင်းရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့၊ဥပဒေအထောက်အကူပြုတာဝန်ခံကိုနိုင်ဌေးလွင်ကပြောသည်။



အလုပ်သမားတွေကငိုယိုပြီးဆက်သွယ်လာတယ်၊သူတို့ကိုအဆောင်ကနှင်ချခံနေရပါပြီပေါ့ ” ဟု၎င်းကပြောသည်။ယင်းစက်ရုံသည်ယခုလလေးရက်ကစက်ရုံပြန်လည်ဖွင့်သည်ဟူသည့်သတင်းကြောင့်အလုပ်သမားများအလုပ်ပြန်ဆင်းရာတွင်စက်ရုံတံခါးပိတ်ထားပြီးအထည်ချုပ်လုပ်ငန်းများလစာထုတ်ရက်ဖြစ်သောယခုလ ၅ရက်တွင်လည်းစက်ရုံသို့ဝင်ခွင့်မပေးဘဲအလုပ်သမား ၃၀၀ ကျော်အားလုပ်ခလစာထုတ်မပေးခြင်းဖြစ်သည်။



အလုပ်သမားများလုပ်ခလစာမရရှိခြင်းကြောင့် ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အ.လ.ည)သို့မေးမြန်းရာတွင် လုပ်ငန်းရှင်မှာယခင်လ၊ဧပြီ ၈ ရက်ကကိုရီးယားနိုင်ငံသို့ပြန်သွားခဲ့ခြင်းဖြစ်ပြီးသွားလာရေးအခက်အခဲကြောင့်လစာပေးရက်နောက်ကျရခြင်းဖြစ်သောကြောင့်လုပ်ခလစာပေးချေရေးဥပဒေအရတရားစွဲဆိုမည်ဖြစ်ကြောင်း(အ.လ.ရ)ဦးစီးမှူးကပြောဆိုခဲ့ကြောင်းသိရသည်။လက်ရှိတွင်အလုပ်ရှင်ပြန်လည်ရောက်ရှိမည့်ရက်နှင့်လုပ်ခလစာရမည့်ရက်ကိုအတိအကျမသိရှိရခြင်းကြောင့် အဆောင်မှနှင်ချခံနေရသည့်အလုပ်သမားများကိုစုစည်း၍ သက်ဆိုင်ရာရွှေပြည်သာမြို့နယ်ရှိအုပ်ချုပ်ရေးတာဝန်ရှိသူများထံသွားရောက်ပြီး၎င်းလုပ်သားများအဆောင်များ၌ဆက်လက်နေထိုင်နိုင်ရေးအတွက်အကူအညီတောင်းသွားမည်ဖြစ်ကြောင်းသိရသည်။

Credit People Media

(Zawgyi)

လုပ္ခလစာမရသျဖင့္ အေဆာင္ခမေပးနိုင္ေသာ ေရႊျပည္သာၿမိဳ့နယ္ရွိ World Jin အထည္ခ်ဳပ္စက္႐ုံလုပ္သားအခ်ိဳ့အေဆာင္မွႏွင္ခ်ခံေနရေၾကာင္းေရာင္ျခည္ဦးအလုပ္သမားေရးရာအဖြဲ႕မွသိရသည္။World Jin အထည္ခ်ဳပ္စက္႐ုံသည္ေရႊျပည္သာၿမိဳ့နယ္၊သာဓုကန္စက္မွုဇုံ၌တည္ရွိၿပီးလုပ္ငန္းရွင္မွာ ကိုရီးယားလူမ်ိဳးျဖစ္ေၾကာင္းသိရသည္။လုပ္ခလစာမရရွိသျဖင့္အလုပ္သမား ၃၀၀ ေက်ာ္ခန္႔စက္႐ုံေရွ႕၌စုေဝးမွုျဖစ္ပြားခဲ့ရာသက္ဆိုင္ရာၿမိဳ့နယ္အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကလူစုခြဲခိုင္းသျဖင့္ယမာန္ေန႔ကလူစုခြဲခဲ့ေသာ္လည္းလက္ရွိတြင္အလုပ္သမားမ်ားစားဝတ္ေနေရးခက္ခဲေနရေၾကာင္းေရာင္ျခည္ဦးအလုပ္သမားေရးရာအဖြဲ႕၊ဥပေဒအေထာက္အကူျပဳတာဝန္ခံကိုနိုင္ေဌးလြင္ကေျပာသည္။



အလုပ္သမားေတြကငိုယိုၿပီးဆက္သြယ္လာတယ္၊သူတို့ကိုအေဆာင္ကႏွင္ခ်ခံေနရပါၿပီေပါ့ ” ဟု၎ကေျပာသည္။ယင္းစက္႐ုံသည္ယခုလေလးရက္ကစက္႐ုံျပန္လည္ဖြင့္သည္ဟူသည့္သတင္းေၾကာင့္အလုပ္သမားမ်ားအလုပ္ျပန္ဆင္းရာတြင္စက္႐ုံတံခါးပိတ္ထားၿပီးအထည္ခ်ဳပ္လုပ္ငန္းမ်ားလစာထုတ္ရက္ျဖစ္ေသာယခုလ ၅ရက္တြင္လည္းစက္႐ုံသို့ဝင္ခြင့္မေပးဘဲအလုပ္သမား ၃၀၀ ေက်ာ္အားလုပ္ခလစာထုတ္မေပးျခင္းျဖစ္သည္။


အလုပ္သမားမ်ားလုပ္ခလစာမရရွိျခင္းေၾကာင့္ ေရႊျပည္သာၿမိဳ့နယ္ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန(အ.လ.ည)သို့ေမးျမန္းရာတြင္ လုပ္ငန္းရွင္မွာယခင္လ၊ဧၿပီ ၈ ရက္ကကိုရီးယားနိုင္ငံသို့ျပန္သြားခဲ့ျခင္းျဖစ္ၿပီးသြားလာေရးအခက္အခဲေၾကာင့္လစာေပးရက္ေနာက္က်ရျခင္းျဖစ္ေသာေၾကာင့္လုပ္ခလစာေပးေခ်ေရးဥပေဒအရတရားစြဲဆိုမည္ျဖစ္ေၾကာင္း(အ.လ.ရ)ဦးစီးမွူးကေျပာဆိုခဲ့ေၾကာင္းသိရသည္။လက္ရွိတြင္အလုပ္ရွင္ျပန္လည္ေရာက္ရွိမည့္ရက္ႏွင့္လုပ္ခလစာရမည့္ရက္ကိုအတိအက်မသိရွိရျခင္းေၾကာင့္ အေဆာင္မွႏွင္ခ်ခံေနရသည့္အလုပ္သမားမ်ားကိုစုစည္း၍ သက္ဆိုင္ရာေရႊျပည္သာၿမိဳ့နယ္ရွိအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားထံသြားေရာက္ၿပီး၎လုပ္သားမ်ားအေဆာင္မ်ား၌ဆက္လက္ေနထိုင္နိုင္ေရးအတြက္အကူအညီေတာင္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

Credit People Media

Post a Comment

Previous Post Next Post