(Unicode)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှာ မေ ၁၈ ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ လုံးခင်းရဲစခန်းက သိရပါတယ်။


မင်္ဂလာတော်ဝင်ကျောက်မျက်တူးဖော်ရေး သက်တမ်းကုန် ကုမ္ပဏီဝင်းအတွင်း စက်ပြင်ခန်းက အင်ဗာတာ အပူလွန်ကဲပြီး မီးစလောင်ပြီး ကပ်လျက် သွပ်ဂိုတောင် ၁ လုံး အသုံးပြုမရသေးတဲ့ ဖိုးဝှီးကား ၁ စီး၊ ဝမ်းတူးဖိုက်ဆိုင်ကယ် ၅ စီးတို့ လောင်ကျွမ်းခဲ့ပါတယ်။


မီးလောင်ရာကို နယ်မြေရဲတပ်ဖွဲ့တွေ၊ မြို့နယ်မီးသတ်ဖွဲ့တွေ ကြက်ခြေနီတပ်ဖွဲ့တွေ စုပေါင်းပြီး မီးသတ်ယာဉ် ၆ စီး ရေသယ်ယာဉ် ၃ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပါတယ်။ လူထိခိုက်မှုမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ၄၈ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။


မီးလောင်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီလုပ်ငန်း ကြီးကြပ်ရေးမှူးကို လုံးခင်းရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ၂၅၈ အရ အရေးယူအမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ဒီဗွီဘီ

(Zawgyi)

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ နမၼျဖစ္ေက်း႐ြာ မဂၤလာေတာ္ဝင္ ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီမွာ ေမ ၁၈ ရက္မနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ လုံးခင္းရဲစခန္းက သိရပါတယ္။


မဂၤလာေတာ္ဝင္ေက်ာက္မ်က္တူးေဖာ္ေရး သက္တမ္းကုန္ ကုမၸဏီဝင္းအတြင္း စက္ျပင္ခန္းက အင္ဗာတာ အပူလြန္ကဲၿပီး မီးစေလာင္ၿပီး ကပ္လ်က္ သြပ္ဂိုေတာင္ ၁ လုံး အသုံးျပဳမရေသးတဲ့ ဖိုးဝွီးကား ၁ စီး၊ ဝမ္းတူးဖိုက္ဆိုင္ကယ္ ၅ စီးတို႔ ေလာင္ကြၽမ္းခဲ့ပါတယ္။


မီးေလာင္ရာကို နယ္ေျမရဲတပ္ဖြဲ႕ေတြ၊ ၿမိဳ႕နယ္မီးသတ္ဖြဲ႕ေတြ ၾကက္ေျခနီတပ္ဖြဲ႕ေတြ စုေပါင္းၿပီး မီးသတ္ယာဥ္ ၆ စီး ေရသယ္ယာဥ္ ၃ စီးနဲ႔ ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ပါတယ္။ လူထိခိုက္မႈမရွိဘဲ ဆုံးရႈံးမႈတန္ဖိုး ၄၈ သိန္းေလာက္ရွိတယ္လို႔ သိရပါတယ္။


မီးေလာင္မႈနဲ႔ ပတ္သက္ၿပီး ကုမၸဏီလုပ္ငန္း ႀကီးၾကပ္ေရးမႉးကို လုံးခင္းရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ၂၅၈ အရ အေရးယူအမႈဖြင့္ထားတယ္လို႔ သိရပါတယ္။


ဒီဗီြဘီ

Post a Comment

Previous Post Next Post