(Unicode)
မင်းရာဇာဆိုတာ ဖိုက်တင်အသတ်အပုတ်အခန်းတွေနဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားခဲ့သူပါ။သူ့ရဲ့ မာန်ပါပါသရုပ်ဆောင်မှုတွေကြောင့်လည်းအခုလိုအောင်မြင်ခဲ့ခြင်းဘဲဖြစ်ပါတယ်။ သို့ပေမယ့်လည်း မကြာသေးခင်ကမှ အွန်လိုင်းမှာဇနီးဖြစ်သူနဲ့အပြန်အလှန်အချေအတင်းပြောစကားများမှတဆင့်အိမ်တွင်းရေးများပေါက်ကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အိမ်အကူမိန်းကလေးအားလိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုတို့ကြောင့် တရားစွဲဆိုခံထားရပါတယ်။
အိမ်အကူ မိန်းခလေးအား ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ နှင့်သူ၏အပေါင်းပါ (၄) ဦးကို ဒီကနေ့၊ မေလ (၇) ရက်နေ့မှာ ရန်ကုန်၊ မြောက်ဥက္ကလာတရားရုံး၌စတင် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။လက်ရှိမှာလူအများရဲ့ ဆိုးရွှားတဲ့မှတ်ချက်ပေးမှုများစွာကိုရင်ဆိုင်နေရပြီးပထမဆုံးအကြိမ် ရုံးချိန်းသို့လာစဉ်မှာဘဲ သူ့ရဲ့ပရိတ်သတ်တွေအတွက်အခုလိုလေးစကားပါးလိုက်ပါတယ်”ဖားကိုက်တာကနေ ကျားကိုက်တာ ၊ ကျားကိုက်တာကနေ ဂေါဇီလာဖြစ်သွားတယ်ဗျာ” ဟုပြောသွားခဲ့ပါတယ်။
မင်းရာဇာကိုလက်ရှိမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်း ၌ (ပ)၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ /၃၂၅ / ၃၅၄ / ၁၁၄ အမှုတွေဖြင့် စွဲချက်တင်ထားတာလို့ သိရပါတယ်။ မင်းရာဇာ ရဲ့ ယောက္ခထီးဖြစ်သူကိုတော့ တရားရုံးက ငွေကျပ် (၁၀) သိန်း ၊ ခံဝန် နှစ်ယောက် ဖြင့် အာမခံလွှတ် ပေးခဲ့ပါတယ်။celepediaပရိတ်သတ်တွေအတွက် မင်းရာဇာရဲ့ရုံးချိန်လာစဉ်ပုံများကိုဖော်ပြလိုက်ပါတယ်။
Source cele gabar
(Zawgyi)
Source cele gabar
Post a Comment
Previous Post Next Post