(Unicode)
အမှုဖြစ်စဉ်မှာ၁၂.၅.၂၀၂၀ရက်ညနေ၅နာရီအချိန်ခန့်ကစစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊မုံရွာမြို့၏အနောက်ဘက်ချင်းတွင်းမြစ်ကြောင်းသဲသောင်ပြင်တွင်အမည်မသိပုတ်ပွနေသည့်အမျိုးသားရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်းသတင်းအရမုံရွာမြို့မရဲစခန်းမုှးဒုရဲမုှးဝင်းနိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်တို့သည်သွားရောက်စစ်ဆေးကြည့်ရုှရာ
အဆိုပါသေဆုံးသူမှာအသက်(၃၀)နှစ်ဝန်းကျင်ဖြစ်ပြီးကွမ်းစားခြင်း၊ဆေးလိပ်သောက်ခြင်းမရှိသူဖြစ်ကာ၎င်းတွင်လွယ်အိတ်အနီရောင်တစ်လုံးပါရှိပြီးလည်တွင်အနီးရောင်လက်ဖွဲ့ကြိုးဝတ်ဆင်ထားပြီးမီးခိုးနုရောင် ခေါင်းစွပ် စွပ်ကျယ် “ ရှိုင်း ” စာတမ်းပါအင်္ကျီအားဝတ်ထားသည်။ဖိနပ်မှာရာဘာဖိနပ်အဖြူရောင်သဲကြိုးအပြာဖြစ်သည်။
ပုဆိုးမှာအပြာရောင်ကွပ်စိပ်ဝတ်ထားကာသေဆုံးသူမှာဦးခေါင်းဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ပြီးအခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သက်သေခံအဝတ်အစားသိမ်းဆည်းခြင်း
သေဆုံးသူအသက်(၃၀)ခန့်အမျိုးသားအလောင်းကိုရဲဆေးာရေးသားပေးပို့ကာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စေခဲ့ရာတာဝန်ကျဆရာဝန်ကအဆိုပါအမျိုးသားသည်တစ်ဦးတစ်ယောက်၏ရိုက်နှက်မုှကြောင့်(၁၀ရက်/၁၁ရက်)နေ့လောက်ကသေဆုံးခြင်းဖြစ်နိုင်ကြောင်းအကြောင်းပြန်ချက်အရအဆိုပါအမျိုးသားကိုသတ်သွားသူကိုစုံစမ်းဖော်ထုတ်အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ
မုံရွာမြို့မရဲစခန်း(ပ)…./၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမုှရေးဖွင့်ကာအမုှစစ်ဒုရဲမုှးဝင်းနိုင်ကစတင်စုံစမ်းခဲ့ရာသေဆုံးသူမှာမုန်တိုင်း(ခ)ရေဦးသားဆိုသူဖြစ်ကြောင်းသိရှိရကာ၎င်းတို့သည်၁၀.၅.၂၀၂၀ရက်နေ့ညပိုင်းကမုံရွာမြို့၏အနောက်ဘက် ချင်းတွင်းမြစ် သဲသောင်ပြင်ရှိ တဲတစ်လုံးတွင် မုံရွာမြို့ မြဝတီရပ်ကွက်နေသန်းညွှန့်(ခ)ဇော်ဝမ်း၊ကန်သာဦးရပ်ကွက်နေသီဟစိုးမိုး(ခ)မွှေးနီ၊အောင်ဇေယျုံရပ်ကွက်နေ ကံထွန်း(ခ) အာနိုး နှင့် ရေဦးမြို့နေ မုန်တိုင်း(ခ) ရေဦးသားတို့သည်အတူတကွအရက်သောက်စားပြီးနောက်
ယင်းတဲရှိအမျိုးသမီးနှစ်ဦးနှင့်ပတ်သက်၍ရည်းစားလုရာမှခိုက်ရန်ဖြစ်ပွားပြီးမုန်တိုင်း(ခ)ရေဦးသားဆိုသူမှာဦးခေါင်းကြေမွဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်ရဲအရာရှိများ၏စစ်ဆေးပေါ်ပေါက်ချက်များအရသိရသည်။ပြစ်မုှကျူးလွန်သူ(၃)ဦးသည်ထောင်ထွက်များဖြစ်ကြကာသန်းညွှန့်(ခ)ဇော်ဝမ်းဆိုသူကသဲသောင်ပြင်လူသတ်မှုမှာပါဝင်ခဲ့ပြီး
၁၂.၅.၂၀၂၀ ရက် ည ၃ နာရီမှာ မြဝတီရပ်ကွက် နယ်မြေအမှတ် (၂၃) ရွှေညောင်ပင်လမ်းနေ ဦးဝင်းတင့် ဆိုသူရဲ့ နေအိမ်ထဲကိုဝင်ရောက်ပြီးအိမ်ရှင်ဦးဝင်းတင့်အား ကပ်ကြေးနဲ့ထိုးတုတ်နဲ့ဝင်ရိုက်ခဲ့သည်ဟုသိရကြောင်း၊..ဇော်ဝမ်းဆိုသူသည်၂၀၁၂တုန်းကလူသတ်မှုနဲ့ထောင်(၁၀)နှစ်ကျပြီးလွတ်ငြိမ်းပြန်နဲ့လွတ်လာခဲ့တာဖြစ်ကြောင်းနှင့်အဆိုပါလူသတ်မုှကိုမုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ရဲအုပ်ညိုသက်ဝင်းနှင့်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့သည်မုံရွာမြို့မရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ၂၄နာရီအတွင်းအမှုမှန်ဖော်ထုတ်ခဲ့ကြောင်းသိရသည်။TTW
(Zawgyi)
အမှုဖြစ်စဉ်မှာ၁၂.၅.၂၀၂၀ရက်ညနေ၅နာရီအချိန်ခန့်ကစစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊မုံရွာမြို့၏အနောက်ဘက်ချင်းတွင်းမြစ်ကြောင်းသဲသောင်ပြင်တွင်အမည်မသိပုတ်ပွနေသည့်အမျိုးသားရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်းသတင်းအရမုံရွာမြို့မရဲစခန်းမှုးဒုရဲမှုးဝင်းနိုင်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်တို့သည်သွားရောက်စစ်ဆေးကြည့်ရှုရာ
သေဆုံးသူအသက်(၃၀)ခန့်အမျိုးသားအလောင်းကိုရဲဆေားရေးသားပေးပို့ကာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စေခဲ့ရာတာဝန်ကျဆရာဝန်ကအဆိုပါအမျိုးသားသည်တစ်ဦးတစ်ယောက်၏ရိုက်နှက်မှုကြောင့်(၁၀ရက်/၁၁ရက်)နေ့လောက်ကသေဆုံးခြင်းဖြစ်နိုင်ကြောင်းအကြောင်းပြန်ချက်အရအဆိုပါအမျိုးသားကိုသတ်သွားသူကိုစုံစမ်းဖော်ထုတ်အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ
မုံရွာမြို့မရဲစခန်း(ပ)…./၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်ဒုရဲမှုးဝင်းနိုင်ကစတင်စုံစမ်းခဲ့ရာသေဆုံးသူမှာမုန်တိုင်း(ခ)ရေဦးသားဆိုသူဖြစ်ကြောင်းသိရှိရကာ၎င်းတို့သည်၁၀.၅.၂၀၂၀ရက်နေ့ညပိုင်းကမုံရွာမြို့၏အနောက်ဘက် ချင်းတွင်းမြစ် သဲသောင်ပြင်ရှိ တဲတစ်လုံးတွင် မုံရွာမြို့ မြဝတီရပ်ကွက်နေသန်းညွှန့်(ခ)ဇော်ဝမ်း၊ကန်သာဦးရပ်ကွက်နေသီဟစိုးမိုး(ခ)မွှေးနီ၊အောင်ဇေယျုံရပ်ကွက်နေ ကံထွန်း(ခ) အာနိုး နှင့် ရေဦးမြို့နေ မုန်တိုင်း(ခ) ရေဦးသားတို့သည်အတူတကွအရက်သောက်စားပြီးနောက်
၁၂.၅.၂၀၂၀ ရက် ည ၃ နာရီမှာ မြဝတီရပ်ကွက် နယ်မြေအမှတ် (၂၃) ရွှေညောင်ပင်လမ်းနေ ဦးဝင်းတင့် ဆိုသူရဲ့ နေအိမ်ထဲကိုဝင်ရောက်ပြီးအိမ်ရှင်ဦးဝင်းတင့်အား ကပ်ကြေးနဲ့ထိုးတုတ်နဲ့ဝင်ရိုက်ခဲ့သည်ဟုသိရကြောင်း၊..ဇော်ဝမ်းဆိုသူသည်၂၀၁၂တုန်းကလူသတ်မှုနဲ့ထောင်(၁၀)နှစ်ကျပြီးလွတ်ငြိမ်းပြန်နဲ့လွတ်လာခဲ့တာဖြစ်ကြောင်းနှင့်အဆိုပါလူသတ်မှုကိုမုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ရဲအုပ်ညိုသက်ဝင်းနှင့်ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့သည်မုံရွာမြို့မရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ရာ၂၄နာရီအတွင်းအမှုမှန်ဖော်ထုတ်ခဲ့ကြောင်းသိရသည်။TTW
Post a Comment
Previous Post Next Post