(Unicode)

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်ရန် စီစဉ်ထားပြီး အောင်စာရင်းများကို ဇွန်လထဲတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက The Voice သို့ပြောကြားသည်။

အခြေခံပညာမူလတန်းအဆင့် ကျောင်းသားအရေအတွက်သည် ၅ ဒဿမ၂ သန်းကျော်ရှိပြီး အထက်တန်းအဆင့်ကျောင်းသားအရေအတွက်သည် ၁ ဒဿမ၂ သန်းကျော်ရှိကာ ကျောင်းအရေအတွက်မှာလည်း ဘုန်းတော်ကြီးကျောင်းများအပါအဝင် ခြောက်ထောင်ကျော်သာရှိသည့်အတွက် Social Distancing ပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သည့်အတွက် အထက်တန်းအဆင့်မှစတင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"အတိုင်ပင်ခံကလည်း မူလတန်းအဆင့်ကစဖွင့်ဖို့ သေချာပြန်စဉ်းစားမယ်လို့ပြောခဲ့တယ်။ဆွေးနွေးပွဲမှာ မိဘ၊ဆရာတွေတင်ပြမှုကို ပြန်သုံးသပ်လိုက်တော့ အထက်တန်းအဆင့်က စဖွင့်မယ်။တစ်ခြားအတန်းတွေကိုလည်း အကြာကြီးပိတ်ထားလို့မရတော့ တစ်ပတ်နှစ်ပတ်လောက်နေပြီးမှ မူလတန်းအဆင့်တွေကိုစဖွင့်မယ်"ဟု ဦးကိုလေးဝင်းက ဆိုသည်။

လက်ရှိတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ယခင်ပညာသင်နှစ်၏ အောင်စာရင်းများကို ထုတ်ပြန်ပေးရန်လိုအပ်သည့်အတွက် အောင်စာရင်းများကို ဇွန်လထဲတွင် ထုတ်ပြန်နိုင်ရန် လေးတန်းရှစ်တန်း စာမေးပွဲ အမှတ်ခြစ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်။

"အောင်စာရင်းတွေက မေလကုန် ဒါမှမဟုတ် ဇွန်လထဲထုတ်ဖို့လုပ်ထားတာဆိုတော့ အခုဘဲ မေ ၂၄ ဖြစ်နေပြီလေ။ ဒါကြောင့် အောင်စာရင်းကတော့ ဇွန်လလောက်ထဲလို့ဘဲ မှတ်ထားလိုက်ပေါ့။လေးတန်းရှစ်တန်း အမှတ်ခြစ်က တစ်ချို့နေရာတွေကျန်နေသေးတယ်"ဟု ၎င်းက ရှင်းပြသည်။

ယခုအခါ အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ဖွင့်လှစ်ရန် လျာထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများကိုမူ ဇွန်လ ၆ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

(Zawgyi)

အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ အထက္တန္းအဆင့္မွစတင္ဖြင့္လွစ္ရန္ စီစဥ္ထားၿပီး ေအာင္စာရင္းမ်ားကို ဇြန္လထဲတြင္ ထုတ္ျပန္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက The Voice သို႔ေျပာၾကားသည္။

အေျခခံပညာမူလတန္းအဆင့္ ေက်ာင္းသားအေရအတြက္သည္ ၅ ဒႆမ၂ သန္းေက်ာ္ရွိၿပီး အထက္တန္းအဆင့္ေက်ာင္းသားအေရအတြက္သည္ ၁ ဒႆမ၂ သန္းေက်ာ္ရွိကာ ေက်ာင္းအေရအတြက္မွာလည္း ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအပါအဝင္ ေျခာက္ေထာင္ေက်ာ္သာရွိသည့္အတြက္ Social Distancing ျပဳလုပ္ရာတြင္ ပိုမိုေကာင္းမြန္သည့္အတြက္ အထက္တန္းအဆင့္မွစတင္ ဖြင့္လွစ္ရျခင္းျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

"အတိုင္ပင္ခံကလည္း မူလတန္းအဆင့္ကစဖြင့္ဖို႔ ေသခ်ာျပန္စဥ္းစားမယ္လို႔ေျပာခဲ့တယ္။ေဆြးေႏြးပြဲမွာ မိဘ၊ဆရာေတြတင္ျပမႈကို ျပန္သုံးသပ္လိုက္ေတာ့ အထက္တန္းအဆင့္က စဖြင့္မယ္။တစ္ျခားအတန္းေတြကိုလည္း အၾကာႀကီးပိတ္ထားလို႔မရေတာ့ တစ္ပတ္ႏွစ္ပတ္ေလာက္ေနၿပီးမွ မူလတန္းအဆင့္ေတြကိုစဖြင့္မယ္"ဟု ဦးကိုေလးဝင္းက ဆိုသည္။

လက္ရွိတြင္ အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ရန္အတြက္ ယခင္ပညာသင္ႏွစ္၏ ေအာင္စာရင္းမ်ားကို ထုတ္ျပန္ေပးရန္လိုအပ္သည့္အတြက္ ေအာင္စာရင္းမ်ားကို ဇြန္လထဲတြင္ ထုတ္ျပန္ႏိုင္ရန္ ေလးတန္းရွစ္တန္း စာေမးပြဲ အမွတ္ျခစ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ေနသည္။

"ေအာင္စာရင္းေတြက ေမလကုန္ ဒါမွမဟုတ္ ဇြန္လထဲထုတ္ဖို႔လုပ္ထားတာဆိုေတာ့ အခုဘဲ ေမ ၂၄ ျဖစ္ေနၿပီေလ။ ဒါေၾကာင့္ ေအာင္စာရင္းကေတာ့ ဇြန္လေလာက္ထဲလို႔ဘဲ မွတ္ထားလိုက္ေပါ့။ေလးတန္းရွစ္တန္း အမွတ္ျခစ္က တစ္ခ်ိဳ႕ေနရာေတြက်န္ေနေသးတယ္"ဟု ၎က ရွင္းျပသည္။

ယခုအခါ အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ ဖြင့္လွစ္ရန္ လ်ာထားၿပီး တကၠသိုလ္ဝင္စာေမးပြဲ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းမ်ားကိုမူ ဇြန္လ ၆ ရက္ေန႔တြင္ စတင္စစ္ေဆးမည္ျဖစ္သည္။

Credit The Voice


Post a Comment

Previous Post Next Post