unicode

ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်ထားပါတယ်။မြဝတီနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၂၈၂)ဦးမှာ သံသယလူနာ (၄)ဦးပါဝင်နေတယ်လို့ သိရပါတယ်။



ထိုင်းကနေတစ်ဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား(၄)ဦးမှာ COVID 19 သံသယလက္ခဏာတွေ တွေ့ရှိခဲ့သလို မြန်မာနိုင်ငံထဲကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးမှာလည်း သံသယလက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် (၅)ဦးလုံးကို ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ထားတယ်လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။



“ မေလ (၁)ရက်နေ့ကနေပြီး (၈)ရက်နေ့ထိ ပြန်လည်ဝင်ရောက်လာသူက (၂၈၂)ဦးရှိတယ်။ အဲဒီထဲက (၄)ဦးက COVID 19 သံသယလက္ခဏာတွေနဲ့ ဖျားနာနေတဲ့သူတွေပါ။ သူတို့(၄)ယောက်အပါအဝင် တရုတိနိုင်ငံသား(၁)ဦးရဲ့ နှာခေါင်းတို့ပတ်တွေကို NHL ကိုပို့ပြီး ဓာတ်ခွဲစစ်ဆေးထားတယ်။ ဒီညလောက်တော့ ရောဂါပိုး ရှိ၊ မရှိ အဖြေသိရမှာပါ” လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။



လက်ရှိအချိန်ထိ ထိုင်းကပြန်လည်ဝင်ရောက်လာသူ (၂၈၂)ဦးလုံးကို မြဝတီမြို့နယ်က Quarantine စင်တာတွေမှာ စောင့်ကြည့်ပြီးရင် သူတို့နေထိုင်ရာမြို့နယ်တွေက Quarantine စင်တာတွေမှာလည်း (၂၁)ရက် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကသံရုံးကတစ်ဆင့် ပေးပို့ထားတဲ့စာရင်းအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား (၂)သောင်းကျော်လောက်ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ(၂၀၀)ကျော်သာပြန်လည်ဝင်ရောက်လာသေးတာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ထိုင်းနိုင်ငံကဘက်ကနေ COVID 19 နဲ့ ပတ်သက်လို့ အရေးပေါ်ထိန်းချုပ်ရေးညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမှုနှောင့်နှေးနေတာဖြစ်တယ်လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။မြန်မာနိုင်ငံဘက်ကတော့ မေလ(၁)ရက်နေ့ကစပြီး ပြန်လည်ဝင်ရောက်လာသူအားလုံးကို တားဆီးပိတ်ပင်တာမရှိဘဲ အားလုံးကို လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။



လက်ရှိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၇၇)ဦးရှိနေပြီး ကရင်ပြည်နယ်မှာတော့ COVID 19 အတည်ပြုလူနာတစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။

#ဓူဝံ

zawgyi

ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္ေဆာင္ထားပါတယ္။ျမဝတီနယ္စပ္ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားကေန ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား (၂၈၂)ဦးမွာ သံသယလူနာ (၄)ဦးပါဝင္ေနတယ္လို႔ သိရပါတယ္။


ထိုင္းကေနတစ္ဆင့္ ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသား(၄)ဦးမွာ COVID 19 သံသယလကၡဏာေတြ ေတြ႕ရွိခဲ့သလို ျမန္မာႏိုင္ငံထဲကိုေရာက္ရွိေနတဲ့ တ႐ုတ္ႏိုင္ငံသားတစ္ဦးမွာလည္း သံသယလကၡဏာေတြ ေတြ႕ရွိခဲ့တာေၾကာင့္ (၅)ဦးလုံးကို ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္ထားတယ္လို႔ ျမဝတီၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က Duwun ကိုေျပာပါတယ္။


“ ေမလ (၁)ရက္ေန႔ကေနၿပီး (၈)ရက္ေန႔ထိ ျပန္လည္ဝင္ေရာက္လာသူက (၂၈၂)ဦးရွိတယ္။ အဲဒီထဲက (၄)ဦးက COVID 19 သံသယလကၡဏာေတြနဲ႔ ဖ်ားနာေနတဲ့သူေတြပါ။ သူတို႔(၄)ေယာက္အပါအဝင္ တ႐ုတိႏိုင္ငံသား(၁)ဦးရဲ႕ ႏွာေခါင္းတို႔ပတ္ေတြကို NHL ကိုပို႔ၿပီး ဓာတ္ခြဲစစ္ေဆးထားတယ္။ ဒီညေလာက္ေတာ့ ေရာဂါပိုး ရွိ၊ မရွိ အေျဖသိရမွာပါ” လို႔ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။


လက္ရွိအခ်ိန္ထိ ထိုင္းကျပန္လည္ဝင္ေရာက္လာသူ (၂၈၂)ဦးလုံးကို ျမဝတီၿမိဳ႕နယ္က Quarantine စင္တာေတြမွာ ေစာင့္ၾကည့္ၿပီးရင္ သူတို႔ေနထိုင္ရာၿမိဳ႕နယ္ေတြက Quarantine စင္တာေတြမွာလည္း (၂၁)ရက္ ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္။ထိုင္းႏိုင္ငံကသံ႐ုံးကတစ္ဆင့္ ေပးပို႔ထားတဲ့စာရင္းအရ ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္လာမယ့္ ျမန္မာႏိုင္ငံသား (၂)ေသာင္းေက်ာ္ေလာက္ရွိေနေပမယ့္လည္း ယေန႔အခ်ိန္ထိ(၂၀၀)ေက်ာ္သာျပန္လည္ဝင္ေရာက္လာေသးတာျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကမွ ထိုင္းႏိုင္ငံကဘက္ကေန COVID 19 နဲ႔ ပတ္သက္လို႔ အေရးေပၚထိန္းခ်ဳပ္ေရးၫႊန္ၾကားခ်က္တစ္ခု ထုတ္ျပန္ခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္လာမႈေႏွာင့္ေႏွးေနတာျဖစ္တယ္လို႔ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။ျမန္မာႏိုင္ငံဘက္ကေတာ့ ေမလ(၁)ရက္ေန႔ကစၿပီး ျပန္လည္ဝင္ေရာက္လာသူအားလုံးကို တားဆီးပိတ္ပင္တာမရွိဘဲ အားလုံးကို လက္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။


လက္ရွိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ (၁၇၇)ဦးရွိေနၿပီး ကရင္ျပည္နယ္မွာေတာ့ COVID 19 အတည္ျပဳလူနာတစ္ဦးတစ္ေယာက္မွ မရွိေသးပါဘူး။

#ဓူ၀ံ

Post a Comment

Previous Post Next Post