(Unicode)
နေတိုးကတော့မိန်းကလေးငယ်လေးတွေရဲ့ အိမ်မက်ထဲကမင်းသားတင်မကဘဲ ကလေးလူကြီး မရွေးကြိုက်နှစ်သက်ရတဲ့ မင်းသားချောတစ်ဦးဘဲဖြစ်ပါတယ်။ပြောင်မြောက်တဲ့သရုပ်ဆောင်မှုတွေကြောင့်အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ထားပါသေးတယ်။ နေတိုးက လက်ရှိအခြေအနေကြောင့် ဒုက္ခရောက်နေတဲ့ လူများကိုကူညီလှူဒါန်းပေးလျက်ရှိပါတယ်။
နေတိုးက သူ့ရဲ့အလှူလေးနဲ့ပက်သတ်ပြီး “လွန်ခဲ့သော 8 .5 .2020 က (FCPN) program မှာ အလှူငွေသိန်း(၃၀)ဆယ်၊ (စာအိတ်၃၀၀)စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ဒီပုံလေးတွေမြင်ရတော့စိတ်ထဲမှာခံစားမှုများစွာနဲ့အတူပီတိလည်း ဖြစ်မိပါတယ်။ အခုလိုတကယ်လိုအပ်နေတဲ့သူတွေဆီကိုမရောက်ရောက်အောင်ပို့ပေးနေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ( FCPN )မှတာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
အလှူငွေတွေလည်းအများကြီးရပြီးလူမှုအကျိုးများကိုဆထက်တပိုးဆောင်ရွက်နိုင်ကြပါစေခင်ဗျာ။ ပရိသတ်များလဲကုသိုလ် အမျှရကြပါစေ။ အားလုံးလဲ ကပ်ရောဂါဆိုးမှကင်းဝေးပြီး စိတ်ချမ်းသာကိုကျန်းမာကြပါစေ” ဆိုပြီး ပြောထားပါတယ်။celepediaပရိတ်သတ်တွေလည်း မင်းသာချောနေတိုး အခုထက်ကိုပြီး လှူနိုင်တန်းနိုင်အောင် ဆုတောင်းပေးလိုက်ပါဦး။
Source-Nay Toe’s fb
(Zawgyi)
Source-Nay Toe’s fb
Post a Comment