(Unicode)

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ တရားဟောပွဲ ဦးဆောင်ပြုလုပ်သူ နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ညွှန်ကြားချက် များကို မလိုက်နာဘဲ ‘လူစုလူဝေး’ ပြုလုပ်ခဲ့သည့် အတွက် သင်းအုပ်ဆရာ ဦးစောကွယ်ဝါး နှင့် အမှုတော်ဆောင် ဦးစောရောဂန်ဒီ တို့ကို အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး တရားဟော ဆရာ ဦးစောဒေးဗစ်(ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို မရမ်းကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

ကျွန်တော် လုံးဝ အာမခံရဲတယ်။ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံးဝ ဝင်မလာရစေဘူး” ဟုလည်းကောင်”ဆရာဝန်တွေ ဆေးတွေက Resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး၊ လှည့်စား ခံထားရလို့ မယုံ တာပေါ့”ဟု တရားဟောဆရာ ဒေးဗစ်လား က ပြောကြားခဲ့သည်။

ဒါဆိုရင် ကျွန်တော် တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လား ခင်ဗျား။ ဒေးဗစ်လားလောက် ဘုရားနှုတ်က ပတ်တော်ဆိုတာ ကြီးကို ယုံသူလည်း မရှိတော့ပါ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်း လက်ကကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော် နီးစပ်သူ ဟုလည်း သဘောကျမိပါသည်ဟု ဆရာသရဝဏ်(ပြည်)က ပြောကြားလိုက်ကြောင်း သိရသည်။

ထို့ကြောင့် ဒေးဗစ်လား၏ နောက်လိုက် အဖြစ် ကျွန်တော် လည်း ပါဝင်ချင် ပါသည်။ ကျွန် အဖြစ်လည်းကောင်း၊ တပည့် အဖြစ် လည်း ကောင်း ဒေးဗစ်လား နောက်က အလုပ်အကျွေး အဖြစ်လိုက်လိုပါသည်။ ဆရာဒေးဗစ်လား ဘာသာထဲသို့ လည်း ဝင်ပါမည်။ မဝင်ခင် ခရစ်ယာန်အများနှင့် မဆိုင်ဘဲ ဒေးဗစ်လား တဦးတည်းနှင့် ဆိုင်သော မေးခွန်းလေးတခု မေးလိုပါ သည်။

တခုတည်းဖြစ်ပါသည်။ ထာဝရဘုရားကို ယုံလျှင် ရောဂါ မကူးသယောင်၊ ယေရှုကို ယုံလျှင် ရောဂါ မကူးသယောင် ဟောပြောနေတာကို သဘောကျ၍ ဖြစ်ပါသည်။ဒေးဗစ်လားသည် ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ်ရဘူးဘုရားကအချိန်တန်ရင် တာဝန်ယူသွား လိမ့်မယ်ဟူ သော စကားကို ပြောခဲ့ သူဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော် အလွန်အ ထင်ကြီးပါသည်။ ခေါင်းဆောင် မတင်မီ တခု စမ်းသပ်လိုပါသည်။ အခြား မဟုတ်ပါ။ HIV ပိုးရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏သွေးကြောထဲ သို့ ဆေးထိုးအပ်ဖြင့်ထည့်ကြည့်လိုပါသည်။ သုံးလကြလျှင် ဆရာဒေးဗစ်လား၏ သွေးကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲ အဖြေရှာကြည့်ပါမည်။

ဆရာဒေးဗစ်လားဟောပြောချက်များအတိုင်း ဆိုလျှင် ဒေးဗစ်လားသည် ဘုရားကို အလွန်ယုံကြည်သက် ဝင်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဓာကိုယ်ထဲ တွင်မရှိတော့ဘဲ ပျောက်ကွယ်သွားမည်။ HIV positive မဖြစ်ဘဲ Negative ဖြစ်မည် ဖြစ်သည်။

ထိုသို့အဆန်းတကြယ်ဖြစ်ခဲ့လျှင်ာဆရာဒေးဗစ်လား ပြောသည့် စကားများ၊ ဟောပြောချက်များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သော ကျွန် တော်တို့ မိုက်မှား မိကြောင်း ဝန်ချတောင်းပန် ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည်။

Negative မဟုတ်ဘဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အား ဘာမှပြန်ပေးစရာ မလိုပါ။ မျှတသော ကမ်းလှမ်းချက်ဖြစ် သဖြင့် ကျွန်တော့်ထံသို့ အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။သရဝဏ်(ပြည်)/ News Watch ဂျာနယ်စောင်းပါးမှ ထုတ်နှုတ်တင်ပြပါ သည်။ ဆောင်းပါးအပြည့်အစုံကို News Watchဂျာနယ်ပေ့တွင် ဝင်ရောက်ဖတ်ရှု့နိုင် ပါသည်။

REF: LET PAN

(Zawgyi)

ကိုဗစ္ႏိုင္တင္း (COVID-19) ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ပ်က္ကြက္သည္ဟုဆိုကာ တရားေဟာပြဲ ဦးေဆာင္ျပဳလုပ္သူ နာမည္ေက်ာ္ တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ၄ ဦးကို ရန္ကုန္တိုင္းကိုဗစ္ႏိုင္တင္းထိန္းခ်ဳပ္ ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ဧၿပီ ၁၄ တြင္ အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

အစိုးရ၏ ၫႊန္ၾကားခ်က္ မ်ားကို မလိုက္နာဘဲ ‘လူစုလူေဝး’ ျပဳလုပ္ခဲ့သည့္ အတြက္ သင္းအုပ္ဆရာ ဦးေစာကြယ္ဝါး ႏွင့္ အမႈေတာ္ေဆာင္ ဦးေစာေရာဂန္ဒီ တို႔ကို အင္းစိန္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ခဲ့ၿပီး တရားေဟာ ဆရာ ဦးေစာေဒးဗစ္(ခ) ေစာေဒးဗစ္လားႏွင့္ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း) တို႔ကို မရမ္းကုန္း ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားျခင္းျဖစ္သည္။

ကြၽန္ေတာ္ လုံးဝ အာမခံရဲတယ္။ ဘုရားသခင္ကို ယုံသူေတြဟာ ဒီေရာဂါ လုံးဝ ဝင္မလာရေစဘူး” ဟုလည္းေကာင္”ဆရာဝန္ေတြ ေဆးေတြက Resources ေတြ အနာေရာဂါကို တကယ္ၿငိမ္းေစတာက ဘုရားပဲ၊ ယုံၾကည္လိုက္ပါ ယုံၾကည္မႈဟာ ပိုက္ဆံမေပးရပါဘူး၊ လွည့္စား ခံထားရလို႔ မယုံ တာေပါ့”ဟု တရားေဟာဆရာ ေဒးဗစ္လား က ေျပာၾကားခဲ့သည္။

ဒါဆိုရင္ ကြၽန္ေတာ္ တခုေတာင္းဆိုပါရေစ သင္းအုပ္ဆရာႀကီးေဒးဗစ္လား ခင္ဗ်ား။ ေဒးဗစ္လားေလာက္ ဘုရားႏႈတ္က ပတ္ေတာ္ဆိုတာ ႀကီးကို ယုံသူလည္း မရွိေတာ့ပါ။ သမၼာက်မ္းစာ စာအုပ္ႀကီးကိုလည္း လက္ကကိုင္ကိုင္ျပေနတာေတြ႕ရသျဖင့္ ဘုရားႏွင့္အေတာ္ နီးစပ္သူ ဟုလည္း သေဘာက်မိပါသည္ဟု ဆရာသရဝဏ္(ျပည္)က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေဒးဗစ္လား၏ ေနာက္လိုက္ အျဖစ္ ကြၽန္ေတာ္ လည္း ပါဝင္ခ်င္ ပါသည္။ ကြၽန္ အျဖစ္လည္းေကာင္း၊ တပည့္ အျဖစ္ လည္း ေကာင္း ေဒးဗစ္လား ေနာက္က အလုပ္အေကြၽး အျဖစ္လိုက္လိုပါသည္။ ဆရာေဒးဗစ္လား ဘာသာထဲသို႔ လည္း ဝင္ပါမည္။ မဝင္ခင္ ခရစ္ယာန္အမ်ားႏွင့္ မဆိုင္ဘဲ ေဒးဗစ္လား တဦးတည္းႏွင့္ ဆိုင္ေသာ ေမးခြန္းေလးတခု ေမးလိုပါ သည္။

တခုတည္းျဖစ္ပါသည္။ ထာဝရဘုရားကို ယုံလွ်င္ ေရာဂါ မကူးသေယာင္၊ ေယရႈကို ယုံလွ်င္ ေရာဂါ မကူးသေယာင္ ေဟာေျပာေနတာကို သေဘာက်၍ ျဖစ္ပါသည္။ေဒးဗစ္လားသည္ ထာဝရဘုရားကိုယုံသူ၊ မစိုးရိမ္ရဘူးဘုရားကအခ်ိန္တန္ရင္ တာဝန္ယူသြား လိမ့္မယ္ဟူ ေသာ စကားကို ေျပာခဲ့ သူျဖစ္ပါသည္။

ထို႔ေၾကာင့္ ကြၽန္ေတာ္ အလြန္အ ထင္ႀကီးပါသည္။ ေခါင္းေဆာင္ မတင္မီ တခု စမ္းသပ္လိုပါသည္။ အျခား မဟုတ္ပါ။ HIV ပိုးရွိေနသူ၏ ေသြးအနည္းငယ္ကို ဆရာေဒးဗစ္လား၏ေသြးေၾကာထဲ သို႔ ေဆးထိုးအပ္ျဖင့္ထည့္ၾကည့္လိုပါသည္။ သုံးလၾကလွ်င္ ဆရာေဒးဗစ္လား၏ ေသြးကို အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲခန္းတြင္ ဓာတ္ခြဲ အေျဖရွာၾကည့္ပါမည္။

ဆရာေဒးဗစ္လားေဟာေျပာခ်က္မ်ားအတိုင္း ဆိုလွ်င္ ေဒးဗစ္လားသည္ ဘုရားကို အလြန္ယုံၾကည္သက္ ဝင္သူျဖစ္ေသာေၾကာင့္ HIV ပိုးမ်ား ခႏၶာကိုယ္ထဲ တြင္မရွိေတာ့ဘဲ ေပ်ာက္ကြယ္သြားမည္။ HIV positive မျဖစ္ဘဲ Negative ျဖစ္မည္ ျဖစ္သည္။

ထိုသို႔အဆန္းတၾကယ္ျဖစ္ခဲ့လွ်င္ာဆရာေဒးဗစ္လား ေျပာသည့္ စကားမ်ား၊ ေဟာေျပာခ်က္မ်ားသည္ အမွန္မ်ားျဖစ္ၿပီး မယုံမိခဲ့ေသာ ကြၽန္ ေတာ္တို႔ မိုက္မွား မိေၾကာင္း ဝန္ခ်ေတာင္းပန္ ကာ ဆရာ့ထံတြင္ ရာသက္ပန္ကြၽန္ခံမည္ျဖစ္သည္။

Negative မဟုတ္ဘဲ Positive ျဖစ္ခဲ့လွ်င္ေတာ့ ေဒးဗစ္လားမွ ကြၽန္ေတာ့္အား ဘာမွျပန္ေပးစရာ မလိုပါ။ မွ်တေသာ ကမ္းလွမ္းခ်က္ျဖစ္ သျဖင့္ ကြၽန္ေတာ့္ထံသို႔ အျမန္ဆုံးအေၾကာင္းျပန္ေပးပါခင္ဗ်ား။သရဝဏ္(ျပည္)/ News Watch ဂ်ာနယ္ေစာင္းပါးမွ ထုတ္ႏႈတ္တင္ျပပါ သည္။ ေဆာင္းပါးအျပည့္အစုံကို News Watchဂ်ာနယ္ေပ့တြင္ ဝင္ေရာက္ဖတ္ရႈ႕ႏိုင္ ပါသည္။

REF: LET PAN

Post a Comment

Previous Post Next Post