(Unicode)

တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေစေဖို့ စာသင်ခုံတွေကို ချဲထားပြီး အကာအရံတွေ လည်း ကာထားပါတယ်။ ဆိုးလ်မြို့အနီးမှာရှိတဲ့ အင်ချွန်းမြို့မှာ တော့ ကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်း အကြာမှာပဲ ကျောင်းသား ၂ ယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ရှိနေတဲ့ သတင်းကြောင့် စာသင်ကျောင်း ၆၆ ကျောင်းကို ပြန်ပိတ် ခဲ့ရပါတယ်။

ကိုဗစ် Positive ရှိတဲ့ ကျောင်းသား ၂ ယောက်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကျောင်းလာတက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အစောပိုင်းမှာ သူတို့နဲ့ ထိတွေ့မိခဲ့ တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ရှိနေမလားဆိုတာ စိုးရိမ်လို့ ကျောင်းတွေ ပြန်ပိတ် လိုက်တာပါ။ တောင်ကိုရီးယားနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ ၁၁၀၀၀ ကျော်ရှိပြီး လူ ၂၆၄ ယောက် သေဆုံး ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေ ကတော့ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စာသင်ခန်းတွေထဲကို ပြန်ရောက်လာကြပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းထဲမဝင်ခင် အပူချိန်တိုင်းရပြီး ကျောင်းဝင်းထဲမှာ လည်း နှာခေါင်းစည်း တပ်ထား ရပါတယ်။

အပူချိန် ၃၇.၅ ဒီဂရီစင်တီ ဂရိတ်ရှိသူတွေ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ စတဲ့ ရောဂါ လက္ခဏာရှိသူတွေကို ကျောင်းထဲပေးမဝင်ပါ ဘူး။ တောင်ကိုရီးယား နိုင်ငံဟာ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးရောဂါ၊ ၂၀၁၅ ခုနှစ် က MERS ရောဂါတွေ ကူးစက် ပျံ့နှံ့ခဲ့တုန်း ကလည်း စာသင်ကျောင်းတွေမှာ အလားတူ စည်းမျဉ်းတွေ ချမှတ်ခဲ့ ဖူးပါတယ်။




Crd : whitesone

(Zawgyi)

တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္ခြာခြာေနေစဖို႔ စာသင္ခုံေတြကို ခ်ဲထားၿပီး အကာအရံေတြ လည္း ကာထားပါတယ္။ ဆိုးလ္ၿမိဳ႕အနီးမွာရွိတဲ့ အင္ခြၽန္းၿမိဳ႕မွာ ေတာ့ ေက်ာင္းေတြ ျပန္ဖြင့္ၿပီး နာရီပိုင္း အၾကာမွာပဲ ေက်ာင္းသား ၂ ေယာက္မွာ ကို႐ိုနာ ဗိုင္းရပ္စ္ရွိေနတဲ့ သတင္းေၾကာင့္ စာသင္ေက်ာင္း ၆၆ ေက်ာင္းကို ျပန္ပိတ္ ခဲ့ရပါတယ္။

ကိုဗစ္ Positive ရွိတဲ့ ေက်ာင္းသား ၂ ေယာက္ဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ေက်ာင္းလာတက္ခဲ့ျခင္းမရွိပါဘူး။ ဒါေပမဲ့ အေစာပိုင္းမွာ သူတို႔နဲ႔ ထိေတြ႕မိခဲ့ တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ရွိေနမလားဆိုတာ စိုးရိမ္လို႔ ေက်ာင္းေတြ ျပန္ပိတ္ လိုက္တာပါ။ ေတာင္ကိုရီးယားႏိုင္ငံ မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ ရသူ ၁၁၀၀၀ ေက်ာ္ရွိၿပီး လူ ၂၆၄ ေယာက္ ေသဆုံး ခဲ့ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အထက္တန္းေက်ာင္းသား၊ ေက်ာင္းသူေတြ ကေတာ့ ၃ လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က စာသင္ခန္းေတြထဲကို ျပန္ေရာက္လာၾကပါၿပီ။ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ေက်ာင္းထဲမဝင္ခင္ အပူခ်ိန္တိုင္းရၿပီး ေက်ာင္းဝင္းထဲမွာ လည္း ႏွာေခါင္းစည္း တပ္ထား ရပါတယ္။

အပူခ်ိန္ ၃၇.၅ ဒီဂရီစင္တီ ဂရိတ္ရွိသူေတြ၊ လည္ေခ်ာင္းနာတာ၊ ေခါင္းကိုက္တာ စတဲ့ ေရာဂါ လကၡဏာရွိသူေတြကို ေက်ာင္းထဲေပးမဝင္ပါ ဘူး။ ေတာင္ကိုရီးယား ႏိုင္ငံဟာ ၂၀၀၉ ခုႏွစ္က ဝက္တုပ္ေကြးေရာဂါ၊ ၂၀၁၅ ခုႏွစ္ က MERS ေရာဂါေတြ ကူးစက္ ပ်ံ႕ႏွံ႔ခဲ့တုန္း ကလည္း စာသင္ေက်ာင္းေတြမွာ အလားတူ စည္းမ်ဥ္းေတြ ခ်မွတ္ခဲ့ ဖူးပါတယ္။



Crd : whitesone

Post a Comment

Previous Post Next Post