(Unicode)

မေလ ၂၄ ရက်နေ့၊ညနေက ပဲခူးဈေးကြီးကနေ ဆိုင်ကယ်နဲ့ဈေးဝယ်ပြန်လာတဲ့လင်မယားနှစ်ယောက်ဟာ ရွှေရသာဒံပေါက်ဆိုင်အနီးအရောက်မှာ အမည်မသိလူနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တစ်စီးက ပွတ်တိုက်ဖို့လုပ်တဲ့အတွက် လင်မယားနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်ကလဲကျမလို ဟန်ချက်ပျက်သွားခဲ့ပါတယ်။ဒီအခွင့်အရေးကိုစောင့်နေကြတဲ့ လုယက်မယ့်သူနှစ်ယောက်က မဝတ်မှုံအိရဲ့လက်ထဲကပိုက်ဆံအိတ်နဲ့ဖုန်းနှစ်လုံးကို လုယူထွက်ပြေးသွားကြပါတယ်။လင်မယားနှစ်ယောက်လည်း အလစ်သမားနှစ်ယောက်ရဲ့ဆိုင်ကယ်နောက်ကို လိုက်ကြပါတော့တယ်။( အကုသိုလ်ကံအကျိုးပေးပုံက ချက်ချင်းလက်ငင်းပါပဲ)။မောင်းပြေးတဲ့ လုယက်သူနှစ်ယောက်ရဲ့ဆိုင်ကယ်ဟာ ဇိုင်း/မြောက်ရပ်ကွက်၊ဘူတာရှေ့အရောက်မှာမှာ သူတို့ရှေ့ကကားတစ်စီးကိုကျော်တတ်ဖို့ကြိုးစားစဉ်မှာ လဲကျပြီး သူတို့လက်ထဲက ပိုက်ဆံအိတ်နဲ့ဖုန်းတွေလွင့်ကျသွားပါတော့တယ်။ဒါပေမဲ့ Vivo SI အမျိုးအစားဖုန်းတစ်လုံးကိုတော့ ရအောင် ကောက်ယူပြီး ထွက်ပြေးသွားကြပါတယ်။


ရာဇဝတ်ဘေး ပြေးမလွတ်ပါ -ရုပ်ရှင်ဆန်ဆန်၊ ဆိုင်ကယ်စီးပြီး လင်မယားနှစ်ယောက်ဆီက ပိုက်ဆံအိတ်နဲ့ဖုန်းနှစ်လုံးကို လုယက်ဖို့ကြိုးစားရင်း မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ အနှီဇာတ်လိုက်(၂)ယောက်အနက် အောင်ခန့်၊၃၀နှစ်(ဘ)ဦးမြင့်နိုင်(ကျဘမ်း၊အနောက်ခေမာလမ်း၊ကျောက်ကြီးစုရပ်ကွက်၊ပဲခူးမြို့နေသူ)ကို အခင်းဖြစ်ပွားတဲ့နေ့မှာပဲ စခန်းမှုး ရဲအုပ်ရဲထွဋ်ကိုနဲ့နယ်ထိန်းအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲဒီနောက် ဆက်လက်စုံစမ်းဖော်ထုတ်ရာ အခင်းဖြစ်စဉ် လုယက်မှုမှာပါဝင်ခဲ့တဲ့ ကွာစိ(ခ)ဖြိုးကျော်သိန်း၊၂၉နှစ်(ဘ)ဦးသိန်း(မဟာကြီး၊သီးသန့်(၅)လမ်း၊ဥဿာမြို့သစ်၊ရပ်ကွက်ကြီး(၁)၊ပဲခူးမြို့နေသူ)ကို မေ-၂၇ မှာဖမ်းဆီးရမိပါတယ်။

ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်(သို့မဟုတ်)တစ်စဆွဲ တစ်တွဲပေါ် -အမှုတရားခံ အောင်ခန့်နဲ့ကွာစိ(ခ)ဖြိုးကျော်သိန်းကိုစခန်းမှုး ရဲအုပ်ရဲထွဋ်ကိုက အသေးစိတ် ဆက်လက်စစ်ဆေး(တစ်စဆွဲ)လိုက်တဲ့အခါမှာတော့ အခြားလုယက်မှုတွေမှာပါဝင်ခဲ့ကြတဲ့သူတွေပါ(တစ်တွဲလုံး)ပေါ်လာခဲ့ပါတော့တယ်။-ကုလား(ခ)စစ်မှန်၊၂၀နှစ်(ဘ)ဦးအောင်ကြည်၊ကျဘမ်း၊ဘိုတဲကုန်းလမ်း၊ဇိုင်း/မြောက်ရပ်ကွက်၊ပဲခူးမြို့-အောင်ထူးနိုင်(ခ)ဦးဒီပွား(ခ)မွှေးနီ၊၁၄နှစ်(ဘ)ဦးကျော်ဆန်း၊ကျဘမ်း၊(၄)လမ်း၊ဇိုင်း/မြောက်၊ပဲခူး-သန်းဌေးအောင်(ခ)အောင်အောင်(ခ)ငကြက်၊၂၆နှစ်(ဘ)ဦးတင်ဝင်း၊ကြက်ရောင်း၊မဟာကြီးသီးသန့်(၇)
လမ်း၊ဥဿာမြို့သစိ၊ရပ်ကွက်ကြီး(၁)၊ပဲခူးမြို့တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အတိတ်ဟာ အရိပ်ပမာ-အမှုတရားခံ ကုလား(ခ)စစ်မှန်နဲ့အောင်ထူးနိုင်(ခ)မွှေးနီတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့(၆)ရက်လောက်ကပဲခူးမြို့၊ဥဿာဂေါက်ကွင်း၊ကန်ပတ်လမ်းမှာ ဆိုင်ကယ်တစ်စီးကိုနှစ်ယောက်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ဆီက ဆလင်းဘက်အိတ်လုယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပြီး၊အဲဒီအိတ်အတွင်းမှာ Huawel ဖုန်းတစ်လုံး၊ဒေါ်မြင့်မြင့်မော်နာမည်ပါတဲ့ LOLC မြန်မာမိုက်ခရိုဖိုင်းနန့်(စ်)CO,Ltd အမည်ပါ ငွေစုစာအုပ်(၂)အုပ်၊နိုင်/ကဒ်(၂)ခု၊ငွေကျပ်(၄)သောင်းတို့ပါရှိတယ်လို့သိရပါတယ်။ဆက်လက်စစ်ဆေးပြီးနောက် ဆလင်းဘက်အိတ်၊ငွေစုစာအုပ်(၂)အုပ်၊နိုင်/ကဒ်(၂)ခု၊ဖုန်း(၁)လုံးတို့ကို ပြန်လည်ရရှိခဲ့တဲ့အပြင် တရားခံနှစ်ဦးက လုယက်မှုကျုးလွန်ရာမှာအသုံးပြုခဲ့ကြတဲ့ ဆိုင်ကယ်တစ်စီးကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့ပါတယ်။ဆက်လက်စစ်ဆေးရာ အမှုတရားခံ မွှေးနီနဲ့ကုလားတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့(၁၁)ရက်လောက်က ပဲခူးမြို့၊ရွှေသာလျှောင်းလမ်း၊စကိတ်ကွင်းရှေ့မှာ Real meဖုန်း(၁)လုံးကိုလုယက်ခဲ့ကြပြီး သနပ္ပင်မြို့ရှိဖုန်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှာ (၁)သိန်းနဲ့သွားရောင်းခဲ့တယ်လို့ထွက်ဆိုခဲ့ကြတဲ့အတွက် အဲဒီဖုန်းဆိုင်မှာ သွားရောက်သိမ်းဆည်းခဲ့ကြပါတယ်။

တရားဥပဒေစိုးမိုးရေး ဆက်လက်ဆောင်ရွက်-ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းက ဖော်ပြပါ ပြစ်မှုတွေကျုးလွန်ခဲ့ကြတဲ့ အောင်ခန့်နဲ့ကွာစိ(ခ)ဖြိုးကျော်သိန်းပါ(၅)ဦးတို့ကို (ပ)၁၆၉/၂၀၂ဝ၊ရာဇသတ်ကြီးပုဒ်
မ ၃၉၄/၁၄၄ တိုနဲ့အမှုဖွင့်စစ်ဆေးနေပြီး ကျန်ရှိနေတဲ့လုယက်မှု၊ခိုးမှုတွေ ဆက်လက်ဖော်ထုတ်နိုင်ရေးအတွက်စခန်းမှုး ရဲအုပ်ရဲထွဋ်ကိုနဲ့နယ်ထိန်းအဖွဲက ဆောင်ရွက်နေတယ်လို့သိရပါကြောင်းပါခင်ဗျား။

(ဓါတ်ပုံ- အောင်ခန့်နဲ့ကွာစိပါ(၅)ဦးကိုဖမ်းဆီးရမိပြီး
နောက် သက်သေခံပစ္စည်းတွေနဲ့အတူ တွေ့ရစဉ်)
ဧရာ(ပဲခူး)

(Zawgyi)

ေမလ ၂၄ ရက္ေန႔၊ညေနက ပဲခူးေဈးႀကီးကေန ဆိုင္ကယ္နဲ႔ေဈးဝယ္ျပန္လာတဲ့လင္မယားႏွစ္ေယာက္ဟာ ေ႐ႊရသာဒံေပါက္ဆိုင္အနီးအေရာက္မွာ အမည္မသိလူႏွစ္ေယာက္စီးလာတဲ့ဆိုင္ကယ္တစ္စီးက ပြတ္တိုက္ဖို႔လုပ္တဲ့အတြက္ လင္မယားႏွစ္ေယာက္စီးလာတဲ့ဆိုင္ကယ္ကလဲက်မလို ဟန္ခ်က္ပ်က္သြားခဲ့ပါတယ္။ဒီအခြင့္အေရးကိုေစာင့္ေနၾကတဲ့ လုယက္မယ့္သူႏွစ္ေယာက္က မဝတ္မႈံအိရဲ႕လက္ထဲကပိုက္ဆံအိတ္နဲ႔ဖုန္းႏွစ္လုံးကို လုယူထြက္ေျပးသြားၾကပါတယ္။လင္မယားႏွစ္ေယာက္လည္း အလစ္သမားႏွစ္ေယာက္ရဲ႕ဆိုင္ကယ္ေနာက္ကို လိုက္ၾကပါေတာ့တယ္။( အကုသိုလ္ကံအက်ိဳးေပးပုံက ခ်က္ခ်င္းလက္ငင္းပါပဲ)။ေမာင္းေျပးတဲ့ လုယက္သူႏွစ္ေယာက္ရဲ႕ဆိုင္ကယ္ဟာ ဇိုင္း/ေျမာက္ရပ္ကြက္၊ဘူတာေရွ႕အေရာက္မွာမွာ သူတို႔ေရွ႕ကကားတစ္စီးကိုေက်ာ္တတ္ဖို႔ႀကိဳးစားစဥ္မွာ လဲက်ၿပီး သူတို႔လက္ထဲက ပိုက္ဆံအိတ္နဲ႔ဖုန္းေတြလြင့္က်သြားပါေတာ့တယ္။ဒါေပမဲ့ Vivo SI အမ်ိဳးအစားဖုန္းတစ္လုံးကိုေတာ့ ရေအာင္ ေကာက္ယူၿပီး ထြက္ေျပးသြားၾကပါတယ္။


ရာဇဝတ္ေဘး ေျပးမလြတ္ပါ -႐ုပ္ရွင္ဆန္ဆန္၊ ဆိုင္ကယ္စီးၿပီး လင္မယားႏွစ္ေယာက္ဆီက ပိုက္ဆံအိတ္နဲ႔ဖုန္းႏွစ္လုံးကို လုယက္ဖို႔ႀကိဳးစားရင္း မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ခဲ့တဲ့ အႏွီဇာတ္လိုက္(၂)ေယာက္အနက္ ေအာင္ခန႔္၊၃၀ႏွစ္(ဘ)ဦးျမင့္ႏိုင္(က်ဘမ္း၊အေနာက္ေခမာလမ္း၊ေက်ာက္ႀကီးစုရပ္ကြက္၊ပဲခူးၿမိဳ႕ေနသူ)ကို အခင္းျဖစ္ပြားတဲ့ေန႔မွာပဲ စခန္းမႈး ရဲအုပ္ရဲထြဋ္ကိုနဲ႔နယ္ထိန္းအဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့ပါတယ္။အဲဒီေနာက္ ဆက္လက္စုံစမ္းေဖာ္ထုတ္ရာ အခင္းျဖစ္စဥ္ လုယက္မႈမွာပါဝင္ခဲ့တဲ့ ကြာစိ(ခ)ၿဖိဳးေက်ာ္သိန္း၊၂၉ႏွစ္(ဘ)ဦးသိန္း(မဟာႀကီး၊သီးသန႔္(၅)လမ္း၊ဥႆာၿမိဳ႕သစ္၊ရပ္ကြက္ႀကီး(၁)၊ပဲခူးၿမိဳ႕ေနသူ)ကို ေမ-၂၇ မွာဖမ္းဆီးရမိပါတယ္။

ဆက္လက္စစ္ေဆးေပၚေပါက္ခ်က္(သို႔မဟုတ္)တစ္စဆြဲ တစ္တြဲေပၚ -အမႈတရားခံ ေအာင္ခန႔္နဲ႔ကြာစိ(ခ)ၿဖိဳးေက်ာ္သိန္းကိုစခန္းမႈး ရဲအုပ္ရဲထြဋ္ကိုက အေသးစိတ္ ဆက္လက္စစ္ေဆး(တစ္စဆြဲ)လိုက္တဲ့အခါမွာေတာ့ အျခားလုယက္မႈေတြမွာပါဝင္ခဲ့ၾကတဲ့သူေတြပါ(တစ္တြဲလုံး)ေပၚလာခဲ့ပါေတာ့တယ္။-ကုလား(ခ)စစ္မွန္၊၂၀ႏွစ္(ဘ)ဦးေအာင္ၾကည္၊က်ဘမ္း၊ဘိုတဲကုန္းလမ္း၊ဇိုင္း/ေျမာက္ရပ္ကြက္၊ပဲခူးၿမိဳ႕-ေအာင္ထူးႏိုင္(ခ)ဦးဒီပြား(ခ)ေမႊးနီ၊၁၄ႏွစ္(ဘ)ဦးေက်ာ္ဆန္း၊က်ဘမ္း၊(၄)လမ္း၊ဇိုင္း/ေျမာက္၊ပဲခူး-သန္းေဌးေအာင္(ခ)ေအာင္ေအာင္(ခ)ငၾကက္၊၂၆ႏွစ္(ဘ)ဦးတင္ဝင္း၊ၾကက္ေရာင္း၊မဟာႀကီးသီးသန႔္(၇)လမ္း၊ဥႆာၿမိဳ႕သစိ၊ရပ္ကြက္ႀကီး(၁)၊ပဲခူးၿမိဳ႕တို႔ကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။


အတိတ္ဟာ အရိပ္ပမာ-အမႈတရားခံ ကုလား(ခ)စစ္မွန္နဲ႔ေအာင္ထူးႏိုင္(ခ)ေမႊးနီတို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့(၆)ရက္ေလာက္ကပဲခူးၿမိဳ႕၊ဥႆာေဂါက္ကြင္း၊ကန္ပတ္လမ္းမွာ ဆိုင္ကယ္တစ္စီးကိုႏွစ္ေယာက္စီးလာတဲ့ အမ်ိဳးသမီးႏွစ္ေယာက္ဆီက ဆလင္းဘက္အိတ္လုယူခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ၿပီး၊အဲဒီအိတ္အတြင္းမွာ Huawel ဖုန္းတစ္လုံး၊ေဒၚျမင့္ျမင့္ေမာ္နာမည္ပါတဲ့ LOLC ျမန္မာမိုက္ခ႐ိုဖိုင္းနန႔္(စ္)CO,Ltd အမည္ပါ ေငြစုစာအုပ္(၂)အုပ္၊ႏိုင္/ကဒ္(၂)ခု၊ေငြက်ပ္(၄)ေသာင္းတို႔ပါရွိတယ္လို႔သိရပါတယ္။ဆက္လက္စစ္ေဆးၿပီးေနာက္ ဆလင္းဘက္အိတ္၊ေငြစုစာအုပ္(၂)အုပ္၊ႏိုင္/ကဒ္(၂)ခု၊ဖုန္း(၁)လုံးတို႔ကို ျပန္လည္ရရွိခဲ့တဲ့အျပင္ တရားခံႏွစ္ဦးက လုယက္မႈက်ဳးလြန္ရာမွာအသုံးျပဳခဲ့ၾကတဲ့ ဆိုင္ကယ္တစ္စီးကိုပါ ထပ္မံသိမ္းဆည္းရရွိခဲ့ပါတယ္။ဆက္လက္စစ္ေဆးရာ အမႈတရားခံ ေမႊးနီနဲ႔ကုလားတို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့(၁၁)ရက္ေလာက္က ပဲခူးၿမိဳ႕၊ေ႐ႊသာေလွ်ာင္းလမ္း၊စကိတ္ကြင္းေရွ႕မွာ Real meဖုန္း(၁)လုံးကိုလုယက္ခဲ့ၾကၿပီး သနပၸင္ၿမိဳ႕ရွိဖုန္းေရာင္းဝယ္ေရးဆိုင္တစ္ဆိုင္မွာ (၁)သိန္းနဲ႔သြားေရာင္းခဲ့တယ္လို႔ထြက္ဆိုခဲ့ၾကတဲ့အတြက္ အဲဒီဖုန္းဆိုင္မွာ သြားေရာက္သိမ္းဆည္းခဲ့ၾကပါတယ္။

တရားဥပေဒစိုးမိုးေရး ဆက္လက္ေဆာင္႐ြက္-ပဲခူးအမွတ္(၂)နယ္ေျမရဲစခန္းက ေဖာ္ျပပါ ျပစ္မႈေတြက်ဳးလြန္ခဲ့ၾကတဲ့ ေအာင္ခန႔္နဲ႔ကြာစိ(ခ)ၿဖိဳးေက်ာ္သိန္းပါ(၅)ဦးတို႔ကို (ပ)၁၆၉/၂၀၂ဝ၊ရာဇသတ္ႀကီးပုဒ္

မ ၃၉၄/၁၄၄ တိုနဲ႔အမႈဖြင့္စစ္ေဆးေနၿပီး က်န္ရွိေနတဲ့လုယက္မႈ၊ခိုးမႈေတြ ဆက္လက္ေဖာ္ထုတ္ႏိုင္ေရးအတြက္စခန္းမႈး ရဲအုပ္ရဲထြဋ္ကိုနဲ႔နယ္ထိန္းအဖြဲက ေဆာင္႐ြက္ေနတယ္လို႔သိရပါေၾကာင္းပါခင္ဗ်ား။


(ဓါတ္ပုံ- ေအာင္ခန႔္နဲ႔ကြာစိပါ(၅)ဦးကိုဖမ္းဆီးရမိၿပီး

ေနာက္ သက္ေသခံပစၥည္းေတြနဲ႔အတူ ေတြ႕ရစဥ္)

ဧရာ(ပဲခူး)

Post a Comment

Previous Post Next Post