(Unicode)

ဌာနဆိုင်ရာ အရေးယူမှု ဆိုတာ အမျိုးမျိုး ရှိပါတယ်။ ဒါတွေကတော့၁- ဝန်ထမ်းအဖြစ်က ထုတ်ပစ်တာ၊ ၂- ရာထူးမှ ထုတ်ပယ်တာ၊ ၃- တာဝန်ရပ်ဆိုင်းကာလကို လစာအပြည့် သတ်မှတ်မပေးတာ၊ ၄- ဆုံးရှုံးမှုအတွက် ပေးလျော်စေတာ၊ ၅- ရာထူးလျော့ချတာ၊ ၆- လစာလျော့ချတာ၊ ၇- ရာထူးတိုး ရပ်ဆိုင်းတာ၊ ၈- နှစ်တိုးရပ်တာ၊ ၉- စာနဲ့ သတိပေးတာ စတာတွေ ဖြစ်ပါတယ်။ဒီအထဲမှာ ရာထူးတိုး ရပ်တယ်ဆိုတာ ရာထူးတိုးချိန်ရောက်ရင် တိုးမပေးဘူးဆိုတာက ရာထူး တိုးစရာ ရှိတဲ့ ငယ်ရွယ်သူတွေအတွက်ပဲ ထိရောက်တာပါ။ ဒီနေ့ မနက်ဖြန် အငြိမ်းစားယူမယ့် သူတွေ၊ ရာထူးတိုးလမ်း မရှိသူတွေအတွက်က မင်း ရာထူးတိုး ရပ်မယ်ဆိုရင် ရပ်လေ ရပ်လေ နဲ့ ပြန်ပြောမှာပေါ့။ ထားတော့။ အခု ဗစ်တိုးရီးယားဘက် တည့်တည့် လှည့်ပြောရအောင်


အခု သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ အတိုင်း ဗစ်တိုးရီးယား အမှုမှာ တာဝန်ရှိသူတွေ ဘယ်သူတွေ ဆိုတာ သိရမှ ဖြစ်မှာပါ။ ဘာလို့လဲ ဆိုတော့ (သတင်းစာ ရှင်းပွဲမှာ သမီးလေးနဲ့ မိဘတွေ နာမည်ကို ထုတ်ဖေါ်ပြောခဲ့သူတွေ) ကို အရေးယူတာလား၊ အမှု ဖြစ်စဉ်တလျောက်မှာ လုပ်ထုံးလုပ်နည်း မပြည့်ဝခဲ့လို့ အခုအထိ ကျူးလွန်သူကို မသိခဲ့ရတဲ့ ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူတာလား မကွဲရင် ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှု ရှိမရှိ ပြည်သူက ဆုံးဖြတ်နိုင်မှာ မဟုတ်ပါ။



နိုင်ငံတော် သမ္မတရုံးသည် အမှုနဲ့ ပတ်သက်ရင် ပြည်သူကို တာဝန်ခံထားပြီး ဖြေထားတာတွေ အများကြီးပါ။ နှစ်တိုးရပ်ဆိုတာလေးနဲ့ သမ္မတရုံးက ကျေနပ်လိုက်မှာလား။ ၂၁.၂.၂၀၂၀ နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲမှာပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ဆီကို သမ္မတက ညွှန်ကြားချက် လေးချက် ပေးထားတာ ဖြစ်ပါတယ်။(၁) အမှုမှန် ပေါ်ပေါက်ဖို့၊ (၂) တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့၊ (၃) ဥပဒေနဲ့အညီ ဖြစ်ဖို့၊ (၄) တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့ပါ။ အခု ရဲအရာရှိကြီး သုံးဦးကို အရေးယူထားပါတယ် ဆိုတာနဲ့ ဒီ ညွှန်ကြားချက် လေးခုကို ပြည်ဖုံးကား မချနိုင်ပါဘူး။ကျွန်တော်တို့ ဆက်စောင့်နေပါတယ်။

Credit သက္ကမိုးညို

(Zawgyi)

ဌာနဆိုင္ရာ အေရးယူမႈ ဆိုတာ အမ်ိဳးမ်ိဳး ရွိပါတယ္။ ဒါေတြကေတာ့၁- ဝန္ထမ္းအျဖစ္က ထုတ္ပစ္တာ၊ ၂- ရာထူးမွ ထုတ္ပယ္တာ၊ ၃- တာဝန္ရပ္ဆိုင္းကာလကို လစာအျပည့္ သတ္မွတ္မေပးတာ၊ ၄- ဆုံးရႈံးမႈအတြက္ ေပးေလ်ာ္ေစတာ၊ ၅- ရာထူးေလ်ာ့ခ်တာ၊ ၆- လစာေလ်ာ့ခ်တာ၊ ၇- ရာထူးတိုး ရပ္ဆိုင္းတာ၊ ၈- ႏွစ္တိုးရပ္တာ၊ ၉- စာနဲ႔ သတိေပးတာ စတာေတြ ျဖစ္ပါတယ္။ဒီအထဲမွာ ရာထူးတိုး ရပ္တယ္ဆိုတာ ရာထူးတိုးခ်ိန္ေရာက္ရင္ တိုးမေပးဘူးဆိုတာက ရာထူး တိုးစရာ ရွိတဲ့ ငယ္႐ြယ္သူေတြအတြက္ပဲ ထိေရာက္တာပါ။ ဒီေန႔ မနက္ျဖန္ အၿငိမ္းစားယူမယ့္ သူေတြ၊ ရာထူးတိုးလမ္း မရွိသူေတြအတြက္က မင္း ရာထူးတိုး ရပ္မယ္ဆိုရင္ ရပ္ေလ ရပ္ေလ နဲ႔ ျပန္ေျပာမွာေပါ့။ ထားေတာ့။ အခု ဗစ္တိုးရီးယားဘက္ တည့္တည့္ လွည့္ေျပာရေအာင္


အခု သတင္းစာ ရွင္းလင္းပြဲမွာ ေျပာတဲ့ အတိုင္း ဗစ္တိုးရီးယား အမႈမွာ တာဝန္ရွိသူေတြ ဘယ္သူေတြ ဆိုတာ သိရမွ ျဖစ္မွာပါ။ ဘာလို႔လဲ ဆိုေတာ့ (သတင္းစာ ရွင္းပြဲမွာ သမီးေလးနဲ႔ မိဘေတြ နာမည္ကို ထုတ္ေဖၚေျပာခဲ့သူေတြ) ကို အေရးယူတာလား၊ အမႈ ျဖစ္စဥ္တေလ်ာက္မွာ လုပ္ထုံးလုပ္နည္း မျပည့္ဝခဲ့လို႔ အခုအထိ က်ဴးလြန္သူကို မသိခဲ့ရတဲ့ ကိစၥမွာ တာဝန္ရွိသူေတြကို အေရးယူတာလား မကြဲရင္ ျပစ္မႈနဲ႔ ျပစ္ဒဏ္ မွ်တမႈ ရွိမရွိ ျပည္သူက ဆုံးျဖတ္ႏိုင္မွာ မဟုတ္ပါ။



ႏိုင္ငံေတာ္ သမၼတ႐ုံးသည္ အမႈနဲ႔ ပတ္သက္ရင္ ျပည္သူကို တာဝန္ခံထားၿပီး ေျဖထားတာေတြ အမ်ားႀကီးပါ။ ႏွစ္တိုးရပ္ဆိုတာေလးနဲ႔ သမၼတ႐ုံးက ေက်နပ္လိုက္မွာလား။ ၂၁.၂.၂၀၂၀ ႏိုင္ငံေတာ္ သမၼတ႐ုံး သတင္းစာ ရွင္းလင္းပြဲမွာျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္၊ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံး တို႔ဆီကို သမၼတက ၫႊန္ၾကားခ်က္ ေလးခ်က္ ေပးထားတာ ျဖစ္ပါတယ္။(၁) အမႈမွန္ ေပၚေပါက္ဖို႔၊ (၂) တာဝန္ခံမႈ၊ တာဝန္ယူမႈ ရွိဖို႔၊ (၃) ဥပေဒနဲ႔အညီ ျဖစ္ဖို႔၊ (၄) တရားဥပေဒ စိုးမိုးေရးအတြက္ ေဆာင္႐ြက္ထားတာေတြကို ပကတိ ေတြ႕ရွိခ်က္ အမွန္တရားအတိုင္း ျပန္လည္ တင္ျပဖို႔ပါ။ အခု ရဲအရာရွိႀကီး သုံးဦးကို အေရးယူထားပါတယ္ ဆိုတာနဲ႔ ဒီ ၫႊန္ၾကားခ်က္ ေလးခုကို ျပည္ဖုံးကား မခ်ႏိုင္ပါဘူး။ကြၽန္ေတာ္တို႔ ဆက္ေစာင့္ေနပါတယ္။

Credit သကၠမုိးညဳိ

Post a Comment

Previous Post Next Post