(Unicode)

ကျောက်မဲ၊ မေ ၁၉
(News Ambassador - သတင်းတမန်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းတွင် မေ ၁၈ ရက်နေ့က လ္ဘက်ခြံအတွင်း အလုပ်လုပ်နေသော အမျိုးသမီး ၂ ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအုပ်စု၊ ဖလိန်ရွာအနောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် လ္ဘက်ခြံ၏ ယာစောင့်တဲအတွင်းတွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ ၂ ဦးမှာ လ္ဘက်ခြံတွင် အလုပ်လုပ်ကိုင်နေသည့် ဒေါ်အေးယိင်း နှင့် ဒေါ်အေးထွေး ဆိုသူတို့ ၂ ဦးဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

၎င်းတို့ ၂ ဦးအသတ်ခံထားရကြောင်းကို ၎င်းတို့၏အလုပ်သမားဖြစ်သူ ကျော်ဆွေဆိုသူမှ တယ်လီဖုန်းဖြင့် ကျွဲကုန်းရွာနေ အိုက်တူးဆိုသူကို ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အိုက်တူးဆိုသူမှ အသတ်ခံရသူ၏ သားဖြစ်သူ ကိုအောငျော် ဆိုသူထံသို့ လာရောက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် အခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုရာ ဒေါ်အေးယိင်းမှာ ယာဘက်နားထင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၂ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ၊ ဒေါ်အေးထွေးမှာ ဝဲဘက်ပါးညိုမဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ဝဲဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၅၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

AM-0004
====

(Zawgyi)

ေက်ာက္မဲ၊ ေမ ၁၉
(News Ambassador - သတင္းတမန္)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ့နယ္အတြင္းတြင္ ေမ ၁၈ ရက္ေန႔က လၻက္ၿခံအတြင္း အလုပ္လုပ္ေနေသာ အမ်ိဳးသမီး ၂ ဦးအသတ္ခံရမွုျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

ေက်ာက္မဲၿမိဳ့နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအုပ္စု၊ ဖလိန္ရြာအေနာက္ဘက္ ၃ မိုင္ခန႔္အကြာတြင္ရွိသည့္ လၻက္ၿခံ၏ ယာေစာင့္တဲအတြင္းတြင္ အဆိုပါျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အသတ္ခံရသူ ၂ ဦးမွာ လၻက္ၿခံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ေဒၚေအးယိင္း ႏွင့္ ေဒၚေအးေထြး ဆိုသူတို့ ၂ ဦးျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ့မရဲစခန္းမွ သိရသည္။

၎တို့ ၂ ဦးအသတ္ခံထားရေၾကာင္းကို ၎တို့၏အလုပ္သမားျဖစ္သူ ေက်ာ္ေဆြဆိုသူမွ တယ္လီဖုန္းျဖင့္ ကၽြဲကုန္းရြာေန အိုက္တူးဆိုသူကို ဆက္သြယ္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ အိုက္တူးဆိုသူမွ အသတ္ခံရသူ၏ သားျဖစ္သူ ကိုေအာေင်ာ္ ဆိုသူထံသို့ လာေရာက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းအတြက္ အခင္းျဖစ္ေနရာသို့သြားေရာက္ၾကည့္ရွုရာ ေဒၚေအးယိင္းမွာ ယာဘက္နားထင္ ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာဘက္မ်က္ခုံး ေပါက္ျပဲဒဏ္ရာ ၁ခ်က္၊ ဦးေခါင္းေနာက္ေစ့ ေပါက္ျပဲဒဏ္ရာ ၁ ခ်က္၊ ဦးေခါင္းဝဲဘက္ေနာက္ေစ့ ေပါက္ျပဲဒဏ္ရာ ၁ ခ်က္၊ ဦးေခါင္းထိပ္ ေပါက္ျပဲဒဏ္ရာ ၂ခ်က္တို့ျဖင့္ ေသဆုံးေနျခင္းျဖစ္ၿပီး ၊ ေဒၚေအးေထြးမွာ ဝဲဘက္ပါးညိဳမဲဒဏ္ရာ ၁ ခ်က္၊ ဦးေခါင္းဝဲဘက္ေနာက္ေစ့ ေပါက္ျပဲဒဏ္ရာ ၁ခ်က္၊ ဝဲဘက္ေနာက္ေစ့ ေပါက္ျပဲဒဏ္ရာ ၁ခ်က္တို့ျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း ေတြ႕ခဲ့ရသည္ဟု သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ့မရဲစခန္းတြင္ (ပ)၅၂/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ ျဖင့္ အမွုဖြင့္ထားေၾကာင္း သိရသည္။

AM-0004
====

Post a Comment

Previous Post Next Post