(Unicode)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့၊ရပ်ကွက် (၁၂) အောင်သစ္စာတိုးချဲ့ရပ်ကွက် နှင့် ကုန်းစုံရွာအနီးရှိ နေအိမ် တစ်အိမ်တွင် မေလ ၉ ရက်နေ့ နံနက် (၁၁)နာရီအချိန်ခန့်က ရေတွင်းတူးရာမှ အောက်ဆီဂျင် ပြတ်ကာ လူသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။



လားရှိုးမြို့၊ရပ်ကွက် (၁၂) အေတီတံတားအနီးမှ သွားရောက်ရသည့် အောင်သစ္စာတိုးချဲ့ရပ်ကွက် နှင့် ကုန်းစုံရွာအနီးရှိ နေအိမ်တစ်အိမ်တွင် ရေတွင်းဆင်းတူးသူတစ်ဦးသည် ရေတွင်းအောက်ခြေအရောက်တွင် အောက်ဆီဂျင်ပြတ်တောက်မှုဖြစ်ပွားနေသဖြင့် ဆင်းဆယ်ကြသူ လေးဦးနှင့်ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်ပြတ်တောက်မှုစတင်ခံစားရသူတစ်ဦးအပါအဝင် ငါးဦးအနက် သုံးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရကြောင်းသိရသည်။



“ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကတော့ မနက် ၁၁ နာရီအချိန်လောက်က စဖြစ်တာပါ။ ရေတွင်းဆင်းတူးတဲ့သူ တစ်ဦးက အောက်မှာ အောက်ဆီဂျင်ပြတ်နေတာကို ဆင်းကယ်၊ဆင်းဆယ်ကြရင်းနဲ့ သုံးယောက်သေဆုံး သွားတယ်။ဖြစ်ပွားတဲ့နေရာက အောင်သစ္စာရပ်ကွက် လမ်းသွယ် ၂၂ ဘက်ကနေသွားရတာ။


ကုန်းစုံရွာ အပိုင်ထဲမှာပေါ့။ဆင်းဆယ်တဲ့ ငါးယောက်ထဲမှာ သုံးယောက်က သေဆုံးခဲ့ပြီး တစ်ယောက်ကတော့ လားရှိုး ဆေးရုံကြီးမှာ တက်ရောက်ကုသနေပါတယ်။တစ်ယောက်ကတော့ အိမ်မှာပါပဲ။ ” ဟု တာပုံကျေးရွာ မေတ္တာရောင်ခြည်ပရဟိတလူမှုကူညီရေးအသင်းမှ ဉက္ကဌဖြစ်သူ ဦးသန်းဝင်း ကပြောသည်။



အဆိုပါရေတွင်းသည် ပေအနက် (၄၅)ခန့်ထိ နက်ပြီး ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ရေတွင်းအတွင်း ရေအနက် (၂)ပေခန့်ရှိကြောင်း ဖြစ်စဉ်ဖြစ်ပွားရာသို့ လားရှိုးမြို့နယ်အတွင်းရှိ ပရဟိတအသင်းများ၊လားရှိုးမြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ကာ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

သတင်း – ပြည်နယ် ပြန်/ဆက်

ဓါတ်ပုံ – လားရှိုးလူငယ်များပရဟိတအသင်း

(Zawgyi)

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ လားရႈိးၿမိဳ႕၊ရပ္ကြက္ (၁၂) ေအာင္သစၥာတိုးခ်ဲ႕ရပ္ကြက္ ႏွင့္ ကုန္းစုံ႐ြာအနီးရွိ ေနအိမ္ တစ္အိမ္တြင္ ေမလ ၉ ရက္ေန႔ နံနက္ (၁၁)နာရီအခ်ိန္ခန္႔က ေရတြင္းတူးရာမွ ေအာက္ဆီဂ်င္ ျပတ္ကာ လူသုံးဦးေသဆုံးခဲ့ေၾကာင္းသိရသည္။



လားရႈိးၿမိဳ႕၊ရပ္ကြက္ (၁၂) ေအတီတံတားအနီးမွ သြားေရာက္ရသည့္ ေအာင္သစၥာတိုးခ်ဲ႕ရပ္ကြက္ ႏွင့္ ကုန္းစုံ႐ြာအနီးရွိ ေနအိမ္တစ္အိမ္တြင္ ေရတြင္းဆင္းတူးသူတစ္ဦးသည္ ေရတြင္းေအာက္ေျခအေရာက္တြင္ ေအာက္ဆီဂ်င္ျပတ္ေတာက္မႈျဖစ္ပြားေနသျဖင့္ ဆင္းဆယ္ၾကသူ ေလးဦးႏွင့္ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ျပတ္ေတာက္မႈစတင္ခံစားရသူတစ္ဦးအပါအဝင္ ငါးဦးအနက္ သုံးဦးေသဆုံးခဲ့ၿပီး တစ္ဦးမွာ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးတြင္ တက္ေရာက္ကုသမႈခံယူေနရေၾကာင္းသိရသည္။


“ ျဖစ္စဥ္ျဖစ္ပြားတဲ့အခ်ိန္ကေတာ့ မနက္ ၁၁ နာရီအခ်ိန္ေလာက္က စျဖစ္တာပါ။ ေရတြင္းဆင္းတူးတဲ့သူ တစ္ဦးက ေအာက္မွာ ေအာက္ဆီဂ်င္ျပတ္ေနတာကို ဆင္းကယ္၊ဆင္းဆယ္ၾကရင္းနဲ႔ သုံးေယာက္ေသဆုံး သြားတယ္။ျဖစ္ပြားတဲ့ေနရာက ေအာင္သစၥာရပ္ကြက္ လမ္းသြယ္ ၂၂ ဘက္ကေနသြားရတာ။



ကုန္းစုံ႐ြာ အပိုင္ထဲမွာေပါ့။ဆင္းဆယ္တဲ့ ငါးေယာက္ထဲမွာ သုံးေယာက္က ေသဆုံးခဲ့ၿပီး တစ္ေယာက္ကေတာ့ လားရႈိး ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသေနပါတယ္။တစ္ေယာက္ကေတာ့ အိမ္မွာပါပဲ။ ” ဟု တာပုံေက်း႐ြာ ေမတၱာေရာင္ျခည္ပရဟိတလူမႈကူညီေရးအသင္းမွ ဉကၠဌျဖစ္သူ ဦးသန္းဝင္း ကေျပာသည္။


အဆိုပါေရတြင္းသည္ ေပအနက္ (၄၅)ခန္႔ထိ နက္ၿပီး ျဖစ္စဥ္ျဖစ္ပြားခ်ိန္တြင္ ေရတြင္းအတြင္း ေရအနက္ (၂)ေပခန္႔ရွိေၾကာင္း ျဖစ္စဥ္ျဖစ္ပြားရာသို႔ လားရႈိးၿမိဳ႕နယ္အတြင္းရွိ ပရဟိတအသင္းမ်ား၊လားရႈိးၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕တို႔မွ သြားေရာက္ကာ ကူညီကယ္ဆယ္မႈမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္းသိရသည္။

သတင္း – ျပည္နယ္ ျပန္/ဆက္

ဓါတ္ပုံ – လားရႈိးလူငယ္မ်ားပရဟိတအသင္း

Post a Comment

Previous Post Next Post