(Unicode)

ထိုင်း – လာအို မဲခေါင်မြစ်ဝှမ်းဒေသအနီးက တောထဲမှာ ဧရာမမြွေနဂါးခေါင်းပြတ်ပုံ ကျောက်ဆောင် နှင့် ရစ်ခွေနေသော ကိုယ်ခန္တာပုံ လျှိုကြီးတစ်ခုကိုတွေ့ရှိ…

ထိုင်း နှင့် လာအိုနှစ်နိုင်ငံရဲ့ တောတွင်းတစ်နေရာမှာရှိတဲ့ ” နဂါးဂူ ” လို့ ခေါ်တဲ့ ” ထမ့်နားခါး ” ဂူဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ဘက်၊ အီစံပြည်နယ် Bueng Kan ခရိုင်၊ Bueng Khong Long မြို့နယ်ရဲ့အရှေ့ဘက်တောကြီးထဲမှာ ရှိပါတယ်။



အင်မတန်ကြီးတဲ့ မြွေခေါင်းပြတ်ပုံ သဘာဝကျောက်တုံးကြီးဟာ ကျောက်ကမ်းပါးယံတစ်ခုပေါ်ကို မေးတင်နေတဲ့ သက်ရှိမြွေကြီးနဲ့ တူလွန်းနေတာကြောင့် လူမှုကွန်ယက်မှာပျံ့နှံ့သွားပါတယ်။



ပိုထူးဆန်းနေတာက ကျောက်မြွေကြီးရဲ့ဦးခေါင်းဟာ လာအိုဘက်ခြမ်း UdomChai ခရိုင် ၊ Bang Leak ကျေးရွာဘက်ကပိုင်ဆိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအကြေးခွံတွေအရစ်ရစ်နဲ့ ဧရာမလျှိုကမ်းပါးယံကြီးကိုတော့ ထိုင်းဘင်ခြမ်းကပိုင်ဆိုင်တယ်လို့သိရပါတယ် ။

တိတ်ဆိတ်ငြိမ်သက် လှပတဲ့ရေတံခွန်နဲ့ စမ်းချောင်းလေးတစ်ခုကလည်း မြွေရဲ့အကြေးခွံတွေ အရစ်ရစ်ပေါ်နေသလို သဘာဝကျောက်ပြင်ကျောက်ဆိုင်တွေကိုလည်းထူးဆန်းစွာမြင်တွေ့ရနိုင်ပါတယ် ။



ရှေးလူကြီးတွေ‌ပြောတဲ့ ဒဏ္ဍာရီအရ ကျိန်စာသင့်လို့ လည်ပြတ်သွားတဲ့နဂါးမင်းလို့လည်းဆိုကြပါတယ် ၊ အဲ့ဒီနေရာကို ထိုင်းလူမျိုးဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Ched Kantawong က ရောက်ရှိသွားပြီး Bueng Kan ခရိုင်လေးမှာအထင်ကရ လူတွေလေ့လာ လည်ပတ်စရာတစ်ခုတွေ့ရှိလိုက်ပြီလို့ဆိုပြီ သူ့၏လူမှုကွန်ယက်ကနေ ကိုဗစ် ကင်းစင်တဲ့အခါ လာလည်ပတ်ကြဘို့ မေလ ၂၇ ရက်နေ့က ဖိတ်ခေါ်ထားပါတယ်။



ဘွမ့်ကန်း ခရိုင်သည် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ ခရိုင်အဆင့်အဖြစ် ၈ မြို့နယ်နှင့်သတ်မှတ်ဖွဲ့စည်းလိုက်တဲ့ (၇၇) ခရိုင်မြောက်ဖြစ်ပါတယ် ။ (စည်သူမောင်)

(Zawgyi)

ထိုင္း – လာအို မဲေခါင္ျမစ္ဝွမ္းေဒသအနီးက ေတာထဲမွာ ဧရာမေႁမြနဂါးေခါင္းျပတ္ပုံ ေက်ာက္ေဆာင္ ႏွင့္ ရစ္ေခြေနေသာ ကိုယ္ခႏၲာပုံ လွ်ိဳႀကီးတစ္ခုကိုေတြ႕ရွိ…

ထိုင္း ႏွင့္ လာအိုႏွစ္ႏိုင္ငံရဲ႕ ေတာတြင္းတစ္ေနရာမွာရွိတဲ့ ” နဂါးဂူ ” လို႔ ေခၚတဲ့ ” ထမ့္နားခါး ” ဂူဟာ ထိုင္းႏိုင္ငံရဲ႕ အေရွ႕ဘက္၊ အီစံျပည္နယ္ Bueng Kan ခ႐ိုင္၊ Bueng Khong Long ၿမိဳ႕နယ္ရဲ႕အေရွ႕ဘက္ေတာႀကီးထဲမွာ ရွိပါတယ္။



အင္မတန္ႀကီးတဲ့ ေႁမြေခါင္းျပတ္ပုံ သဘာဝေက်ာက္တုံးႀကီးဟာ ေက်ာက္ကမ္းပါးယံတစ္ခုေပၚကို ေမးတင္ေနတဲ့ သက္ရွိေႁမြႀကီးနဲ႔ တူလြန္းေနတာေၾကာင့္ လူမႈကြန္ယက္မွာပ်ံ႕ႏွံ႔သြားပါတယ္။



ပိုထူးဆန္းေနတာက ေက်ာက္ေႁမြႀကီးရဲ႕ဦးေခါင္းဟာ လာအိုဘက္ျခမ္း UdomChai ခ႐ိုင္ ၊ Bang Leak ေက်း႐ြာဘက္ကပိုင္ဆိုင္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းအေၾကးခြံေတြအရစ္ရစ္နဲ႔ ဧရာမလွ်ိဳကမ္းပါးယံႀကီးကိုေတာ့ ထိုင္းဘင္ျခမ္းကပိုင္ဆိုင္တယ္လို႔သိရပါတယ္ ။

တိတ္ဆိတ္ၿငိမ္သက္ လွပတဲ့ေရတံခြန္နဲ႔ စမ္းေခ်ာင္းေလးတစ္ခုကလည္း ေႁမြရဲ႕အေၾကးခြံေတြ အရစ္ရစ္ေပၚေနသလို သဘာဝေက်ာက္ျပင္ေက်ာက္ဆိုင္ေတြကိုလည္းထူးဆန္းစြာျမင္ေတြ႕ရႏိုင္ပါတယ္ ။



ေရွးလူႀကီးေတြ‌ေျပာတဲ့ ဒ႑ာရီအရ က်ိန္စာသင့္လို႔ လည္ျပတ္သြားတဲ့နဂါးမင္းလို႔လည္းဆိုၾကပါတယ္ ၊ အဲ့ဒီေနရာကို ထိုင္းလူမ်ိဳးဓါတ္ပုံဆရာတစ္ဦးျဖစ္တဲ့ Ched Kantawong က ေရာက္ရွိသြားၿပီး Bueng Kan ခ႐ိုင္ေလးမွာအထင္ကရ လူေတြေလ့လာ လည္ပတ္စရာတစ္ခုေတြ႕ရွိလိုက္ၿပီလို႔ဆိုၿပီ သူ႔၏လူမႈကြန္ယက္ကေန ကိုဗစ္ ကင္းစင္တဲ့အခါ လာလည္ပတ္ၾကဘို႔ ေမလ ၂၇ ရက္ေန႔က ဖိတ္ေခၚထားပါတယ္။



ဘြမ့္ကန္း ခ႐ိုင္သည္ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကမွ ခ႐ိုင္အဆင့္အျဖစ္ ၈ ၿမိဳ႕နယ္ႏွင့္သတ္မွတ္ဖြဲ႕စည္းလိုက္တဲ့ (၇၇) ခ႐ိုင္ေျမာက္ျဖစ္ပါတယ္ ။ (စည္သူေမာင္)

Post a Comment

Previous Post Next Post