(Unicode)

ကျန်းမာရေးဝန်ကြီးဌာနက မေလ၁၉ရက်နေ့နံနက် ၇ နာရီ ထုတ်ပြန်သည့် COVID-19 ရောဂါပိုးတွေ့ရှိလူနာစာရင်းတွင် ဧရာဝတီတိုင်းမှ တစ်ဦးပါဝင်လာပြီးနောက်ယင်းလူ နာနှင့်ထိစပ်ခဲ့သူများကိုအ သွားအလာကန့်သတ် စောင့်ကြည့်သူများတွင် ပုသိမ် အ ခြေ စိုက် သတင်းထောက် ၂ ဦး ပါဝင်ကြောင်းသိရသည်။

Covid-19 ရောဂါပိုးတွေ့ရှိခဲ့သည့်လူနာအမှတ်၁၉၁နှင့် ထိတွေ့ခဲ့သောသတင်းထောက် ၂ ဦး ပုသိမ်တက္ကသိုလ် နန္ဒဆောင် Quarantine စတင်ဝင်ရောက်နေပြီ ဖြစ်သည်။



အဆိုပါ သတင်းထောက် ၂ ဦးမှာ မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာသူ ၁၈ ဦးအကြောင်းသတင်း သွား ရောက်ရယူချိန်တွင် ယင်းတို့ထဲမှ ၃ ဦးကို အင်တာဗျူးလုပ်ခဲ့ကာပိုးတွေ့ရှိခဲ့သည့် လူ နာ၁၉၁ကို အင်တာဗျူးမလုပ်ခဲ့ကြောင်းသိရသည်။

လက်တလော လူနာအမှတ် (၁၉၁) ကို ပုသိမ်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးဆီ ပို့ဆောင်ထားပြီး ဆေးကုသပေးနေကြောင်းသိရသည်။

Photo - Min Htet Mone #MPA

(Zawgyi)






Photo - Min Htet Mone #MPA

Post a Comment

Previous Post Next Post