(Unicode)

မန်လီရွာသား တစ်ဦးကို ရှမ်းနီလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းကြောင့်၊ ဒေသခံများ မသွားလာရဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ မန်လီကျေးရွာတွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် ရွာသားတစ်ဦးအား ရှမ်းနီလက်နက်ကိုင် အဖွဲ့ (အပ်စ်အမ်လ်အေ) က သေနတ်ဖြင့် ပစ်သတ်ပြီးသည့်နောက်၊ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဒေသခံများမှာ မသွားရဲ မလာရဲဖြစ်နေကြောင်း ကူကီးလူငယ်ကွန်ယက် ဥက္ကဋ္ဌ ကိုဆေးဂင်က ပြောကြားသည်။

မေလ ၂၃ ရက်နေ့က မန်လီကျေးရွာတွင် နေထိုင်သည့် သားအဖနှစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် အောင်ချမ်းသာရွာသို့ အသွားတွင် လမ်းခုလတ်ရှိ အော်တိုကျေးရွာအနီးသို့ အရောက်၌ အရပ်ဝတ် အပ်စ်အမ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးက ဆိုင်ကယ်ကို ရပ်ခိုင်းရာတွင် ရပ်မပေးသည့် အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။


ပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူ ဦးထန်ခမ်းမန်သည် ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ မောင်ထောင်းရာဂင်မှာမူ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် မန်လီကျေးရွာရှိ ရွာသားများသည် တောထဲသို့သွားကာ ဟင်းစားရှာခြင်း၊ တောင်ယာလုပ်ကိုင်ခြင်းနှင့် အသေးစား လက်ကျင် ရွှေလုပ်ငန်းများကို မလုပ်ကိုင်ရဲတော့ကြောင်း ကိုဆေးဂင်က ပြောကြားသည်။

ကိုဆေးဂင်က ” အဲဒီဒေသက တောင်ယာလည်းလုပ်တယ်။ ပြီးလို့ရှိရင် အသေးစားလက်ကျင် ရွှေမျောတွေလည်း လုပ်ကြတာကိုး။ တစ်နယ်လုံးက တောထဲမှာပဲ အလုပ် လုပ်ကြတာ။ အခု တောထဲ မသွားရဲတော့ဘူးဆိုတော့ ပြသာနာ တက်ပြီပေါ့လေ ” ဟု ပြောကြားသည်။


မန်လီရွာသားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သော အပ်စ်အမ်လ်အေ၏ အပြုအမူသည် မင်းမဲ့စရိုက်ဆန်သည့် အပြုအမူ ဖြစ်ကြောင်းနှင့် ဒေသတွင်း နှစ်ပေါင်း များစွာ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုကို ပျက်စီးစေ နိုင်သည့်အပြင် ဒေသတွင်း ငြိမ်းချမ်းမှုကို ထိခိုက်စေ နိုင်သည်ဟု ကူကီးလူငယ်ကွန်ယက်က ထုတ်ပြန် ပြောကြားသည်။

ကူကီး လူငယ်ကွန်ယက်၏ ထုတ်ပြန်ချက်ထဲတွင် မလို လားအပ်သော ပြသာနာများကိုလည်း ဖြစ်ပေါ်စေနိုင်သဖြင့် အပြစ်မဲ့ပြည်သူများအား လက်နက် အားကိုးဖြင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုကို မိမိတို့ အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ရှမ်းနီလက်နက်ကိုင် အဖွဲ့ (အပ်စ်အမ်လ်အေ) အနေဖြင့် ဤသို့သော အောက်တန်းကျသည့် လုပ်ရပ်ကိုလုပ်ဆောင်နေသည့် မိမိ၏ တပ်ဖွဲ့ဝင်များကို အမြန်ဆုံးဖော် ထုတ်ပေးရန်နှင့် တရားဥပဒေအရ တရားမျှတမှု ရရှိလာစေရန် တပ်မတော်နှင့် သက်ဆိုင်ရာဒေသ အာဏာပိုင်အစိုးရ အနေဖြင့်လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန် ပြင်းပြင်းထန်ထန် တိုက်တွန်းအပ်ပါသည်ဟု ကူကီးလူငယ်ကွန်ယက်က တောင်းဆိုသည်။


အပ်စ်အမ်လ်အေအဖွဲ့၏ တပ်စခန်းမှူး တစ်ဦးကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် သတင်းပေးချက်အရ မူးယစ်ဆေးဝါး ရှာဖွေရန်အတွက် တားဆီးသည် ကိုရပ်မပေးဘဲ ဆိုင်ကယ်ဖြင့်တိုက်ကာ ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်သည်ဟု ပြောကြားကြောင်း၊ အဆိုပါ ပြောကြားချက်မှာ ယုတ္တိ မရှိကြောင်း ကိုဆေးဂင်က ပြောကြားသည်။

“ဒါက ယုတ္တိမရှိနိုင်ဘူးပေါ့။ လက်နက်ကိုင် ငါးဦးကို လူနှစ်ယောက်က ဘယ်လိုလုပ်ခုခံရဲမလဲ ဆိုတာလည်း ရှိသေးတာကို ” ဟု ဆိုသည်။

လူသေဆုံးသည့် ပစ်ခတ်မှုအတွက်  ရှမ်းနီလက်နက်ကိုင်အဖွဲ့ (အပ်စ်အမ်လ်အေ) မှ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်နေဆဲ ဖြစ်သည်။

Source – The Ladies News

(Zawgyi)

မန္လီ႐ြာသား တစ္ဦးကို ရွမ္းနီလက္နက္ကိုင္အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္ခဲ့ျခင္းေၾကာင့္၊ ေဒသခံမ်ား မသြားလာရဲျဖစ္ေန

စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္၊ မန္လီေက်း႐ြာတြင္ ေနထိုင္သည့္ အသက္ ၁၇ ႏွစ္အ႐ြယ္ ႐ြာသားတစ္ဦးအား ရွမ္းနီလက္နက္ကိုင္ အဖြဲ႕ (အပ္စ္အမ္လ္ေအ) က ေသနတ္ျဖင့္ ပစ္သတ္ၿပီးသည့္ေနာက္၊ ေနာက္ဆက္တြဲ အက်ိဳးဆက္အေနျဖင့္ ေဒသခံမ်ားမွာ မသြားရဲ မလာရဲျဖစ္ေနေၾကာင္း ကူကီးလူငယ္ကြန္ယက္ ဥကၠ႒ ကိုေဆးဂင္က ေျပာၾကားသည္။

ေမလ ၂၃ ရက္ေန႔က မန္လီေက်း႐ြာတြင္ ေနထိုင္သည့္ သားအဖႏွစ္ဦးသည္ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ေဆာင္ရန္အတြက္ ေအာင္ခ်မ္းသာ႐ြာသို႔ အသြားတြင္ လမ္းခုလတ္ရွိ ေအာ္တိုေက်း႐ြာအနီးသို႔ အေရာက္၌ အရပ္ဝတ္ အပ္စ္အမ္လ္ေအ တပ္ဖြဲ႕ဝင္ ၅ ဦးက ဆိုင္ကယ္ကို ရပ္ခိုင္းရာတြင္ ရပ္မေပးသည့္ အတြက္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။


ပစ္ခတ္မႈေၾကာင့္ ဖခင္ျဖစ္သူ ဦးထန္ခမ္းမန္သည္ ဘယ္ဘက္လက္တြင္ ဒဏ္ရာရရွိခဲ့ၿပီး သားျဖစ္သူ ေမာင္ေထာင္းရာဂင္မွာမူ အခင္းျဖစ္ပြားရာေနရာ၌ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့သည္။

အဆိုပါ ျဖစ္ရပ္ျဖစ္ပြားၿပီးေနာက္တြင္ မန္လီေက်း႐ြာရွိ ႐ြာသားမ်ားသည္ ေတာထဲသို႔သြားကာ ဟင္းစားရွာျခင္း၊ ေတာင္ယာလုပ္ကိုင္ျခင္းႏွင့္ အေသးစား လက္က်င္ ေ႐ႊလုပ္ငန္းမ်ားကို မလုပ္ကိုင္ရဲေတာ့ေၾကာင္း ကိုေဆးဂင္က ေျပာၾကားသည္။

ကိုေဆးဂင္က ” အဲဒီေဒသက ေတာင္ယာလည္းလုပ္တယ္။ ၿပီးလို႔ရွိရင္ အေသးစားလက္က်င္ ေ႐ႊေမ်ာေတြလည္း လုပ္ၾကတာကိုး။ တစ္နယ္လုံးက ေတာထဲမွာပဲ အလုပ္ လုပ္ၾကတာ။ အခု ေတာထဲ မသြားရဲေတာ့ဘူးဆိုေတာ့ ျပသာနာ တက္ၿပီေပါ့ေလ ” ဟု ေျပာၾကားသည္။


မန္လီ႐ြာသားႏွစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္ေသာ အပ္စ္အမ္လ္ေအ၏ အျပဳအမူသည္ မင္းမဲ့စ႐ိုက္ဆန္သည့္ အျပဳအမူ ျဖစ္ေၾကာင္းႏွင့္ ေဒသတြင္း ႏွစ္ေပါင္း မ်ားစြာ ေအးအတူ ပူအမွ် ယွဥ္တြဲေနထိုင္လာခဲ့ၾကသည့္ တိုင္းရင္းသားအခ်င္းခ်င္းၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို ပ်က္စီးေစ ႏိုင္သည့္အျပင္ ေဒသတြင္း ၿငိမ္းခ်မ္းမႈကို ထိခိုက္ေစ ႏိုင္သည္ဟု ကူကီးလူငယ္ကြန္ယက္က ထုတ္ျပန္ ေျပာၾကားသည္။

ကူကီး လူငယ္ကြန္ယက္၏ ထုတ္ျပန္ခ်က္ထဲတြင္ မလို လားအပ္ေသာ ျပသာနာမ်ားကိုလည္း ျဖစ္ေပၚေစႏိုင္သျဖင့္ အျပစ္မဲ့ျပည္သူမ်ားအား လက္နက္ အားကိုးျဖင့္ ရက္စက္ၾကမ္းၾကဳတ္စြာ သတ္ျဖတ္ေနမႈကို မိမိတို႔ အေနျဖင့္ ျပင္းထန္စြာ ရႈံ႕ခ်ကန႔္ကြက္သည္ဟု ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ရွမ္းနီလက္နက္ကိုင္ အဖြဲ႕ (အပ္စ္အမ္လ္ေအ) အေနျဖင့္ ဤသို႔ေသာ ေအာက္တန္းက်သည့္ လုပ္ရပ္ကိုလုပ္ေဆာင္ေနသည့္ မိမိ၏ တပ္ဖြဲ႕ဝင္မ်ားကို အျမန္ဆုံးေဖာ္ ထုတ္ေပးရန္ႏွင့္ တရားဥပေဒအရ တရားမွ်တမႈ ရရွိလာေစရန္ တပ္မေတာ္ႏွင့္ သက္ဆိုင္ရာေဒသ အာဏာပိုင္အစိုးရ အေနျဖင့္လည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးပါရန္ ျပင္းျပင္းထန္ထန္ တိုက္တြန္းအပ္ပါသည္ဟု ကူကီးလူငယ္ကြန္ယက္က ေတာင္းဆိုသည္။


အပ္စ္အမ္လ္ေအအဖြဲ႕၏ တပ္စခန္းမႉး တစ္ဦးကမူ ၎တို႔၏ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္းေပးခ်က္အရ မူးယစ္ေဆးဝါး ရွာေဖြရန္အတြက္ တားဆီးသည္ ကိုရပ္မေပးဘဲ ဆိုင္ကယ္ျဖင့္တိုက္ကာ ျပန္လည္ခုခံသည့္အတြက္ ပစ္ခတ္ရျခင္းျဖစ္သည္ဟု ေျပာၾကားေၾကာင္း၊ အဆိုပါ ေျပာၾကားခ်က္မွာ ယုတၱိ မရွိေၾကာင္း ကိုေဆးဂင္က ေျပာၾကားသည္။

“ဒါက ယုတၱိမရွိႏိုင္ဘူးေပါ့။ လက္နက္ကိုင္ ငါးဦးကို လူႏွစ္ေယာက္က ဘယ္လိုလုပ္ခုခံရဲမလဲ ဆိုတာလည္း ရွိေသးတာကို ” ဟု ဆိုသည္။

လူေသဆုံးသည့္ ပစ္ခတ္မႈအတြက္  ရွမ္းနီလက္နက္ကိုင္အဖြဲ႕ (အပ္စ္အမ္လ္ေအ) မွ ေျပာေရး ဆိုခြင့္ရွိသူထံ ဆက္သြယ္ေနဆဲ ျဖစ္သည္။

Source – The Ladies News

Post a Comment

Previous Post Next Post