(Unicode)

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင် ငံသားများအနက်မှ အမျိုးသား/အမျိုးသမီး စုစုပေါင်း ၄၁၈ ဦးမှာ လားရှိုးမြို့မှ မန္တလေးမြို့သို့ထွက်ခွာမည့် ရထားတွဲချော်နေခြင်းကြောင့် လားရှိုးပညာရေးကောလိပ်တွင် ယနေ့(မေလ၃၀) မွန်းတည့်အချိန်အထိသောင်တင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့်မြန်မာနိုင် ငံသားများမှာ နယ်စပ်ဂိတ်များမှတစ်ဆင့် လားရှိုးမြို့သို့ရောက်ရှိပြီးနောက် လားရှိုးပညာရေးကောလိပ်တွင် တစ်ညအိပ်ရပ်နားကာ လားရှိုးမြို့မှ မန္တလေး၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာမြို့အသီးသီးသို့ခွဲဝေပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (ရှမ်းမြောက်-လားရှိုး)မှ ကိုညီညီက The Ladies News သို့ပြောသည်။


" တရုတ်နိုင်ငံက ပြန်လာတဲ့သူမှန်သမျှ ရပ်ဝေးဖြစ်လို့ညအိပ်ရမယ့်သူဖြစ်နေရင် လားရှိုးပညာရေးကောလိပ်မှာ ညအိပ်ရပ်နားစေတယ်ဗျ။ ညရောက်၊ မနက်ပြန်ထွက်ပေါ့။ လားရှိုးကထွက်မယ့် ဒီနေ့မနက် ၅ နာ ရီရထားကတော့ တွဲချော်နေလို့သူတို့မပြန်နိုင်သေးဘူး။" ဟု ကိုညီညီက ပြောသည်။

တရုတ်နိုင်ငံမှပြန်လာသူများအနက်မှ ယနေ့မေလ ၃၀ ရက်နေ့တွင် လားရှိုးမြို့မှတစ်ဆင့်ပြန်လည်ထွက် ခွာမည့် ပြည်တော်ပြန်ဦးရေမှာ ၄၁၈ ဦးရှိသလို ၎င်းတို့ထဲတွင် တရုတ်နိုင်ငံ၌ အကျဉ်းကျခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူများလည်း ပါဝင်နေကြောင်း သိရသည်။ ထို့အတူ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့တရားဝင်ပြန်လည်ဝင်ရောက်လာမည့်သူမှာ ၂၀၀၀၀ရှိသည် ဟုလည်း သိရသည်။



" ဒီနေ့မနက်ပြန်မယ့်သူက ၄၁၈ ဦးပေါ့။ တရုတ်နိုင်ငံက ပြန်ပို့မယ်ဆိုတဲ့စာရင်းက တရားဝင် ၂၀၀၀၀ ရှိတယ်လို့ပြောတယ်ခင်ဗျ။ နေ့တိုင်းတော့ ရောက်နေတာပဲ။ ညရောက်၊မနက်ပြန်ထွက်ပေါ့။ ဒီကနေ့မနက် ပြန်ကြမယ့်သူတွေထဲမှာ တရုတ်နိုင်ငံကထောင်တွေမှာ အကျဉ်းကျပြီး ပြန်လွတ်လာတဲ့ မိန်းကလေးတွေလည်း ပါနေတယ်" ဟု ကိုညီညီက ဆိုသည်။

Photos - Newnyi Newnyi
The Ladies News

(Zawgyi)

တ႐ုတ္နိုင္ငံမွျပန္လည္ဝင္ေရာက္လာသည့္ျမန္မာနိုင္ ငံသားမ်ားအနက္မွ အမ်ိဳးသား/အမ်ိဳးသမီး စုစုေပါင္း ၄၁၈ ဦးမွာ လားရွိုးၿမိဳ ့မွ မႏၲေလးၿမိဳ ့သို့ထြက္ခြာမည့္ ရထားတြဲေခ်ာ္ေနျခင္းေၾကာင့္ လားရွိုးပညာေရးေကာလိပ္တြင္ ယေန႔(ေမလ၃၀) မြန္းတည့္အခ်ိန္အထိ
ေသာင္တင္ေနေၾကာင္း သိရသည္။

တ႐ုတ္နိုင္ငံမွျပန္လည္ဝင္ေရာက္လာသည့္ျမန္မာနိုင္ ငံသားမ်ားမွာ နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ လားရွိုးၿမိဳ ့သို့ေရာက္ရွွိၿပီးေနာက္ လားရွိုးပညာေရးေကာလိပ္တြင္ တစ္ညအိပ္ရပ္နားကာ လားရွိုးၿမိဳ ့မွ မႏၲေလး၊ ထိုမွတစ္ဆင့္ သက္ဆိုင္ရာၿမိဳ ့အသီးသီးသို့ခြဲေဝပို့ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံလူမွုကယ္ဆယ္ေရး (ရွမ္းေျမာက္-လားရွိုး)မွ ကိုညီညီက The Ladies News သို့ေျပာသည္။



" တ႐ုတ္နိုင္ငံက ျပန္လာတဲ့သူမွန္သမၽွ ရပ္ေဝးျဖစ္လို့ညအိပ္ရမယ့္သူျဖစ္ေနရင္ လားရွိုးပညာေရးေကာလိပ္မွာ ညအိပ္ရပ္နားေစတယ္ဗ်။ ညေရာက္၊ မနက္ျပန္ထြက္ေပါ့။ လားရွိုးကထြက္မယ့္ ဒီေန႔မနက္ ၅ နာ ရီရထားကေတာ့ တြဲေခ်ာ္ေနလို့သူတို့မျပန္နိုင္ေသးဘူး။" ဟု ကိုညီညီက ေျပာသည္။

တ႐ုတ္နိုင္ငံမွျပန္လာသူမ်ားအနက္မွ ယေန႔ေမလ ၃၀ ရက္ေန႔တြင္ လားရွိုးၿမိဳ့မွတစ္ဆင့္ျပန္လည္ထြက္ ခြာမည့္ ျပည္ေတာ္ျပန္ဦးေရမွာ ၄၁၈ ဦးရွိသလို ၎တို့ထဲတြင္ တ႐ုတ္နိုင္ငံ၌ အက်ဥ္းက်ခဲ့ၿပီး ျပန္လည္ လြတ္ေျမာက္လာသူမ်ားလည္း ပါဝင္ေနေၾကာင္း သိရသည္။ ထို့အတူ တ႐ုတ္နိုင္ငံမွ ျမန္မာနိုင္ငံသို့တရားဝင္ျပန္လည္ဝင္ေရာက္လာမည့္သူမွာ ၂၀၀၀၀ရွိသည္ ဟုလည္း သိရသည္။



" ဒီေန႔မနက္ျပန္မယ့္သူက ၄၁၈ ဦးေပါ့။ တ႐ုတ္နိုင္ငံက ျပန္ပို့မယ္ဆိုတဲ့စာရင္းက တရားဝင္ ၂၀၀၀၀ ရွိတယ္လို့ေျပာတယ္ခင္ဗ်။ ေန႔တိုင္းေတာ့ ေရာက္ေနတာပဲ။ ညေရာက္၊မနက္ျပန္ထြက္ေပါ့။ ဒီကေန႔မနက္ ျပန္ၾကမယ့္သူေတြထဲမွာ တ႐ုတ္နိုင္ငံကေထာင္ေတြမွာ အက်ဥ္းက်ၿပီး ျပန္လြတ္လာတဲ့ မိန္းကေလးေတြလည္း ပါေနတယ္" ဟု ကိုညီညီက ဆိုသည္။

Photos - Newnyi Newnyi
The Ladies News

Post a Comment

Previous Post Next Post