(Unicode)

မတွေ့တာ သုံးနှစ်လောက် ကြာသွားတဲ့နောက် အဖွားအသက် လေးနှစ်လောက် ပြန်ငယ်သွားတယ်။ ရယ်စရာတော့ ကောင်းသား။အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြော ပြတာက အသက် ၁၁၀။အခု တစ်ကြိမ် အဖွားရဲ့ မြေးမလေး ပြော ပြတာက ၁၀၆ နှစ်တဲ့။



အဖွားက ပူတာအိုက ရဝမ်လူမျိးပါ။ တကယ်တော့ အသက် ၁၀၀ ဝန်းကျင်ရောက်နေတဲ့ အဖွားအိုကတော့ သူ့ရဲ့ မွေးနေ့ကိုမှတ်မိနေမှာ မဟုတ်ပါဘူး။ သူ့အတွက်လည်း အရေးကြီးမှာ မဟုတ်ဘူး..။ ကျန်တဲ့ သူ့သားသမီး၊ မြေးမြစ်ဆိုတာတွေကလည်း ကိုယ့်အဖွားကို ဘယ်နှစ်က မွေးလဲဆိုတာ မေးကြည့်ဖို့ အဖွားရဲ့ အမေလည်း မရှိတော့ဘူးဆိုတော့ သူတို့လည်း ဘယ် အတိအကျ သိနိုင်ပါ့မလဲ..။

အသက် ၁၀၀ ကျော်တဲ့အထိ ကိုယ့်ဘာသာ တစ်ယောက်တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်စိုက်ကို ကျန်းကျန်းမာမာနဲ့ လုပ်နေနိုင်သေးတယ် ဆိုတော့ အဖွားဘယ်လိုနေလဲဆိုတာ သိရအောင် အဖွားရဲ့ အိမ်လေးပေါ် အထိ တက်ကြည့်ခဲ့တယ်။ အဖွားရဲ့ အိမ်လေးမှာပေါ်မှာ အိပ်ယာခင်းနဲ့ ခြင်ထောင်၊ ပြီးတော့ မီးဖိုထဲမှာ အိုးခွက်ပန်းကန် အချို့၊ ဒါပဲ ရှိတယ်။ ကူဖေါ်လောင်ဖက်ရအောင် မြေးမလေးတွေက အိမ်ကို လာနေတာတောင် တစ်ယောက်တည်းပဲ နေချင်လို့ ပြန်လွှတ်တယ် တဲ့။



တတ်နိုင်တဲ့ ပမာဏ ငွေနည်းနည်းလေးကို ကန်တော့လိုက်တော့ ပြုံးပြုံးကြီး ကျေနပ်နေတဲ့ အဖွားကို ကြည့်ရတာ အလွန် စိတ်ချမ်းသာဖို့ ကောင်းတာပဲ။ ပြီးတော့ ခြံထဲမှာ သူစိုက်ထားတဲ့ အပင်က ရတဲ့ နာနတ်သီး လက်ဆောင် ပြန်ပေးတယ်။ အဖွားက သူ့မြေးကနေ တစ်ဆင့် စကားပြန်နဲ့ ပြန်ပြောတယ်..။ အဖွား ဆုတောင်းပေးမယ် ခဏထိုင်ဦး တဲ့။ ရဝမ် စကားနဲ့ အဖွားက သူယုံကြည်ရာ ဘုရားသခင်ဆီမှာ တတွတ်တွတ်နဲ့ ဆုတောင်း ပေးနေတာ ဆိုတော့ အဓိပ္ပယ်ကို နားမလည်ပေမယ့် အဖွားပို့သတဲ့ မေတ္တာကိုတော့ ခံစားရပါတယ်။ တကယ်တော့ မေတ္တာတရားဆိုတာ ဘာသာ၊ လူမျိုး၊ ဒေသ အပိုင်းအခြား အားလုံးကို ဖြတ်ကျော်သွားနိုင်တာပဲ။



ပြန်တော့မယ်ဆိုတော့ အဖွားက အိမ်ပေါက်ဝ လှေကားထိပ်ထိ လိုက်ပို့ပြီး လက်ပြနှုတ်ဆက်လိုက်သေးတယ်..။ စိတ်ရော ကိုယ်ရော ကျန်းမာ ပကတိ ချမ်းသာစွာရှိပါ၏ ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်မှာ။

အဖွားအိမ်က ပြန်လာတော့မှ ဘဝမှာ အသက်ရှင် ရပ်တည်ဖို့ရာ အခြေခံ လိုအပ်ချက်က နည်းနည်းလေးပဲ ဆိုတာ သဘောပေါက်မိတယ်။ လူတွေကို အသက်တိုအောင် ပင်ပန်းဆင်းရဲအောင် လုပ်နေတာက လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘပဲ ဆိုတာ မြင်မိတယ်။ ဘဝမှာ အလိုနည်းလေ စိတ်ချမ်းသာရလေ ပါလား။ မလိုချင်လေ စိတ်အေးလေ၊ ပစ္စည်းပစ္စယ နည်းပါးလေ စိတ်ချမ်းသာရလေ… လူတွေနဲ့ ကင်းကင်းနေနိုင်လေ စိတ်အေးရလေ ပါလား။ တကယ်တော့ ဘဝမှာ နေပျော်ဖို့ အလိုနဲတဲ့ စိတ်ထားတစ်ခုရယ် မိမိနဲ့ သဟဇာတ ဖြစ်တဲ့ လူတစ်စုရယ်။ ဒါပါပဲ။ ဒါဆိုရင် လုံလောက်ပြီ။



မိမိကိုယ်တိုင်လည်း ငယ်ငယ်ကထက် စာရင် အခုအချိန်မှာ အပေါင်းအသင်း နဲလာတာကို သတိထားမိတယ်။ အနေဝေးလို့ အဆက်အသွယ်ပြတ်သွားတာတွေ ရှိသလို၊ စိတ်သဘောထားချင်း မတိုင်ဆိုင်လို့ အဆက်အသွယ် ပြတ်သွားတာတွေလည်း ရှိတယ်။

တကယ်တော့ ဘဝမှာ ပျော်ရွှင်စွာနေဖို့ရာ အတွက် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်ထား တစ်ခုရယ်၊ အပြန်မလှန် နားလည်မှူရှိတဲ့ လက်တစ်ဆုပ်စာ ရင်းနှီးခင်မင်ရတဲ့ သူတစ်ချို့ရယ် ရှိရင် ရပါ ပြီ။ ဒါ့ထက် တစ်ဆင့်တက်ပြီး ပြောရရင် တစ်ယောက်တည်းနေ တစ်စိတ်တည်း ထားနိုင်တာတော့ အကောင်းဆုံးပါပဲ။ လောက သဘောဆန္ဒနဲ့ ပြောရရင်တော့ မိမိကိုယ်တိုင်လည်း အသက်ရွယ်ကြီးရလာ ပြီး နောက်ပိုင်းမှာ ဝင်ငွေနဲနဲ ထွက်ငွေနဲနဲ နဲ့ သစ်ပင်စိုက်ရင်းပဲ အေးအေးနေချင်တယ်။



ပြီးတော့ တောင်ပံသာလျှင် ဝန်ရှိသော ငှက်ကဲ့သို့ ဆိုတဲ့ စကားလို ဘာကိုမှ မတွယ်တာ မငြိတွယ်ဘဲ နေချင်တယ်၊ ဘဝရဲ့ နောက်ဆုံးကာလတွေကို အလိုနည်းတဲ့ ဘဝနဲ့ပဲ ကုန်ဆုံးသွားချင်တယ်။ လောဘလျှော့ဖို့ဆိုတာ အပြောလွယ်သဘောက် လက်တွေ့ထိမ်းချုပ်ဖို့ရာတော့ တကယ်ခက်ပါတယ်လေ။ ကိုယ့်လောဘကို ကိုယ်သိနေဖို့ ဆင်ခြင်ရဦးမှာပါ။ သတိထားရဦးမှာပါလေ…။
.
#Thu Hain

(Zawgyi)

မေတြ႕တာ သုံးႏွစ္ေလာက္ ၾကာသြားတဲ့ေနာက္ အဖြားအသက္ ေလးႏွစ္ေလာက္ ျပန္ငယ္သြားတယ္။ ရယ္စရာေတာ့ ေကာင္းသား။အရင္တစ္ႀကိမ္က အဖြားရဲ့ေျမး ေျပာ ျပတာက အသက္ ၁၁၀။အခု တစ္ႀကိမ္ အဖြားရဲ့ ေျမးမေလး ေျပာ ျပတာက ၁၀၆ ႏွစ္တဲ့။


အဖြားက ပူတာအိုက ရ၀မ္လူမ်ိးပါ။ တကယ္ေတာ့ အသက္ ၁၀၀ ဝန္းက်င္ေရာက္ေနတဲ့ အဖြားအိုကေတာ့ သူ႔ရဲ့ ေမြးေန႔ကိုမွတ္မိေနမွာ မဟုတ္ပါဘူး။ သူ႔အတြက္လည္း အေရးႀကီးမွာ မဟုတ္ဘူး..။ က်န္တဲ့ သူ႔သားသမီး၊ ေျမးျမစ္ဆိုတာေတြကလည္း ကိုယ့္အဖြားကို ဘယ္ႏွစ္က ေမြးလဲဆိုတာ ေမးၾကည့္ဖို့ အဖြားရဲ့ အေမလည္း မရွိေတာ့ဘူးဆိုေတာ့ သူတို့လည္း ဘယ္ အတိအက် သိနိုင္ပါ့မလဲ..။

အသက္ ၁၀၀ ေက်ာ္တဲ့အထိ ကိုယ့္ဘာသာ တစ္ေယာက္တည္းေန၊ ထင္းေခြ၊ ေရခပ္၊ သစ္ပင္စိုက္ကို က်န္းက်န္းမာမာနဲ႔ လုပ္ေနနိုင္ေသးတယ္ ဆိုေတာ့ အဖြားဘယ္လိုေနလဲဆိုတာ သိရေအာင္ အဖြားရဲ့ အိမ္ေလးေပၚ အထိ တက္ၾကည့္ခဲ့တယ္။ အဖြားရဲ့ အိမ္ေလးမွာေပၚမွာ အိပ္ယာခင္းနဲ႔ ျခင္ေထာင္၊ ၿပီးေတာ့ မီးဖိုထဲမွာ အိုးခြက္ပန္းကန္ အခ်ိဳ့၊ ဒါပဲ ရွိတယ္။ ကူေဖၚေလာင္ဖက္ရေအာင္ ေျမးမေလးေတြက အိမ္ကို လာေနတာေတာင္ တစ္ေယာက္တည္းပဲ ေနခ်င္လို့ ျပန္လႊတ္တယ္ တဲ့။



တတ္နိုင္တဲ့ ပမာဏ ေငြနည္းနည္းေလးကို ကန္ေတာ့လိုက္ေတာ့ ျပဳံးျပဳံးႀကီး ေက်နပ္ေနတဲ့ အဖြားကို ၾကည့္ရတာ အလြန္ စိတ္ခ်မ္းသာဖို့ ေကာင္းတာပဲ။ ၿပီးေတာ့ ၿခံထဲမွာ သူစိုက္ထားတဲ့ အပင္က ရတဲ့ နာနတ္သီး လက္ေဆာင္ ျပန္ေပးတယ္။ အဖြားက သူ႔ေျမးကေန တစ္ဆင့္ စကားျပန္နဲ႔ ျပန္ေျပာတယ္..။ အဖြား ဆုေတာင္းေပးမယ္ ခဏထိုင္ဦး တဲ့။ ရဝမ္ စကားနဲ႔ အဖြားက သူယုံၾကည္ရာ ဘုရားသခင္ဆီမွာ တတြတ္တြတ္နဲ႔ ဆုေတာင္း ေပးေနတာ ဆိုေတာ့ အဓိပၸယ္ကို နားမလည္ေပမယ့္ အဖြားပို့သတဲ့ ေမတၱာကိုေတာ့ ခံစားရပါတယ္။ တကယ္ေတာ့ ေမတၱာတရားဆိုတာ ဘာသာ၊ လူမ်ိဳး၊ ေဒသ အပိုင္းအျခား အားလုံးကို ျဖတ္ေက်ာ္သြားနိုင္တာပဲ။



ျပန္ေတာ့မယ္ဆိုေတာ့ အဖြားက အိမ္ေပါက္ဝ ေလွကားထိပ္ထိ လိုက္ပို့ၿပီး လက္ျပႏွုတ္ဆက္လိုက္ေသးတယ္..။ စိတ္ေရာ ကိုယ္ေရာ က်န္းမာ ပကတိ ခ်မ္းသာစြာရွိပါ၏ ဆိုတာ ဒါမ်ိဳးကို ေျပာတာပဲ ျဖစ္မွာ။

အဖြားအိမ္က ျပန္လာေတာ့မွ ဘဝမွာ အသက္ရွင္ ရပ္တည္ဖို့ရာ အေျခခံ လိုအပ္ခ်က္က နည္းနည္းေလးပဲ ဆိုတာ သေဘာေပါက္မိတယ္။ လူေတြကို အသက္တိုေအာင္ ပင္ပန္းဆင္းရဲေအာင္ လုပ္ေနတာက လူေတြရဲ့ အေတာမသတ္နိုင္တဲ့ ေလာဘပဲ ဆိုတာ ျမင္မိတယ္။ ဘဝမွာ အလိုနည္းေလ စိတ္ခ်မ္းသာရေလ ပါလား။ မလိုခ်င္ေလ စိတ္ေအးေလ၊ ပစၥည္းပစၥယ နည္းပါးေလ စိတ္ခ်မ္းသာရေလ… လူေတြနဲ႔ ကင္းကင္းေနနိုင္ေလ စိတ္ေအးရေလ ပါလား။ တကယ္ေတာ့ ဘဝမွာ ေနေပ်ာ္ဖို့ အလိုနဲတဲ့ စိတ္ထားတစ္ခုရယ္ မိမိနဲ႔ သဟဇာတ ျဖစ္တဲ့ လူတစ္စုရယ္။ ဒါပါပဲ။ ဒါဆိုရင္ လုံေလာက္ၿပီ။



မိမိကိုယ္တိုင္လည္း ငယ္ငယ္ကထက္ စာရင္ အခုအခ်ိန္မွာ အေပါင္းအသင္း နဲလာတာကို သတိထားမိတယ္။ အေနေဝးလို့ အဆက္အသြယ္ျပတ္သြားတာေတြ ရွိသလို၊ စိတ္သေဘာထားခ်င္း မတိုင္ဆိုင္လို့ အဆက္အသြယ္ ျပတ္သြားတာေတြလည္း ရွိတယ္။

တကယ္ေတာ့ ဘဝမွာ ေပ်ာ္ရႊင္စြာေနဖို့ရာ အတြက္ ေရာင့္ရဲတင္းတိမ္တတ္တဲ့ စိတ္ထား တစ္ခုရယ္၊ အျပန္မလွန္ နားလည္မွူရွိတဲ့ လက္တစ္ဆုပ္စာ ရင္းႏွီးခင္မင္ရတဲ့ သူတစ္ခ်ိဳ့ရယ္ ရွိရင္ ရပါ ၿပီ။ ဒါ့ထက္ တစ္ဆင့္တက္ၿပီး ေျပာရရင္ တစ္ေယာက္တည္းေန တစ္စိတ္တည္း ထားနိုင္တာေတာ့ အေကာင္းဆုံးပါပဲ။ ေလာက သေဘာဆႏၵနဲ႔ ေျပာရရင္ေတာ့ မိမိကိုယ္တိုင္လည္း အသက္ရြယ္ႀကီးရလာ ၿပီး ေနာက္ပိုင္းမွာ ဝင္ေငြနဲနဲ ထြက္ေငြနဲနဲ နဲ႔ သစ္ပင္စိုက္ရင္းပဲ ေအးေအးေနခ်င္တယ္။



ၿပီးေတာ့ ေတာင္ပံသာလၽွင္ ဝန္ရွိေသာ ငွက္ကဲ့သို့ ဆိုတဲ့ စကားလို ဘာကိုမွ မတြယ္တာ မၿငိတြယ္ဘဲ ေနခ်င္တယ္၊ ဘဝရဲ့ ေနာက္ဆုံးကာလေတြကို အလိုနည္းတဲ့ ဘဝနဲ႔ပဲ ကုန္ဆုံးသြားခ်င္တယ္။ ေလာဘေလၽွာ့ဖို့ဆိုတာ အေျပာလြယ္သေဘာက္ လက္ေတြ႕ထိမ္းခ်ဳပ္ဖို့ရာေတာ့ တကယ္ခက္ပါတယ္ေလ။ ကိုယ့္ေလာဘကို ကိုယ္သိေနဖို့ ဆင္ျခင္ရဦးမွာပါ။ သတိထားရဦးမွာပါေလ…။
.
#Thu Hain

Post a Comment

Previous Post Next Post