သံယောဇဉ်များ ပြတ်ကြရာဝယ် …(၂၅)ဦးမြောက် ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာ မှ ခေါ်ယူစောင့်ရှောက်လိုက်ပြန်ပြီ
အဖွားနာမည်က – ဒေါ်ကြည်
အသက်ကတော့ (၇၅) လောက်လို့ ခန့်မှန်းပါတယ်။အဖွားလဲ သူ့အသက်သူ တိတိကျကျ မမှတ်မိပါဘူး။
မော်လမြိုင် (၆)မိုင်ကျေးရွာမှ ယနေ့ (20.5.2020)ရက်နေ့မှာ သွားရောက်ခေါ်ယူ စောင့်ရှောက်ခဲ့တာပါ။အဖွားရဲ့ ဇာတိဇစ်မြစ်က ကရင်ပြည်နယ် ကော့ကရိတ် ကလို့ပြောပြသိရှိရပါတယ်။ ဆွေးမျိုးသားချ င်းတွေလဲ မရှိတော့ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀)ကျော်လောက်ကတည်းက မော်လမြိုင်သို့ ရောက်ရှိနေခဲ့ပြီး နေ့စားအလုပ်သမဘဝနဲ့ လုပ်လုပ်စားစားနေထိုင် စားသောက်ခဲ့ပါတယ်။လယ်ယာရှင်က နေ့စားအလုပ်သမားတွေအတွက် ဆောက်ပေးထားတဲ့ တဲလေးထဲမှာ နေထိုင်ကြရင်း နေ့စားလုပ်ကိုင် စားသောက်ရင်းအဖွားနည်းတူ ပဲခူးဘက် အညာဘက်တွေက လာရောက် လုပ်ကိုင်စားသောက်ကြတဲ့ ဘဝတူ အလုပ်သမားတွေနဲ့ မိသားစုသဖွယ်သံယောဇဉ်တွေ ဖြစ်ခဲ့ပြီး စုပေါင်းနေထိုင်ခဲ့ကြပါတယ်။
အသက်အရွယ် ကြီးရင့်လာလို့ အဖွားလုပ်ကိုင်စားသောက်လို့မနိုင်တော့တဲ့ အချိန်မှာလည်း ကျန်တဲ့ အလုပ်သမားတွေကမိသားစုဝင်လိုပဲ အတူနေထိုင် စားသောက်ခဲ့ကြပါတယ်။
အဲဒီလို နေထိုင်စဉ် အဖွားရဲ့ နေထိုင်ရေးတွေကို (၆)မိုင်ရွာဘက်မှာဖွဲ့စည်းထားတဲ့ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကဝိုင်းဝန်း ကူညီထောက်ပံ့ ကြည့်ရှုထားခဲ့တယ်လို့ သိရပါတယ်။
အဖွားက ခိုကိုးရာမဲ့လည်းဖြစ် အသက်အရွယ်လည်း ကြီးလာလို့ဘိုးဘွားရိပ်သာကို သွားဖို့ ဖြောင်းဖြနားချခဲ့ပေမဲ့ သံယောဇဉ် အတွယ်အတာလေးတွေ ရှိနေပြီး နားချရခက်တော့ အချိန်တွေ နှောင့်နှေးနေ ခဲ့တယ်လို့ သိရပါတယ်။ တူတူနေတဲ့ ဆွေမတော်မျိုးမတော် မိသားစု လို ဖြစ်နေတဲ့ အလုပ်သမားတွေကလည်း အဖွားကို အတင်းမပို့ရက်။
ခုတော့ အချိန်တန်ခဲ့ပြီး။အဖွားနဲ့ အတူနေထိုင်တဲ့ မိသားစုတွေကလည်း သူတို့ရဲ့ ဇာတိမြို့က ရွာတွေကို အပြီးပြန်ရတော့မယ်။ ရွာမှာကျန်ခဲ့တဲ့ ဘိုးဘွားမိဘတွေက လည်း အသက်အရွယ်ကြီးရင့်လာပြီး ဖြစ်တဲ့အတွက် တနယ်တကျေးမှာ အလုပ်လာလုပ်နေကြတဲ့ မိသားစုတွေ အတူတူနေချင်ကြပါပြီးတဲ့။
အဲဒီတော့ အလုပ်သမား မိသားစုတွေနဲ့ အတူနေထိုင်တဲ့ အဖွားကခိုးကိုးရာမဲ့ တယောက်တည်း ကျန်ခဲ့တော့မယ်။ စိတ်မချဘူး။ခေါ်သွား လို့ကလည်း အဆင်မပြေကြပြန်။ နောက်ဆုံးတော့ အဖွားအတွက် စိတ်အချရဆုံးနဲ့ အသင့်တော်ဆုံး ခိုလှုံရာနေရာဖြစ်တဲ့မြဆည်းဆာ မှာ နားခိုဖို့ (၆)မိုင်ရွာမှ သက်ကြီးစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ လာရောက်တောင်းဆိုကြလေပြီး။
အမှန်တကယ်ခိုကိုးရာမဲ့ဖြစ်နေသဖြင့် “မြဆည်းဆာ”ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့များမှ အဖွားနေထိုင်ရာ နေရာသို့အရောက်သွားရောက်ကြည့်ရှု့လေ့လာပြီး မြဆည်းဆာ ၏ ရင်ခွင်မှာ နားခိုစေဖို့ခေါ်ယူစောင့်ရှောက် လိုက်ပါပြီး။
အဖွား ဘဝ နောင်ရေး စိတ်အေးရပါပြီး အဖွားရေ …
လူ့ဘဝဇာတ်ခုံအဖုံဖုံမှာ နည်းမျိုးစုံနဲ့ ကျင်လည်ခဲ့ကြပြီးဘဝနေဝင်ချိန် ရောက်ခါနီးမှ ဒုက္ခပေါင်းစုံနဲ့ အခက်အခဲဖြစ်နေကြတဲ့ အဘိုးအဘွားတွေကို မြဆည်းဆာ မှအမှန်တကယ် ကူညီဖေးမ စောင့်ရှောက်ပေးနေလျှက်ရှိပါသည်။
“မြဆည်းဆာ”ဘိုးဘွားများခိုလှုံရာရိပ်သာမုရောင်းကျေးရွာ မော်လမြိုင်မြို့။မော်လမြိုင်-ကျိုက်မရောသွား ကားလမ်းမဘေးအားကာသိပ္ပံအလွန် ထန်းပင်တန်းအနီး
မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာတည်ဆောက်နေမှုလုပ်ငန်း၌ တတပ်တအား ကုသိုလ်ပါဝင်လိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ်များနှင့် ဘဏ်အကောင့်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။
မြဆည်းဆာ ဘဏ်အကောင့်
08330208302104801(KBZ)
0159600500029831 (CB ဘဏ်)
မြဆည်းဆာရိပ်သာ ရုံးဖုန်း
09 446446780
09 446446790
ဘဒ္ဒန္တနရိန္ဒ (မြစေတီစာသင်တိုက်)
ရိပ်သာတည်ဆောက်ရေးဦးဆောင်ပဓါနနာယကဆရာတော်
09 425300140
09 691271969
ကိုဇင်မိုး (အကျိုးတော်ဆောင်)
09 442158281
09 968446565
ဦးမြင့်ဦး (အကျိုးတော်ဆောင်)
09 780002397
09 5322044
ဦးမျိုးနိုင် (အကျိုးတော်ဆောင်)
09 792404429
Post a Comment