မနီလာမြို့ အနောက်မြောက်ဘက်က Special Economic Zone မှာ ရဲက တရားမဝင် တရုတ်ဆေးရုံတစ်ရုံကို ဝင်ဖမ်းခဲ့ပါတယ်။

အဲ့ဒီဆေးရုံလေးမှာ ခုတင် 7 လုံးရှိပြီးတရုတ် Covid-19 လူနာတစ်ယောက်ကို ကုနေတယ်လို့ဆိုပါတယ်။



တရုတ်တံဆိပ်နဲ့ Covid-19 rapid Test kit အခု 200 လောက်ရယ် သုံးပြီးသားဆေးထိုးအပ်တွေကိုပါ အမှိုက်ပုံးထဲက သိမ်းဆည်းရမိခဲ့ပါတယ်။

အဲ့ဒီတိတ်တိတ်ပုန်းလာကုတဲ့ Covid-19 လူနာတွေက အနီးအနားလျှောက်သွားနေကြလို့ ရောဂါကူးစက်မှာ လန့်နေကြပါတယ်။

အဲ့ဒီတိတ်တိတ်ပုန်းဆေးရုံလေးမှာ online gambling တရုတ်လောင်းကစားသမားတွေပါ လာပြကြတယ်လို့ဆိုပါတယ်။

အခုလိုတရာမဝင် တရုတ်ဆေးရုံဆေးခန်းတွေဟာ ပြည်သူလူထုကို အကျိုးမပြုတဲ့အပြင် အန္တရာယ်အလွန်ကြီးပါတယ်တဲ့။



သူတို့ဟာမှတ်ပုံတင်ထားခြင်းမရှိလို့ #တာဝန်ယူမှုတာဝန်ခံမှုရှိစရာမလိုသလို #ကုတဲ့လူတွေကလည်းဘယ်လိုနည်းစနစ်မမှန်ပဲကုနေမှန်း မသိနိုင်ပါဘူးတဲ့။

အခုဆေးရုံလေးဟာ အပြင်မှာက တရုတ်ဆေးဆိုင်ဖြစ်ပြီး အတွင်းကိုဝင်စစ်ဆေးကြည့်တော့မှ တရားမဝင် Covid-19 ကုပေးနေတဲ့ ဆေးရုံအသေးလေးအဖြစ်လုပ်ထားတာဖြစ်ပါသတဲ့။

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနဟာ ပြည်သူလူထုအတွက် အခုလိုတရားမဝင်ဆေးခန်းနဲ့ဆေးရုံတွေကိုအရေးယူနေခြင်းဟာ အလွန်အားရဖွယ်ကောင်းလှပါတယ်။

#ဒါမှဘယ်သူမှနောက်မလုပ်ရဲမှာဖြစ်ပါတယ်။

တစ်ချို့နိုင်ငံတွေမှာပေါ်ပေါ်တင်တင်ကြေညာပြီးဖွင့်နေတာတောင်အရေးယူမှုမရှိတာ အံ့ဩဖွယ်ကောင်းလှပါတယ်။

မြန်မာနိုင်ငံမှာ သတင်းစာထဲမှာ ကင်ဆာအမြစ်ပြတ်ကုသည်ဆိုတဲ့ကြေညာမျိုးကို ဟိုးလွန်ခဲ့တဲ့ နှစ် 30 လောက်ကတည်းက မြင်ဖူးခဲ့တာပါ။

လူကြီးတွေသတင်းစာမဖတ်ကြဘူးထင်ပါရဲ့လို့တွေးမိပါတယ်။



Richard Myo Thant



Post a Comment

Previous Post Next Post