အင်းစိန်ကို မြေလှန်ပြီ

ဟိုးအရင်တိုက်ပွဲတွေရှိခဲ့တဲ့ခေတ်ကဆိုရင် အင်းစိန်ကျရင် ရန်ကုန်ကျတာနဲ့ အတူတူပါပဲ။ အခု COVID-19 တိုက်ပွဲမှာလည်း ရန်ကုန်မကျဖို့ဆိုရင် အင်းစိန် ကျသွားလို့ မဖြစ်ပါဘူး။

ဒါ့ကြောင့် ဒီနေ့ မနက်အစောကြီးကတည်းက ရန်ကုန်တိုင်းက ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို စုစည်းပြီး ဌာနဆိုင်ရာများ၊ Volunteer များ….



ရပ်မိရပ်ဖများနဲ့ အလှူရှင်များရဲ့ အကူအညီနဲ့ အင်းစိန်မြို့နယ်ထဲက Positive Case အထွက်များတဲ့ ရပ်ကွက်ကြီး (၄)ခုကို Active Case Search ကွင်းဆင်းရှာဖွေပြီး ရပ်ကွက်ထဲမှာ မထင်မရှား မြုပ်နေတဲ့ သံသယဖြစ်ဖွယ်ရာလူများကိုရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အင်းစိန်ဟာ နယ်မြေဧရိယာ ကျယ်ဝန်းတာကြောင့် စုစုပေါင်း လူအင်အား (၇၀၀)ခန့် အသုံးပြုခဲ့ရပါတယ်။ ဒီနေ့မှာ ပူးပေါင်း ပါဝင်ပေးတဲ့ ပြည်သူများကိုကျေးဇူးတင်တဲ့အပြင်နေပူပူမှာ ထီးပင်မဆောင်းနိုင်ပဲ …



Apronတွေ Gownsတွေ ပူပူလောင်လောင်ကြီးတွေ ဝတ်ပြီး ကွင်းဆင်းပေးကြတဲ့ ကျွန်တော်တို့ရဲ့ BHSPများနဲ့ ဒီနေ့ရဲ့ အဖွဲ့သားများ အားလုံးကို ဒီ postနဲ့ ဂုဏ်ပြုပါတယ်။

အားလုံးကိုလေးစားဂုဏ်ယူပါတယ်….။

credit….မူရင်း / Copy ….လောကနတ်

(Zawgyi)

အင္းစိန္ကို ေျမလွန္ၿပီ

ဟိုးအရင္တိုက္ပြဲေတြရွိခဲ့တဲ့ေခတ္ကဆိုရင္ အင္းစိန္က်ရင္ ရန္ကုန္က်တာနဲ႔ အတူတူပါပဲ။ အခု COVID-19 တိုက္ပြဲမွာလည္း ရန္ကုန္မက်ဖို့ဆိုရင္ အင္းစိန္ က်သြားလို့ မျဖစ္ပါဘူး။

ဒါ့ေၾကာင့္ ဒီေန႔ မနက္အေစာႀကီးကတည္းက ရန္ကုန္တိုင္းက ျပည္သူ႔က်န္းမာေရးဝန္ထမ္းေတြကို စုစည္းၿပီး ဌာနဆိုင္ရာမ်ား၊ Volunteer မ်ား….



ရပ္မိရပ္ဖမ်ားနဲ႔ အလွူရွင္မ်ားရဲ့ အကူအညီနဲ႔ အင္းစိန္ၿမိဳ့နယ္ထဲက Positive Case အထြက္မ်ားတဲ့ ရပ္ကြက္ႀကီး (၄)ခုကို Active Case Search ကြင္းဆင္းရွာေဖြၿပီး ရပ္ကြက္ထဲမွာ မထင္မရွား ျမဳပ္ေနတဲ့ သံသယျဖစ္ဖြယ္ရာလူမ်ားကိုရွာေဖြ ေဖာ္ထုတ္နိုင္ခဲ့ပါတယ္။

အင္းစိန္ဟာ နယ္ေျမဧရိယာ က်ယ္ဝန္းတာေၾကာင့္ စုစုေပါင္း လူအင္အား (၇၀၀)ခန႔္ အသုံးျပဳခဲ့ရပါတယ္။ ဒီေန႔မွာ ပူးေပါင္း ပါဝင္ေပးတဲ့ ျပည္သူမ်ားကိုေက်းဇူးတင္တဲ့အျပင္ေနပူပူမွာ ထီးပင္မေဆာင္းနိုင္ပဲ …


Apronေတြ Gownsေတြ ပူပူေလာင္ေလာင္ႀကီးေတြ ဝတ္ၿပီး ကြင္းဆင္းေပးၾကတဲ့ ကၽြန္ေတာ္တို့ရဲ့ BHSPမ်ားနဲ႔ ဒီေန႔ရဲ့ အဖြဲ႕သားမ်ား အားလုံးကို ဒီ postနဲ႔ ဂုဏ္ျပဳပါတယ္။

အားလုံးကိုေလးစားဂုဏ္ယူပါတယ္….။

credit….မူရင္း / Copy ….ေလာကနတ္

Post a Comment

Previous Post Next Post