မြန်မာနိုင်ငံရဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့ အနုပညာဘက်မှာထူးချွန်သည်သာမကပဲ စီးပွားရေးမှာလည်း ထူးချွန်သူဖြစ်ပါတယ်နော်။


သူဟာ အနုပညာလောကမှာ ရှိခဲ့စဉ်ကလည်း လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အကယ်ဒမီပိုင်ရှင်ဖြစ်ပြီးတော့ ပရိတ်သတ်က ချစ်ခင်ကြသူလည်းဖြစ်ပါတယ်။ အထူးသဖြင့် သူဟာဆိုရင် မင်းသားဆိုတဲ့ မာန မရှိပဲ သူတစ်ပါးကိုကူညီတတ်တာ ၊ ကျေးဇူးမမေ့တတ်တာတွေကလည်း ပိုမို အမှတ်ရစေတဲ့ အချက်တွေဖြစ်ပါတယ်နော်။



သူဟာဆိုရင် အခုလို ကပ်ဘေးကာလမှာတောင် အမေများအဖွဲ့ကို တစ်ဦး ၅ သောင်းနှုန်းနဲ့ အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရမ်းအဆင်ပြေနေလို့တော့ ဟုတ်ပုံမရပါဘူး။



ဘာကြောင့်လည်းဆိုတော့ ကိုဗစ်ကြောင့် သွားလာမှုတွေ ခက်ခဲပြီး ၊ ဈေးတွေလည်း ရောင်းမကောင်းတော့ သူ့ရဲ့ လီလီပန်းခင်းကြီး ဟာလည်း ညှိုးရော်ပြီး ပစ်လိုက်ရတာတွေ များနေတယ်လို့ သိရပါတယ်။


ဒီအတွက် သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကလည်း သူ့ရဲ့ ဆုံးရှုံးမှုတွေကို ပွင့်ပွင့်လင်းလင်း အသိပေးထားပါတယ်။



သူဟာ အခုလို ကာလမှာ ဆုံးရှုံးမှုတွေကို ချေပနိုင်ဖို့အတွက် အလုပ်တွေ ပြန်ကြိုးစားရဦးမယ်ဆိုတာမျိုးရေးသားထားတာဖြစ်ပါတယ်။သူ့ရဲ့ Post အောက်မှာတော့ အနုပညာရှင်မောင်နှမများနဲ့ ပရိသတ်များက ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

Cေredit န့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Post a Comment

Previous Post Next Post