(Unicode)

ဖြစ်စဉ်ကတော့ လေယာဉ်စတင်ပြီး ပျံသန်းစဉ် အချိန်မှာ ခရီးသည်တွေဟာ အဆင်ပြေပြေနဲ့ရှိနေခဲ့ကြပေမဲ့လည်း လေယာဉ်ပျံသန်းပြီး 6နာရီအကြာမှာတော့ အသက်ကြီးလူနာတစ်ယောက်ဟာ အရေးပေါ်ဆေးအကူအညီလိုအပ်နေကြောင်း cabin crew မှကြေညာခဲ့၍ လေယာဉ်ပေါ်တွင် ခရီးသည်အနေနဲ့ လိုက်ပါစီးနှင်းနေ ခဲ့တဲ့ သွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်ကြီး Dr Zhang ကကြားသိခဲ့ပြီးနောက် လူနာဆီသို့အပြေးအလွှာရောက်ရှိသွားခဲ့ပါတယ် … ။

အသက်အရွယ် အတော်ကြီးနေပြီဖြစ်တဲ့ လူနာကို စစ်ဆေးပြီးခဲ့ချိန်မှာတော့ လူနာဟာ ကိုယ်တိုင် ဆီးသွားနိုင်တဲ့သူ မဟုတ်တဲ့အတွက်ကြောင့်မို့ လူနာရဲ့ဆီးအိမ်ဟာ 1,000 millilitres ရှိတဲ့ ဆီးတွေနဲ့ပြည့်နေခဲ့လို့ ဆီးအိမ်ပေါက်ကွဲမတက်ဖြစ်နေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် … ။ဆီးမသွားနိုင်ရင်တော့လူနာရဲ့ဆီးအိမ် ဟာ ပေါက်ကွဲသွားနိုင်ပြီး အသက်သေဆုံးနိုင်တဲ့အခြေအနေမျိုးအထိ ရောက်ရှိနေကြောင်း သိရှိရပါတယ် ။


ထို့ကြောင့် ဆရာဝန်ဟာ လိုအပ်တဲ့ပစ္စည်းကိရိယာတွေဖြစ်တဲ့ အောက်ဆီဂျင်မျက်နှာဖုံး ၊ ဆေးထိုးအပ် ၊ အရည်စုပ်တဲ့ပြွန်တံ ၊ ပုလင်း နှင့် တိပ်ခွေတွေကို ပြင်ဆင် ထားခဲ့တာပဲဖြစ်ပါတယ် … ။သို့ပေမဲ့လည်း ရှိတဲ့ပစ္စည်းကိရိယာတွေနဲ့ ကြိုးကြိုးစားစား ဆီးအိမ်ထဲက ဆီးတွေကိုထုတ်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ အဆင်မပြေတော့တဲ့အဆုံး နောက်ဆုံးမှာတော့ဆရာဝန်ဟာ ပါးစပ်ဖြင့်ဆီးတွေကိုစုပ်ထုပ်ကာ အရှိန် ယူပြီနောက် ဆီးအိမ်ထဲကဆီးတွေထွက်နိုင်အောင် လုပ်ဖို့နည်းလမ်းကိုသာ ဆုံးဖြတ်ခဲ့ ရတာပဲဖြစ်ပါတယ်။

ထို့အပြင် လေယာဉ်ဝန်ထမ်းများကလည်း ဆီးတွေကိုပုလင်းတွေထဲထည့်ပြီး ဆီးရဲ့အတိုင်အတာကိုသိရှိနိုင်ဖို့ကူညီပေးခဲ့ကြပါတယ် ။ထို့နောက် ဆီးအိမ် ထဲမှ ဆီးတွေကို800 millilitres အထိစုပ်ယူပြီးချိန်မှာတော့ လူနာရဲ့အခြေအနေဟာ တည်ငြိမ် သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဒီမှာ တင်ရပ်မသွားသေးပါဘူး ဆီးအိမ်ထဲက ဆီးတွေ လုံးဝကုန်ခမ်းသွားတဲ့အထိ Dr Zhang ဟာ 34 မိနစ်ကြာတဲ့အထိ စုပ်ယူပေး ခဲ့ရပါတယ် … ။


Dr Zhang ရဲ့အကူအညီနှင့် လူနာဟာ လေယာဉ်ဆင်းတဲ့အချိန် အထိ အခြေအနေ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေခဲ့ကြောင်း သိရှိရတာပဲဖြစ်ပါတယ် … ။ဒီအဖြစ်အပျက် ကတော့ ပြီးခဲ့တဲ့November 19 ရက်နေ့က China Southern Airline ရဲ့လေယာဉ် တစ်စီးဟာ တရုတ်နိုင်ငံ ကနေ New York မြို့သို့ပျံသန်းနေခဲ့စဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ် … ။

Credit Original

(Zawgyi)






Credit Original

Post a Comment

Previous Post Next Post