(Unicode)

မိသားစုအတွက်အများကြီး ဒုက္ခခံစွန့်လွှတ်ပေးခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့
နောက်ဆုံးမီးစာကုန်ရေခမ်းတဲ့ အချိန်လေးပေါ့...

သားနှစ်ယောက်မွေးထားခဲ့တယ် ဇနီးသည်ကွယ်လွန်ခဲ့ပြီး အသက်အရွယ်အိုမင်းမစွမ်း
ဖခင်ကြီးဟာ...လေဖြတ်ပြီး ကိုယ်မှာအရေပြားရောဂါ စွဲကပ်ခဲ့တယ်...

တစ်နေ့အိမ်မှာသား တစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်တော့ ဖခင်လူမမာကြီးကို
ပွဲထုပ်ရမှာရှက်လို့ဆိုပြီး... အခန်းတစ်ခန်းထဲမှာေ ချာင်ပိတ်ပြီးသော့ခတ် ထားကြတယ်
အလုပ်သမားကိုေ စာင့်ကြည့်ဖို့တာဝန်ပေးပြီးေ သာ့ကိုပါအပ်ခဲ့တယ်...
မင်္ဂလာပွဲပြီးတော့ ဟန်းနီးမွန်းခရီးနှစ်လ၊ သုံးလထွက်မယ်ဆိုပြီး ဖခင်ကိုအလုပ်သမား
လက်ထဲမှာ စွန့်ပစ်ခဲ့တယ်...

တစ်ရက်အလုပ်သမားက ဖခင်လူမမာအတွက် လိုအပ်တာတွေဝယ်ခြမ်းဖို့ အိမ်တံခါးသော့ခတ်ပြီးထွက်ခဲ့တယ်... မထင်မှတ်ပဲရုတ်တရက်လမ်းမှာ မတော်တဆမှုတစ်ခုကြောင့် အလုပ်သမားဟာေ သဆုံးသွားခဲ့ရတယ်... အိမ်တံခါးခတ်ခဲ့တော့ေ သာ့ဟာလည်းသူ့ဆီမှာ...

သုံးလကြာတော့ သားသမီးတွေခရီးကြ ပန်ရောက်လာတာပေါ့
အိမ်ရောက်တော့ တံခါးသော့ခတ်လျက်သား...ပတ်ဝန်းကျင်ကို အလုပ်သမားနဲ့ပတ်သက်ပြီး
မေးမြန်းတော့ ဘာသတင်းမှမရေ နာက်ဆုံး အိမ်တံခါးကိုချိုးဖျက်ပြီး
အထဲဝင်ပြီးဖခင်အခန်းကို ဖွင့်လိုက်တဲ့အခါမှာ ပုံပါအတိုင်းအနံအသက်ဆိုးတွေနဲ့ ပုတ်ပွပြီး
အရိုးပေါ်အရေတင်ြ မင်မကောင်းအောင်ဖြစ်နေတဲ့...
မွေ့ယာပေါ်ကဖခင်ကြီးရဲ့ အသက်မဲ့ခန္ဓာကိုယ်ကြီးကို မြင်လိုက်ကြရတယ်...😔


သားသမီးတွေအတွက် ပညာရေးစီးပွားရေးအလုံးစုံကို ဘဝနဲ့ရင်းပြီးကြိုးပမ်းပေးခဲ့တဲ့...ဖခင်ကြီးရဲ့အသက်ဝိညဉ် ပြည်ဖုံးကားချတဲ့အချိန်က အင်မတန်ကိုအထီးကျန်ခဲ့တယ်
ကူမဲ့သူကယ်မဲ့သူမရှိပဲေ လာကကြီးကနှုတ်ဆက်ခဲ့ရတယ်...

နာမကျန်းဖြစ်နေတဲ့မိဘတွေကို တန်ဖိုးထားကြစေလိုရန် ပညာပေးပိုစ့်လေးတစ်ခုအနေနဲ့
India media တစ်ခုကြ ဖစ်ရပ်မှန်အကြောင်းလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်...

မိဘကိုတန်ဖိုးထားတတ်ကြပါစေ

#Credit to Author❣❣

(Zawgyi)









#Credit to Author❣❣

Post a Comment

Previous Post Next Post