(Unicode)

ခါးသီးလွန်းတဲ့ သမ္မတလွတ်ငြိမ်းခွင့်

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတက လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့ အနေနဲ့ နိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူတွေကို ပေးခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဟာ အကျဉ်းကျ သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် မင်္ဂလာသတင်းတခုပါ။




ဒါပေမယ့် ဘယ်ဘက်မျက်နှာတခြမ်းကို ဆံပင်နဲ့ ဖုံးကွယ်ထားတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တဦး အတွက်တော့ တုန်လှုပ်သွေးပျက်စရာ သတင်းဆိုးတခု ဖြစ်ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးက “သို့ ဥပဒေ … ကျမနဲ့ ကျမမိသားစု လုံခြုံရေးကို ဘယ်သူ တာဝန်ယူပေးမှာလဲ” ဆိုပြီး သမ္မတရဲ့ လွတ်ငြိမ်းခွင့် ထုတ်ပြန်အပြီး တပတ်အကြာမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။

မျက်နှာတခြမ်းကို ဆံပင်နဲ့ကွယ်ထားပေမယ့် နှာခေါင်း၊ မေးစေ့၊ လည်ပင်းမှာရှိနေတဲ့ မီးလောင်ထားသလို အသား အရေတွန့်နေတဲ့ ဒဏ်ရာတွေကတော့ အထင်းသား ဖြစ်နေပါတယ်။

သူကတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က အက်စစ်နဲ့ အပက်ခံခဲ့ရသူ မပြည့်ပြည့်(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြောင့် အကျဉ်းထောင်အသီးသီးက အကျဉ်းကျနေသူ ၂၅,၀၀၀ နီးပါး (၂၄,၈၆၉) ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ရခဲ့တဲ့အထဲမှာ သူ့ကို အက်စစ်နဲ့ပက်ခဲ့တဲ့ ရည်းစားဟောင်းဆိုသူ အသက် ၂၉ နှစ်အရွယ် မောင်မိုးမင်း သူလည်း ပါဝင်ခဲ့ပါတယ်။

မောင်မိုးမင်းသူကို ချစ်သူအဖြစ်ကနေ လမ်းခွဲလိုက်တဲ့အပေါ် မကျေနပ်မှုကြောင့် ၂၀၁၆ မေလမှာ ပြည့်ပြည့်ဟာ သူ့ဖခင်နဲ့အတူ ဆိုင်ကယ်မောင်းလာစဉ် လမ်းခုလတ်မှာ ထိုသူက အက်စစ်နဲ့ နှစ်ကြိမ် ပက်ခဲ့တာ ဖြစ်ပါတယ်။

ပြင်းထန်စွာ နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄ အရ ကျူးလွန်သူကို ထောင် ဒဏ် ၇ နှစ် ကျခံဖို့ လွန်ခဲ့တဲ့ ၂၀၁၇ မတ်လမှာ သံဖြူဇရပ်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။



မူရင်းပုံနှင့် အက်ဆစ်နှင့် ပက်ခံရပြီးနောက်ပိုင်းပုံ / ဓါတ်ပုံ – မပြည့်ပြည့်

ဒါပေမဲ့ ထောင်ဒဏ် ၃ နှစ်ကျော် (၄ နှစ်နီးပါး) ကျခံပြီးနောက် ကျူးလွန်တဲ့သူဟာ လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်မြောက် လာခဲ့တာပါ။

တရားရင်ဆိုင်ခဲ့တဲ့ ကာလအတွင်းမှာ “ထောင်က ပြန်လွတ်လာရင် နင်မလွယ်ဘူး” ဆိုပြီး ကျူးလွန်သူက ပြည့်ပြည့် ကို ခြိမ်းခြောက်ပြောဆိုတာမျိုး ရှိပါတယ်။

ဒါကြောင့်လည်း ထောင်သက်မပြည့်ဘဲ ထိုသူ ပြန်လွတ်လာပြီဆိုတဲ့ သတင်းဟာ သူမကို အကြီးအကျယ် ထိတ် လန့်စေခဲ့တာ ဖြစ်ပါတယ်။
ဒီထိတ်လန့်မှုဟာ သူမကို ခြိမ်းခြောက်ထားတဲ့သူ အလွယ်တကူလွတ်လာလို့ ထိန့်လန့်တာလား၊ လူတဦးကို ရက်ရက် စက်စက် ပြစ်မှုကျူးလွန်ခဲ့သူကို သက်ညှာလိုက်တဲ့ တရားဥပဒေရဲ့ မမျှတမှုအပေါ် အံ့သြထိတ်လန့်တာလား ဆိုတာ ကိုတောင် မဝေခွဲတတ်အောင် ဖြစ်ခဲ့ရပါတယ်။

“လူသားချင်း စာနာတယ်ဆိုတော့ ကျမက လူသား မဟုတ်လို့လား။ အပြစ်သားကို စာနာပြီး ဘဝပျက်ခဲ့တဲ့ မိန်း ကလေးကိုရော မစာနာတော့ဘူးလား” လို့ ပြည့်ပြည့်က သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အပေါ် တုံ့ပြန်မေးခွန်းထုတ်ခဲ့ ပါတယ်။

အက်စစ်နဲ့ပက်ခံရတာကြောင့် သူမရဲ့ ဘယ်ဘက်မျက်နှာတခြမ်းလုံး၊ မျက်လုံးတလုံး၊ နားတဖက် ပျက်စီးသွားခဲ့ရပြီး လည်ပင်း၊ ပခုံး၊ လက်နှစ်ဖက်နဲ့ ရှေ့ရင်ဘတ်တခြမ်းလုံး အက်စစ်လောင်ကျွမ်းမှုကြောင့် ခွဲစိတ်ကုသမှုတွေ အကြိမ် ကြိမ် လုပ်ခဲ့ရပါတယ်။



“အက်စစ်ဆိုတာ ဓါးထက်ပြင်းတဲ့ လက်နက်။ သွေးမထွက်ဘဲ လောင်ကျွမ်းနေတဲ့ နာကျင်မှုမျိုးပါ။ ဘယ်လို နာကျင်မှု လည်းဆိုတာကိုတောင် ကျမ ဖော်ပြဖို့ စကားလုံးရှာမရပါဘူး” လို့ သူက နာကျည်းစွာ ပြောဆိုပါတယ်။

အခုချိန်ထိ သူ့ရဲ့ အက်စစ်ဒဏ်ရာတွေကြောင့် ခွဲစိတ်ခန်း ၈ ကြိမ်ထိ ဝင်ခဲ့ရပြီး နောက်ထပ်လည်း ခွဲစိတ်ရဖို့ အများကြီး ရှိနေဆဲပါ။

သူ့ရဲ့ မျက်လုံးတဖက်ဟာလည်း အက်စစ်ဒဏ်ကြောင့် အခုချိန်ထိ မျက်ရည်ကျကျနေသလို နှာခေါင်းကလည်း အသက် ရှူမဝတာတွေ ခုထိ ခံစားနေရတုန်းပါ။
“သူကတော့ သူ့မိသားစုနဲ့ ပျော်နေလောက်ပြီ။ ကျမက တဘဝလုံးနဲ့ ယှဉ်ရတာ။ ဒီဒဏ်ရာ ဒီမျက်နှာက တသက်လုံး ကျမ မြင်သွားရမှာလေ။ အဲဒါကြောင့်မို့ လုံး၀ မတရားဘူး” လို့ သူ့အနေနဲ့ ခံပြင်းနေမိပါတယ်။

ပြစ်ဒဏ်သတ်မှတ်တာက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တာဆိုပေမယ့် ရုပ်ဆင်းအင်္ဂါပျက်စီးသွားရတဲ့ မိန်းကလေး တယောက်အတွက်တော့ အသက်သေတာနဲ့ ထပ်တူတာ ခံစားရတာကြောင့် ပြစ်ဒဏ် ၇ နှစ်ဆို ၇ နှစ် စလုံး ကျခံသင့်တယ်လို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါက် တာ ခင်စိုးစိုးကြည်က မှတ်ချက်ပြုပါတယ်။

“ဒီအမျိုးသားသည် ပြစ်ဒဏ်ချမှတ်ချိန်မှာ စိတ်ထား ပြောင်းလဲသွားရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒီလို မဟုတ်ခဲ့ဘူး ဆိုရင်တော့ မိန်းကလေးနဲ့ ပတ်ဝန်းကျင်မှာ အများကြီး သတိထားရမှာပေါ့” လို့ ဒေါက်တာ ခင်စိုစိုးကြည်က ပြောပါ တယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသူ/သားတွေကို လွှတ်ပေးတိုင်း မုဒိမ်းသမားတွေ၊ ဆိုးသွမ်းတဲ့ ဒုစရိုက်သမားတွေ ပါ ဝင်ခဲ့တယ်ဆိုတဲ့ ဝေဖန်ပြစ်တင်မှုတွေက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက ရှိခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေသမားတဦးဖြစ်တဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အောက်မှာ စိစစ်မှုတွေ မလုပ်ခဲ့ဘူးလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထဲမှာလည်း အမှုအတိမ်အနက် ကြီးလေးမှုအပေါ် ကန့်သတ်ထားခြင်း မတွေ့ရပါဘူး။

လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ကျူးလွန်သူ အမျိုးသား ပါရတဲ့အကြောင်းက ပြစ်ဒဏ်ကာလ ၄ ပုံ ၁ ပုံ လျော့ပေါ့တဲ့ အထဲမှာ အကျုံးဝင်တာကြောင့် ဖြစ်တယ်လို့ မောင်လမြိုင်အကျဉ်းထောင်က တာဝန်ရှိသူ တဦးက ပြောပါတယ်။

“နိုင်ငံတော် သမ္မတရဲ့ Authority (လုပ်ပိုင်ခွင့်အာဏာအရ) ပဲပေါ့။ ဌာနကလည်း လုပ်လို့ မရဘူး။ သမ္မတက သူတို့ကို သနားငဲ့ညာသော အားဖြင့်ပေါ့။ သူတို့ကို လွှတ်တယ်ဆိုတာက သမ္မတရဲ့ အမိန့်နဲ့ လွှတ်လို့ရတာလေ” လို့ သူက ပြော ပါတယ်။

ပျဉ်းမနားမြို့ တရားလွတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကတော့ သမ္မတကို တင်ပြတဲ့ လွှတ်မယ့်သူစာရင်းမှာ ချို့ယွင်း ချက်တွေ ရှိနိုင်သလို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ တယောက်ချင်းစီတိုင်းရဲ့ ပြစ်မှုတွေကို သမ္မတအနေနဲ့ မသိနိုင်တဲ့ အတွက် အောက်ခြေက တင်လာတဲ့စာရင်းအတိုင်း လွှတ်လိုက်ရာမှာ မလွှတ်သင့်သူတွေ ပါသွားတာမျိုးဖြစ်နိုင်တယ် လို့ သုံးသပ်ပါတယ်။

အက်စစ်နဲ့ ပက်ခဲ့တဲ့ အမျိုးသားဟာ နိုင်ငံတော်သမ္မတရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ထောင်ဒဏ်သက်ညှာမှု တခုတည်းကိုပဲ ရခဲ့တာမဟုတ်ပါဘူး။
အဲဒီ အမျိုးသားရဲ့ အမှုကို အမိန့်ချခဲ့တဲ့ ကာလတုန်းကလည်း သံဖြူဇရပ်မြို့နယ် တရားရုံးရဲ့ သက်ညှာမှုတွေကိုလည်း ရခဲ့ဖူးတယ်လို့ ဆိုရမှာပါ။

အမှန်တော့ ပြင်းထန်စွာ နာကျင်စေမှုဖြစ်တဲ့ ပုဒ်မ ၃၂၆ ဟာ အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်း (နှစ် ၂၀) အထိ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ချမှတ်ပိုင်ခွင့်ရှိပေမယ့် သူ့ကို တရားရုံးက ထောင်ဒဏ် ၇ နှစ်ပဲ ကျခံဖို့ ချမှတ်ခဲ့ တာပါ။

အဲဒါအပြင် သူ့ကို အမှုစွဲခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ပုဒ်မ ၃၂၄ ကိုလည်း ပုဒ်မတခုချင်းစီရဲ့ ပြစ်ဒဏ်အလိုက် ချ လိုက်မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်လောက်ထိ ကျနိုင်ပေမယ့် ပြစ်မှုတွေ တပေါင်းတည်း ကျခံစေတာဖြစ်လို့ ၇ နှစ် ထိပဲ ကျခံခဲ့ရတာပါ။

ခုတော့ သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ်ပြည့်အောင်တောင် အပြစ်ဒဏ် မခံရတာဟာ လုံး၀ တရားမျှတမှု မရှိဘဲ ဥပဒေကို ယုံကြည်ဖို့ တွန့်ဆုတ်သွားရတယ်လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။

ထိခိုက်နစ်နာသူ ပြည့်ပြည့်ရဲ့ အကျည်းတန် ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအတွက်တော့ လူမှုရေး ဆိုင်ရာ တရားမျှတမှုတောင် ခံစားခွင့် မရခဲ့ဘဲ သူ့ရဲ့ ဒဏ်ရာတွေအတွက် သူ့တာဝန်ပဲ ဖြစ်ခဲ့ရပါတယ်။

သူ့အမှုကို ကူညီပေးတဲ့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေ အပါအဝင် သူ့ရဲ့ ပိုင် ဆိုင်မှုတွေ ထုခွဲရောင်းချပြီး ဒဏ်ရာတွေကို ရသလောက် ကုသခဲ့ရပါတယ်။

“တခါတည်းနဲ့ အကုန်ပျောက်နိုင်တာမှ မဟုတ်တာ။ တခါခွဲစိတ်ရင် သိန်းရာချီကုန်တာ။ အဲဒီ ကုန်ကျစရိတ်ကို ဘယ်လို ဖြေရှင်းမလဲ။ ကျမ မိဘရဲ့ ပိုင်ဆိုင်မှုတွေ ရောင်းရတာပါ။ အလှူရှင်တွေရှိပေမယ့် ပြည့်ပြည့်၀၀ ဘယ်သူလှူပေးနိုင်မှာ လဲ” လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

အက်စစ်ကြောင့် မျက်နှာတခြမ်းလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့ သူ့ကို အိမ်ပြင်ထွက်တိုင်း စူးစမ်းတတ်ကြတဲ့ ပတ် ဝန်းကျင်ဟာ သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်ပြန်ဆွသလို ဖြစ်နေခဲ့ပါတယ်။“အပြင်မထွက်ရဲဘူး။ ထွက်လို့ရှိရင် စူးစမ်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်၊ မေးတယ်။ ကိုယ်အပျိုလားကအစ မေးတော့ လေ ထပ်ခါထပ်ခါမေးတော့ စိတ်က အတိတ်ကို ပြန်ပြန်ရောက်သွားပြီး ဒီဒဏ်ရာပဲ ထပ်ခါထပ်ခါ ပြန်ရနေတယ်။ တခါ တလေ လူတွေနဲ့ ရှောင်ချင်တာ။ လူတွေရှေ့မှာကို မနေချင်တော့တာ” လို့ သူက ဖွင့်ဟပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ခံရသူတွေရဲ့ လူမှုရေးဆိုင်ရာ နစ်နာမှုအတွက် ဥပဒေကုစားမှုအနေနဲ့ တရားမမှု စွဲဆိုပြီး ကျူးလွန်သူတွေဆီကနေ လျော်ကြေး နစ်နာကြေးတွေကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် နစ်နာသူအတွက် ဥပဒေမှာ ပြည့်ပြည့်စုံစုံ ပြဌာန်းထားပေမယ့် မြန်မာနိုင်ငံမှာ လူမှုရေးဆိုင်ရာ နစ်နာမှု အတွက် ထည့်သွင်းစဉ်းစားတဲ့ ယဉ်ကျေးမှုတရပ် အားနည်းနေသေးတယ်လို့ ဥပဒေအကြံပေး တဦးဖြစ်သူ ဦးခင်မောင် မြင့်က ဝေဖန်ထောက်ပြပါတယ်။

“တချို့လူတွေက ပြောတယ်။ ဒါက ဝဋ်ရှိလို့ ခံရတာတဲ့။ မတရားဘူးလေ။ ကျမလည်း ဘဝနဲ့ပဲ” လို့ ပြည့်ပြည့်က ပြောပါတယ်။

အကြိမ်ကြိမ် ခွဲစိတ်ပြီးတာတောင် ပုံမှန်မဖြစ်လာနိုင်တော့တဲ့ အက်စစ် ဒဏ်ရာတွေကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျခဲ့ပေမယ့် မိဘတွေရဲ့ ပံ့ပိုးမှု၊ အမျိုးသမီးအဖွဲ့အစည်း အပါအဝင် သူငယ်ချင်းမိတ်ဆွေ တချို့ရဲ့ အားပေးမှုတွေ ကြောင့် သူ့ဘဝကို သူကိုယ်တိုင် ရုန်းထဖို့ ကြိုးစားခဲ့ပါတယ်။

ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်နေရင်းမှာပဲ ပြီးခဲ့တဲ့ ၂၀၁၉ အစောပိုင်းမှာ မိဘတွေရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ကာယကံ ရှင် အမျိုးသမီးဟာ သြစတြေးလျနိုင်ငံမှာ အလုပ်တဖက်နဲ့ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။

သူ့မျက်နှာအကြောင်းကို အရေးတယူ မစပ်စုတတ်တဲ့ တိုင်းတပါး လူမှုအသိုင်းအဝိုင်းမှာ သူ့ရဲ့ အက်စစ်လောင်ကျွမ်း ထားတဲ့ မျက်နှာတခြမ်းကို ကုတ်ဝဲဆံပင်နဲ့ တခြမ်းဖုံးပြီး အလုပ်လုပ်ရင်း ကျောင်းတက်ရင်း အချိန်တွေ ကုန်ဆုံးစေခဲ့ပါ တယ်။

ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာတွေ ကုစားလို့တောင် မပြီးသေးခင်မှာပဲ တရားခံ ပြန်လည်လွတ်မြောက်လာတဲ့အခါ ခံပြင်းစိတ် နဲ့ စိုးရိမ်စိတ်တွေ ရောယှက်ခဲ့ပါတော့တယ်။

သူ့မိဘနှစ်ပါးနဲ့ မိသားစုဝင်တွေ မွေးရပ်မြေမှာ ကျန်ရစ်နေဆဲဖြစ်လို့ သူတို့တွေရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်ရသလို သူ့အနေနဲ့ မြန်မာနိုင်ငံ ပြန်လာတဲ့အခါ လုံခြုံမှု ရှိပါ့မလားဆိုတာလည်း တွေးပူစရာ ဖြစ်လာခဲ့ပါတယ်။

အကြိမ်ကြိမ်ခွဲစိတ်ပြီးနောက်ပိုင်းပုံ/ဓါတ်ပုံ – မပြည့်ပြည့်
“သူဒီလိုလုပ်လို့ မိန်းကလေးတယောက် ဘဝပျက်တဲ့အထိ ဖြစ်သွားတဲ့အပေါ်မှာ သူက ၄ နှစ်လောက်ပဲ ကျတယ်ဆိုရင် သူ့အနေနဲ့ နောက်ထပ် ထပ်လုပ်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး။ သူတယောက်တည်းမကဘူး တခြား လူတွေလည်း ဒီလိုလုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး” လို့ ပြည့်ပြည့်က ခံပြင်းစွာ ပြောပါတယ်။

ပျဉ်းမနားမြို့နယ် တရားလွှတ်တော်ရှေ့နေ့ ဦးခင်မောင်ဇော်ကတော့ ဥပဒေက ဘယ်သူ့ကိုမဆို အာမခံချက်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီလူတွေက ကာယကံရှင် နစ်နာသူတွေကို လက်စားချေဖို့ အန္တရာယ်ရှိတဲ့အပြင် ဒီလူတွေ လွတ်တဲ့အတွက် ကြောင့် ဒီလို ပြစ်မှုမျိုးဟာ ကျူးလွန်လည်းပဲ သိပ်ပြဿနာမရှိပါဘူး။ တို့လည်း မကြာခင် လွတ်မှာပဲဆိုတဲ့ ဥပဒေအပေါ် ကြောက်ရွံ့မှု၊ ဥပဒေအပေါ် အလေးထားမှုက ပျက်သွားနိုင်တာပေါ့ဗျာ” လို့ ဦးခင်မောင်ဇော်က ထောက်ပြပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေကို ထောင်ကလွတ်လာရင် လူမှုအသိုင်း အဝိုင်းထဲ ပြန်ဝင်ဆံ့အောင်နဲ့ နောက်ထပ်ပြစ်မှုတွေ မကျူးလွန်အောင် အသက်မွေးဝမ်းကျောင်းပညာ၊ အတန်းပညာ တွေ သင်ကြားပေးတာမျိုးရှိတဲ့အပြင် ဘာသာရေးနည်းလမ်းနဲ့ တရားစခန်းဖွင့်ပေးတာမျိုးလည်း လုပ်ပေးနေတယ် လို့ သိရပါတယ်။

“စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အကျဉ်းသား အချင်းချင်း (ဥပမာ) မုဒိမ်းမှု ကျူးလွန်ခဲ့တယ်။ သူ ဘာကြောင့် ကျူးလွန်ခဲ့တာ လဲ။ သူ့ရဲ့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ပြီးတော့ အကျဉ်းသား အချင်းချင်း ပြန်ချပေးတာမျိုးတွေ တချို့ ထောင်တွေ မှာ လုပ်ကြပါတယ်။ သူ့လိုမျိုး မဖြစ်ဖို့ ပြောကြတယ်” လို့ အကျဉ်းဦးစီးဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

တချို့တလေ တရားရပြီး ပြုပြင်သွားတာရှိတယ်လို့သူက ဆက်ပြောပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ အမူအကျင့် ပိုင်းဆိုင်ရာ မပြုပြင်နိုင်ဘဲ လွတ်မြောက်လာသူတွေ ဘယ်လောက်ရှိပြီလဲဆိုတာတော့ ဘယ်သူမှ အတိအကျ တွက်ဆ လို့ မရပြန်ပါဘူး။

ဒီလို အနေအထားတွေကြောင့် မုဒိမ်းမှုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ လွတ်ငြိမ်းခွင့်မှာ လုံး၀ မပါဝင်သင့်ဘူးလို့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်ထောက်ပြပါတယ်။

“အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်ကို ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ပေးနေတာလဲ ဆိုတာကို စဉ်းစားလို့ မရဘူး” လို့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ မထားထားက ပြောပါတယ်။

အခုချိန်မှာ သာမန်ပြည်သူ တယောက်ဖြစ်တဲ့ ပြည့်ပြည့်အနေနဲ့ကတော့ သူနဲ့ သူ့မိသားစု လုံခြုံရေးကို ဘယ်သူ အာမခံ မလဲလို့ မေးရုံမှတပါး အခြားဘာမှ မတတ်နိုင်ပါဘူး။

ကာကွယ်ပေးမှု အပြည့်အဝရှိမယ့် အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ ဥပဒေတရပ် မပေါ်ထွန်းခင် အကြမ်းဖက်မှု တွေ ဘယ်လောက် ထပ်များနေအုံးမလဲ၊ ကျူးလွန်သူတွေအပေါ် သက်ညှာမှု ဘယ်အချိန်ထိ ရနေဦးမလဲ၊ အမျိုး သမီးတွေရဲ့ လုံခြုံမှုအတွက် ဘယ်သူတွေက အာမခံပေးမလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကို ပြည့်ပြည့် အပါဝင် မြန်မာနိုင်ငံက အမျိုးသမီးထုတရပ်လုံးက ဆက်လက် စောင့်မျှော်နေရဦးမှာပါ။

“ဥပဒေက မမြင်ချင်ယောင်ဆောင်နေတော့ ဒီထက်များလာအုံးမှာပဲ။ အက်စစ်က အလွယ်တကူလည်း ဝယ်လို့ရ တယ်လေ” လို့ ပြည့်ပြည့်က သတိပေး ပြောလိုက်ပါတယ်။ ။

(Zawgyi)

ခါးသီးလြန္းတဲ့ သမၼတလြတ္ၿငိမ္းခြင့္

ၿပီးခဲ့တဲ့ ဧၿပီလ ၁၇ ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတက လူသားခ်င္း စာနာေထာက္ထားမႈကို အေလးထားတဲ့ အေနနဲ႔ ႏိုင္ငံတဝွမ္း အက်ဥ္းေထာင္အသီးသီးက အက်ဥ္းက်ေနသူေတြကို ေပးခဲ့တဲ့ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ဟာ အက်ဥ္းက် သူေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြအတြက္ မဂၤလာသတင္းတခုပါ။

PROMOTED CONTENTMgid

ဗိုက်အဆီမြန်မြန်ဆန်ဆန်ဖယ်ရှားနည်းကိုလေ့လာပါ
Green Coffee

Mandalay: Working From Home Can Be More Lucrative Than Ever Before
Work From Home
CopyAMP code


ဒါေပမယ့္ ဘယ္ဘက္မ်က္ႏွာတျခမ္းကို ဆံပင္နဲ႔ ဖုံးကြယ္ထားတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တဦး အတြက္ေတာ့ တုန္လႈပ္ေသြးပ်က္စရာ သတင္းဆိုးတခု ျဖစ္ခဲ့ပါတယ္။

အဲဒီ အမ်ိဳးသမီးက “သို႔ ဥပေဒ … က်မနဲ႔ က်မမိသားစု လုံၿခဳံေရးကို ဘယ္သူ တာဝန္ယူေပးမွာလဲ” ဆိုၿပီး သမၼတရဲ႕ လြတ္ၿငိမ္းခြင့္ ထုတ္ျပန္အၿပီး တပတ္အၾကာမွာ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးတင္ခဲ့ပါတယ္။

မ်က္ႏွာတျခမ္းကို ဆံပင္နဲ႔ကြယ္ထားေပမယ့္ ႏွာေခါင္း၊ ေမးေစ့၊ လည္ပင္းမွာရွိေနတဲ့ မီးေလာင္ထားသလို အသား အေရတြန႔္ေနတဲ့ ဒဏ္ရာေတြကေတာ့ အထင္းသား ျဖစ္ေနပါတယ္။

သူကေတာ့ လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္အေစာပိုင္းမွာ ျမန္မာႏိုင္ငံအတြင္း ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္က အက္စစ္နဲ႔ အပက္ခံခဲ့ရသူ မျပည့္ျပည့္(အမည္လႊဲ)ပဲ ျဖစ္ပါတယ္။

ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေၾကာင့္ အက်ဥ္းေထာင္အသီးသီးက အက်ဥ္းက်ေနသူ ၂၅,၀၀၀ နီးပါး (၂၄,၈၆၉) ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္ ရခဲ့တဲ့အထဲမွာ သူ႔ကို အက္စစ္နဲ႔ပက္ခဲ့တဲ့ ရည္းစားေဟာင္းဆိုသူ အသက္ ၂၉ ႏွစ္အ႐ြယ္ ေမာင္မိုးမင္း သူလည္း ပါဝင္ခဲ့ပါတယ္။

ေမာင္မိုးမင္းသူကို ခ်စ္သူအျဖစ္ကေန လမ္းခြဲလိုက္တဲ့အေပၚ မေက်နပ္မႈေၾကာင့္ ၂၀၁၆ ေမလမွာ ျပည့္ျပည့္ဟာ သူ႔ဖခင္နဲ႔အတူ ဆိုင္ကယ္ေမာင္းလာစဥ္ လမ္းခုလတ္မွာ ထိုသူက အက္စစ္နဲ႔ ႏွစ္ႀကိမ္ ပက္ခဲ့တာ ျဖစ္ပါတယ္။

ျပင္းထန္စြာ နာက်င္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ နဲ႔ သာမန္နာက်င္ေစမႈ ပုဒ္မ ၃၂၄ အရ က်ဴးလြန္သူကို ေထာင္ ဒဏ္ ၇ ႏွစ္ က်ခံဖို႔ လြန္ခဲ့တဲ့ ၂၀၁၇ မတ္လမွာ သံျဖဴဇရပ္ၿမိဳ႕နယ္ တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။



မူရင္းပုံႏွင့္ အက္ဆစ္ႏွင့္ ပက္ခံရၿပီးေနာက္ပိုင္းပုံ / ဓါတ္ပုံ – မျပည့္ျပည့္

ဒါေပမဲ့ ေထာင္ဒဏ္ ၃ ႏွစ္ေက်ာ္ (၄ ႏွစ္နီးပါး) က်ခံၿပီးေနာက္ က်ဴးလြန္တဲ့သူဟာ လြတ္ၿငိမ္းနဲ႔ ျပန္လည္ လြတ္ေျမာက္ လာခဲ့တာပါ။

တရားရင္ဆိုင္ခဲ့တဲ့ ကာလအတြင္းမွာ “ေထာင္က ျပန္လြတ္လာရင္ နင္မလြယ္ဘူး” ဆိုၿပီး က်ဴးလြန္သူက ျပည့္ျပည့္ ကို ၿခိမ္းေျခာက္ေျပာဆိုတာမ်ိဳး ရွိပါတယ္။

ဒါေၾကာင့္လည္း ေထာင္သက္မျပည့္ဘဲ ထိုသူ ျပန္လြတ္လာၿပီဆိုတဲ့ သတင္းဟာ သူမကို အႀကီးအက်ယ္ ထိတ္ လန႔္ေစခဲ့တာ ျဖစ္ပါတယ္။
ဒီထိတ္လန႔္မႈဟာ သူမကို ၿခိမ္းေျခာက္ထားတဲ့သူ အလြယ္တကူလြတ္လာလို႔ ထိန႔္လန႔္တာလား၊ လူတဦးကို ရက္ရက္ စက္စက္ ျပစ္မႈက်ဴးလြန္ခဲ့သူကို သက္ညႇာလိုက္တဲ့ တရားဥပေဒရဲ႕ မမွ်တမႈအေပၚ အံ့ၾသထိတ္လန႔္တာလား ဆိုတာ ကိုေတာင္ မေဝခြဲတတ္ေအာင္ ျဖစ္ခဲ့ရပါတယ္။

“လူသားခ်င္း စာနာတယ္ဆိုေတာ့ က်မက လူသား မဟုတ္လို႔လား။ အျပစ္သားကို စာနာၿပီး ဘဝပ်က္ခဲ့တဲ့ မိန္း ကေလးကိုေရာ မစာနာေတာ့ဘူးလား” လို႔ ျပည့္ျပည့္က သမၼတရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္အေပၚ တုံ႔ျပန္ေမးခြန္းထုတ္ခဲ့ ပါတယ္။

အက္စစ္နဲ႔ပက္ခံရတာေၾကာင့္ သူမရဲ႕ ဘယ္ဘက္မ်က္ႏွာတျခမ္းလုံး၊ မ်က္လုံးတလုံး၊ နားတဖက္ ပ်က္စီးသြားခဲ့ရၿပီး လည္ပင္း၊ ပခုံး၊ လက္ႏွစ္ဖက္နဲ႔ ေရွ႕ရင္ဘတ္တျခမ္းလုံး အက္စစ္ေလာင္ကြၽမ္းမႈေၾကာင့္ ခြဲစိတ္ကုသမႈေတြ အႀကိမ္ ႀကိမ္ လုပ္ခဲ့ရပါတယ္။



“အက္စစ္ဆိုတာ ဓါးထက္ျပင္းတဲ့ လက္နက္။ ေသြးမထြက္ဘဲ ေလာင္ကြၽမ္းေနတဲ့ နာက်င္မႈမ်ိဳးပါ။ ဘယ္လို နာက်င္မႈ လည္းဆိုတာကိုေတာင္ က်မ ေဖာ္ျပဖို႔ စကားလုံးရွာမရပါဘူး” လို႔ သူက နာက်ည္းစြာ ေျပာဆိုပါတယ္။

အခုခ်ိန္ထိ သူ႔ရဲ႕ အက္စစ္ဒဏ္ရာေတြေၾကာင့္ ခြဲစိတ္ခန္း ၈ ႀကိမ္ထိ ဝင္ခဲ့ရၿပီး ေနာက္ထပ္လည္း ခြဲစိတ္ရဖို႔ အမ်ားႀကီး ရွိေနဆဲပါ။

သူ႔ရဲ႕ မ်က္လုံးတဖက္ဟာလည္း အက္စစ္ဒဏ္ေၾကာင့္ အခုခ်ိန္ထိ မ်က္ရည္က်က်ေနသလို ႏွာေခါင္းကလည္း အသက္ ရႉမဝတာေတြ ခုထိ ခံစားေနရတုန္းပါ။
“သူကေတာ့ သူ႔မိသားစုနဲ႔ ေပ်ာ္ေနေလာက္ၿပီ။ က်မက တဘဝလုံးနဲ႔ ယွဥ္ရတာ။ ဒီဒဏ္ရာ ဒီမ်က္ႏွာက တသက္လုံး က်မ ျမင္သြားရမွာေလ။ အဲဒါေၾကာင့္မို႔ လုံး၀ မတရားဘူး” လို႔ သူ႔အေနနဲ႔ ခံျပင္းေနမိပါတယ္။

ျပစ္ဒဏ္သတ္မွတ္တာက တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားနဲ႔ ဆုံးျဖတ္တာဆိုေပမယ့္ ႐ုပ္ဆင္းအဂၤါပ်က္စီးသြားရတဲ့ မိန္းကေလး တေယာက္အတြက္ေတာ့ အသက္ေသတာနဲ႔ ထပ္တူတာ ခံစားရတာေၾကာင့္ ျပစ္ဒဏ္ ၇ ႏွစ္ဆို ၇ ႏွစ္ စလုံး က်ခံသင့္တယ္လို႔ ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးနဲ႔ အားကစားဖြံ႕ၿဖိဳး တိုးတက္ေရးေကာ္မတီ အဖြဲ႕ဝင္ ေဒါက္ တာ ခင္စိုးစိုးၾကည္က မွတ္ခ်က္ျပဳပါတယ္။

“ဒီအမ်ိဳးသားသည္ ျပစ္ဒဏ္ခ်မွတ္ခ်ိန္မွာ စိတ္ထား ေျပာင္းလဲသြားရင္ေတာ့ မေျပာတတ္ဘူးေပါ့။ အဲဒီလို မဟုတ္ခဲ့ဘူး ဆိုရင္ေတာ့ မိန္းကေလးနဲ႔ ပတ္ဝန္းက်င္မွာ အမ်ားႀကီး သတိထားရမွာေပါ့” လို႔ ေဒါက္တာ ခင္စိုစိုးၾကည္က ေျပာပါ တယ္။

လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အက်ဥ္းသူ/သားေတြကို လႊတ္ေပးတိုင္း မုဒိမ္းသမားေတြ၊ ဆိုးသြမ္းတဲ့ ဒုစ႐ိုက္သမားေတြ ပါ ဝင္ခဲ့တယ္ဆိုတဲ့ ေဝဖန္ျပစ္တင္မႈေတြက သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္ကတည္းက ရွိခဲ့ပါတယ္။

ဒါေပမယ့္ ဥပေဒသမားတဦးျဖစ္တဲ့ လက္ရွိ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) အစိုးရ သမၼတ ဦးဝင္းျမင့္ရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ အမိန႔္ေအာက္မွာ စိစစ္မႈေတြ မလုပ္ခဲ့ဘူးလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။

ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ အမိန႔္စာထဲမွာလည္း အမႈအတိမ္အနက္ ႀကီးေလးမႈအေပၚ ကန႔္သတ္ထားျခင္း မေတြ႕ရပါဘူး။

လြတ္ၿငိမ္းခြင့္ေပးတဲ့အထဲမွာ က်ဴးလြန္သူ အမ်ိဳးသား ပါရတဲ့အေၾကာင္းက ျပစ္ဒဏ္ကာလ ၄ ပုံ ၁ ပုံ ေလ်ာ့ေပါ့တဲ့ အထဲမွာ အက်ဳံးဝင္တာေၾကာင့္ ျဖစ္တယ္လို႔ ေမာင္လၿမိဳင္အက်ဥ္းေထာင္က တာဝန္ရွိသူ တဦးက ေျပာပါတယ္။

“ႏိုင္ငံေတာ္ သမၼတရဲ႕ Authority (လုပ္ပိုင္ခြင့္အာဏာအရ) ပဲေပါ့။ ဌာနကလည္း လုပ္လို႔ မရဘူး။ သမၼတက သူတို႔ကို သနားငဲ့ညာေသာ အားျဖင့္ေပါ့။ သူတို႔ကို လႊတ္တယ္ဆိုတာက သမၼတရဲ႕ အမိန႔္နဲ႔ လႊတ္လို႔ရတာေလ” လို႔ သူက ေျပာ ပါတယ္။

ပ်ဥ္းမနားၿမိဳ႕ တရားလြတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေတာ့ သမၼတကို တင္ျပတဲ့ လႊတ္မယ့္သူစာရင္းမွာ ခ်ိဳ႕ယြင္း ခ်က္ေတြ ရွိႏိုင္သလို လြတ္ၿငိမ္းခြင့္ေပးလိုက္တဲ့ တေယာက္ခ်င္းစီတိုင္းရဲ႕ ျပစ္မႈေတြကို သမၼတအေနနဲ႔ မသိႏိုင္တဲ့ အတြက္ ေအာက္ေျခက တင္လာတဲ့စာရင္းအတိုင္း လႊတ္လိုက္ရာမွာ မလႊတ္သင့္သူေတြ ပါသြားတာမ်ိဳးျဖစ္ႏိုင္တယ္ လို႔ သုံးသပ္ပါတယ္။

အက္စစ္နဲ႔ ပက္ခဲ့တဲ့ အမ်ိဳးသားဟာ ႏိုင္ငံေတာ္သမၼတရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ ေထာင္ဒဏ္သက္ညႇာမႈ တခုတည္းကိုပဲ ရခဲ့တာမဟုတ္ပါဘူး။
အဲဒီ အမ်ိဳးသားရဲ႕ အမႈကို အမိန႔္ခ်ခဲ့တဲ့ ကာလတုန္းကလည္း သံျဖဴဇရပ္ၿမိဳ႕နယ္ တရား႐ုံးရဲ႕ သက္ညႇာမႈေတြကိုလည္း ရခဲ့ဖူးတယ္လို႔ ဆိုရမွာပါ။

အမွန္ေတာ့ ျပင္းထန္စြာ နာက်င္ေစမႈျဖစ္တဲ့ ပုဒ္မ ၃၂၆ ဟာ အျမင့္ဆုံးျပစ္ဒဏ္ တသက္တကြၽန္း (ႏွစ္ ၂၀) အထိ တရားသူႀကီးရဲ႕ ဆင္ျခင္တုံတရားနဲ႔ ခ်မွတ္ပိုင္ခြင့္ရွိေပမယ့္ သူ႔ကို တရား႐ုံးက ေထာင္ဒဏ္ ၇ ႏွစ္ပဲ က်ခံဖို႔ ခ်မွတ္ခဲ့ တာပါ။

အဲဒါအျပင္ သူ႔ကို အမႈစြဲခဲ့တဲ့ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ နဲ႔ ပုဒ္မ ၃၂၄ ကိုလည္း ပုဒ္မတခုခ်င္းစီရဲ႕ ျပစ္ဒဏ္အလိုက္ ခ် လိုက္မယ္ဆိုရင္ ေထာင္ဒဏ္ ၁၀ ႏွစ္ေလာက္ထိ က်ႏိုင္ေပမယ့္ ျပစ္မႈေတြ တေပါင္းတည္း က်ခံေစတာျဖစ္လို႔ ၇ ႏွစ္ ထိပဲ က်ခံခဲ့ရတာပါ။

ခုေတာ့ သတ္မွတ္ထားတဲ့ ေထာင္ဒဏ္ ၇ ႏွစ္ျပည့္ေအာင္ေတာင္ အျပစ္ဒဏ္ မခံရတာဟာ လုံး၀ တရားမွ်တမႈ မရွိဘဲ ဥပေဒကို ယုံၾကည္ဖို႔ တြန႔္ဆုတ္သြားရတယ္လို႔ ကာယကံရွင္ အမ်ိဳးသမီးက ဆိုပါတယ္။

ထိခိုက္နစ္နာသူ ျပည့္ျပည့္ရဲ႕ အက်ည္းတန္ ပ်က္စီးသြားတဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြအတြက္ေတာ့ လူမႈေရး ဆိုင္ရာ တရားမွ်တမႈေတာင္ ခံစားခြင့္ မရခဲ့ဘဲ သူ႔ရဲ႕ ဒဏ္ရာေတြအတြက္ သူ႔တာဝန္ပဲ ျဖစ္ခဲ့ရပါတယ္။

သူ႔အမႈကို ကူညီေပးတဲ့ အခရာ အမ်ိဳးသမီးအဖြဲ႕ရဲ႕ ဦးေဆာင္မႈနဲ႔ ေကာက္ခံရရွိခဲ့တဲ့ အလႉေငြေတြ အပါအဝင္ သူ႔ရဲ႕ ပိုင္ ဆိုင္မႈေတြ ထုခြဲေရာင္းခ်ၿပီး ဒဏ္ရာေတြကို ရသေလာက္ ကုသခဲ့ရပါတယ္။

“တခါတည္းနဲ႔ အကုန္ေပ်ာက္ႏိုင္တာမွ မဟုတ္တာ။ တခါခြဲစိတ္ရင္ သိန္းရာခ်ီကုန္တာ။ အဲဒီ ကုန္က်စရိတ္ကို ဘယ္လို ေျဖရွင္းမလဲ။ က်မ မိဘရဲ႕ ပိုင္ဆိုင္မႈေတြ ေရာင္းရတာပါ။ အလႉရွင္ေတြရွိေပမယ့္ ျပည့္ျပည့္၀၀ ဘယ္သူလႉေပးႏိုင္မွာ လဲ” လို႔ ကာယကံရွင္ အမ်ိဳးသမီးက ေျပာပါတယ္။

အက္စစ္ေၾကာင့္ မ်က္ႏွာတျခမ္းလုံး ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ခဲ့ရတဲ့ သူ႔ကို အိမ္ျပင္ထြက္တိုင္း စူးစမ္းတတ္ၾကတဲ့ ပတ္ ဝန္းက်င္ဟာ သူ႔ရဲ႕ စိတ္ဒဏ္ရာေတြကို ျပန္ျပန္ဆြသလို ျဖစ္ေနခဲ့ပါတယ္။“အျပင္မထြက္ရဲဘူး။ ထြက္လို႔ရွိရင္ စူးစမ္းတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္တယ္၊ ေမးတယ္။ ကိုယ္အပ်ိဳလားကအစ ေမးေတာ့ ေလ ထပ္ခါထပ္ခါေမးေတာ့ စိတ္က အတိတ္ကို ျပန္ျပန္ေရာက္သြားၿပီး ဒီဒဏ္ရာပဲ ထပ္ခါထပ္ခါ ျပန္ရေနတယ္။ တခါ တေလ လူေတြနဲ႔ ေရွာင္ခ်င္တာ။ လူေတြေရွ႕မွာကို မေနခ်င္ေတာ့တာ” လို႔ သူက ဖြင့္ဟေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈ ခံရသူေတြရဲ႕ လူမႈေရးဆိုင္ရာ နစ္နာမႈအတြက္ ဥပေဒကုစားမႈအေနနဲ႔ တရားမမႈ စြဲဆိုၿပီး က်ဴးလြန္သူေတြဆီကေန ေလ်ာ္ေၾကး နစ္နာေၾကးေတြကို ေတာင္းဆိုပိုင္ခြင့္ရွိပါတယ္။

ဒါေပမယ့္ နစ္နာသူအတြက္ ဥပေဒမွာ ျပည့္ျပည့္စုံစုံ ျပဌာန္းထားေပမယ့္ ျမန္မာႏိုင္ငံမွာ လူမႈေရးဆိုင္ရာ နစ္နာမႈ အတြက္ ထည့္သြင္းစဥ္းစားတဲ့ ယဥ္ေက်းမႈတရပ္ အားနည္းေနေသးတယ္လို႔ ဥပေဒအႀကံေပး တဦးျဖစ္သူ ဦးခင္ေမာင္ ျမင့္က ေဝဖန္ေထာက္ျပပါတယ္။

“တခ်ိဳ႕လူေတြက ေျပာတယ္။ ဒါက ဝဋ္ရွိလို႔ ခံရတာတဲ့။ မတရားဘူးေလ။ က်မလည္း ဘဝနဲ႔ပဲ” လို႔ ျပည့္ျပည့္က ေျပာပါတယ္။

အႀကိမ္ႀကိမ္ ခြဲစိတ္ၿပီးတာေတာင္ ပုံမွန္မျဖစ္လာႏိုင္ေတာ့တဲ့ အက္စစ္ ဒဏ္ရာေတြေၾကာင့္ စိတ္ဓာတ္အႀကီးအက်ယ္ က်ခဲ့ေပမယ့္ မိဘေတြရဲ႕ ပံ့ပိုးမႈ၊ အမ်ိဳးသမီးအဖြဲ႕အစည္း အပါအဝင္ သူငယ္ခ်င္းမိတ္ေဆြ တခ်ိဳ႕ရဲ႕ အားေပးမႈေတြ ေၾကာင့္ သူ႔ဘဝကို သူကိုယ္တိုင္ ႐ုန္းထဖို႔ ႀကိဳးစားခဲ့ပါတယ္။

ခြဲစိတ္ကုသမႈ အႀကိမ္ႀကိမ္ ျပဳလုပ္ေနရင္းမွာပဲ ၿပီးခဲ့တဲ့ ၂၀၁၉ အေစာပိုင္းမွာ မိဘေတြရဲ႕ ကူညီပံ့ပိုးေပးမႈနဲ႔ ကာယကံ ရွင္ အမ်ိဳးသမီးဟာ ၾသစေၾတးလ်ႏိုင္ငံမွာ အလုပ္တဖက္နဲ႔ ေက်ာင္းတက္ခြင့္ ရခဲ့ပါတယ္။

သူ႔မ်က္ႏွာအေၾကာင္းကို အေရးတယူ မစပ္စုတတ္တဲ့ တိုင္းတပါး လူမႈအသိုင္းအဝိုင္းမွာ သူ႔ရဲ႕ အက္စစ္ေလာင္ကြၽမ္း ထားတဲ့ မ်က္ႏွာတျခမ္းကို ကုတ္ဝဲဆံပင္နဲ႔ တျခမ္းဖုံးၿပီး အလုပ္လုပ္ရင္း ေက်ာင္းတက္ရင္း အခ်ိန္ေတြ ကုန္ဆုံးေစခဲ့ပါ တယ္။

ဒါေပမယ့္ သူ႔ရဲ႕ ဒဏ္ရာေတြ ကုစားလို႔ေတာင္ မၿပီးေသးခင္မွာပဲ တရားခံ ျပန္လည္လြတ္ေျမာက္လာတဲ့အခါ ခံျပင္းစိတ္ နဲ႔ စိုးရိမ္စိတ္ေတြ ေရာယွက္ခဲ့ပါေတာ့တယ္။

သူ႔မိဘႏွစ္ပါးနဲ႔ မိသားစုဝင္ေတြ ေမြးရပ္ေျမမွာ က်န္ရစ္ေနဆဲျဖစ္လို႔ သူတို႔ေတြရဲ႕ လုံၿခဳံေရးအတြက္လည္း စိုးရိမ္ရသလို သူ႔အေနနဲ႔ ျမန္မာႏိုင္ငံ ျပန္လာတဲ့အခါ လုံၿခဳံမႈ ရွိပါ့မလားဆိုတာလည္း ေတြးပူစရာ ျဖစ္လာခဲ့ပါတယ္။

အႀကိမ္ႀကိမ္ခြဲစိတ္ၿပီးေနာက္ပိုင္းပုံ/ဓါတ္ပုံ – မျပည့္ျပည့္
“သူဒီလိုလုပ္လို႔ မိန္းကေလးတေယာက္ ဘဝပ်က္တဲ့အထိ ျဖစ္သြားတဲ့အေပၚမွာ သူက ၄ ႏွစ္ေလာက္ပဲ က်တယ္ဆိုရင္ သူ႔အေနနဲ႔ ေနာက္ထပ္ ထပ္လုပ္ဖို႔လည္း ဝန္ေလးမွာ မဟုတ္ဘူး။ သူတေယာက္တည္းမကဘူး တျခား လူေတြလည္း ဒီလိုလုပ္ဖို႔ ဝန္ေလးမွာ မဟုတ္ဘူး” လို႔ ျပည့္ျပည့္က ခံျပင္းစြာ ေျပာပါတယ္။

ပ်ဥ္းမနားၿမိဳ႕နယ္ တရားလႊတ္ေတာ္ေရွ႕ေန႔ ဦးခင္ေမာင္ေဇာ္ကေတာ့ ဥပေဒက ဘယ္သူ႔ကိုမဆို အာမခံခ်က္ေပးရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
“ဒီလူေတြက ကာယကံရွင္ နစ္နာသူေတြကို လက္စားေခ်ဖို႔ အႏၲရာယ္ရွိတဲ့အျပင္ ဒီလူေတြ လြတ္တဲ့အတြက္ ေၾကာင့္ ဒီလို ျပစ္မႈမ်ိဳးဟာ က်ဴးလြန္လည္းပဲ သိပ္ျပႆနာမရွိပါဘူး။ တို႔လည္း မၾကာခင္ လြတ္မွာပဲဆိုတဲ့ ဥပေဒအေပၚ ေၾကာက္႐ြံ႕မႈ၊ ဥပေဒအေပၚ အေလးထားမႈက ပ်က္သြားႏိုင္တာေပါ့ဗ်ာ” လို႔ ဦးခင္ေမာင္ေဇာ္က ေထာက္ျပပါတယ္။

တဖက္မွာလည္း ျမန္မာႏိုင္ငံရဲ႕ အက်ဥ္းေထာင္အသီးသီးမွာ အက်ဥ္းသားေတြကို ေထာင္ကလြတ္လာရင္ လူမႈအသိုင္း အဝိုင္းထဲ ျပန္ဝင္ဆံ့ေအာင္နဲ႔ ေနာက္ထပ္ျပစ္မႈေတြ မက်ဴးလြန္ေအာင္ အသက္ေမြးဝမ္းေက်ာင္းပညာ၊ အတန္းပညာ ေတြ သင္ၾကားေပးတာမ်ိဳးရွိတဲ့အျပင္ ဘာသာေရးနည္းလမ္းနဲ႔ တရားစခန္းဖြင့္ေပးတာမ်ိဳးလည္း လုပ္ေပးေနတယ္ လို႔ သိရပါတယ္။

“စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ အက်ဥ္းသား အခ်င္းခ်င္း (ဥပမာ) မုဒိမ္းမႈ က်ဴးလြန္ခဲ့တယ္။ သူ ဘာေၾကာင့္ က်ဴးလြန္ခဲ့တာ လဲ။ သူ႔ရဲ႕ က်ဴးလြန္ခဲ့တဲ့ ျဖစ္စဥ္ေတြကို ျပန္ၿပီးေတာ့ အက်ဥ္းသား အခ်င္းခ်င္း ျပန္ခ်ေပးတာမ်ိဳးေတြ တခ်ိဳ႕ ေထာင္ေတြ မွာ လုပ္ၾကပါတယ္။ သူ႔လိုမ်ိဳး မျဖစ္ဖို႔ ေျပာၾကတယ္” လို႔ အက်ဥ္းဦးစီးဌာနက အမည္မေဖာ္လိုသူ တာဝန္ရွိသူတဦးက ေျပာျပပါတယ္။

တခ်ိဳ႕တေလ တရားရၿပီး ျပဳျပင္သြားတာရွိတယ္လို႔သူက ဆက္ေျပာပါတယ္။ ဒါေပမယ့္ စိတ္ဓာတ္ပိုင္းနဲ႔ အမူအက်င့္ ပိုင္းဆိုင္ရာ မျပဳျပင္ႏိုင္ဘဲ လြတ္ေျမာက္လာသူေတြ ဘယ္ေလာက္ရွိၿပီလဲဆိုတာေတာ့ ဘယ္သူမွ အတိအက် တြက္ဆ လို႔ မရျပန္ပါဘူး။

ဒီလို အေနအထားေတြေၾကာင့္ မုဒိမ္းမႈနဲ႔ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ က်ဴးလြန္သူေတြဟာ လြတ္ၿငိမ္းခြင့္မွာ လုံး၀ မပါဝင္သင့္ဘူးလို႔ အမ်ိဳးသမီးအဖြဲ႕ေတြက ေဝဖန္ေထာက္ျပပါတယ္။

“အဲဒီ လြတ္ၿငိမ္းခ်မ္းသာခြင့္ကို ဘာလို႔ ဒီေလာက္ လြယ္လြယ္ကူကူ ေပးေနတာလဲ ဆိုတာကို စဥ္းစားလို႔ မရဘူး” လို႔ အခရာ အမ်ိဳးသမီးအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ မထားထားက ေျပာပါတယ္။

အခုခ်ိန္မွာ သာမန္ျပည္သူ တေယာက္ျဖစ္တဲ့ ျပည့္ျပည့္အေနနဲ႔ကေတာ့ သူနဲ႔ သူ႔မိသားစု လုံၿခဳံေရးကို ဘယ္သူ အာမခံ မလဲလို႔ ေမး႐ုံမွတပါး အျခားဘာမွ မတတ္ႏိုင္ပါဘူး။

ကာကြယ္ေပးမႈ အျပည့္အဝရွိမယ့္ အမ်ိဳးသမီးေတြကို ကိုယ္စားျပဳႏိုင္တဲ့ ဥပေဒတရပ္ မေပၚထြန္းခင္ အၾကမ္းဖက္မႈ ေတြ ဘယ္ေလာက္ ထပ္မ်ားေနအုံးမလဲ၊ က်ဴးလြန္သူေတြအေပၚ သက္ညႇာမႈ ဘယ္အခ်ိန္ထိ ရေနဦးမလဲ၊ အမ်ိဳး သမီးေတြရဲ႕ လုံၿခဳံမႈအတြက္ ဘယ္သူေတြက အာမခံေပးမလဲဆိုတဲ့ ေမးခြန္းေတြအတြက္ အေျဖကို ျပည့္ျပည့္ အပါဝင္ ျမန္မာႏိုင္ငံက အမ်ိဳးသမီးထုတရပ္လုံးက ဆက္လက္ ေစာင့္ေမွ်ာ္ေနရဦးမွာပါ။

“ဥပေဒက မျမင္ခ်င္ေယာင္ေဆာင္ေနေတာ့ ဒီထက္မ်ားလာအုံးမွာပဲ။ အက္စစ္က အလြယ္တကူလည္း ဝယ္လို႔ရ တယ္ေလ” လို႔ ျပည့္ျပည့္က သတိေပး ေျပာလိုက္ပါတယ္။ ။

Post a Comment

Previous Post Next Post